*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ

14K 1.9K 5
                                    

အိပ်ယာပေါ်မှာနှစ်နာရီလောက်လှဲနေပြီး သူတစ်ကယ်ဘဲဝိညာဥ်ကူးပြောင်းလာတယ်ဆိုတဲ့အချက်ကို ရုန်ယိ နောက်ဆုံးတော့ လက်ခံလိုက်ရသည်။ သူထထိုင်ကာမျက်လုံးမှိတ်တရားထိုင်လိုက်ပြီး သူ့ဝိညာဥ်စွမ်းအားကဘာလို့အရမ်းအားနည်းနေရလဲဆိုတာ စစ်ဆေးလိုက်သည်။ အနည်းဆုံ သူ့ကမ္ဘာကိုပြန်သွားနိုင်ဖို့အတွက် အားကောင်းသန်မာတဲ့ဝိညာဥ်စွမ်းအားလိုအပ်သည်။ သူ့ရဲ့ဘိုးဘေးဖြစ်သူကလည်း ထာဝရမသေမျိုး အဖြစ်တက်လှမ်းနိုင်ခဲ့ပြီးမှ ဝိညာဥ်ပြန်ကူးပြောင်းလာနိုင်ခဲ့တာဖြစ်သည်။

အတန်ကြာမှ ရုန်ယိ မျက်လုံးတွေပြန်ဖွင့်ပြီး အသက်ရှူထုတ်လိုက်သည်။ ကံကောင်းစွာဘဲ သူ့ရဲ့ တန်ထျန်းကမပျက်စီးသေးပေ။ အကောင်းဆုံးကတော့ ဒီကိုယ်မှာသူ့လိုမျိုးဘဲ စွမ်းအားညီညွတ်မှုဝိညာဥ်သွေးကြော ၊ သန္ဓေပြောင်းဓားသွားဝိညာဥ်သွေးကြော နှင့် မိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောတို့ရှိနေသည်။

သာမန်အားဖြင့်တော့ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဥ်သွေးကြောတွေက သဘာဝသုံးမျိုးရှိနေလျှင် အထွေထွေဝိညာဥ်သွေးကြောလို့ခေါ်ပြီး များသောအားဖြင့် ကျင့်ကြံခြင်းအတွက်မကောင်းပေ။ အဲ့ဒီလူတွေက ဝိညာဥ်သွေးကြောတစ်ခုပိုင်ရှင်နှင့် သန့်စင်ဝိညာဥ်သွေးကြောပိုင်ရှင်တွေထက် အဆင့်တက်ရတာခက်ခဲတတ်သည်။ အဆင့်တစ်ခုရောက်ရှိသွားလျှင် အဲ့ဒီအထွေထွေဝိညာဥ်သွေးကြောပိုင်ရှင်တွေက အဆင့်ထပ်မတက်နိုင်တော့ချေ။

ရုန်ယိရဲ့အခြေအနေကတော့ထူးခြား၏။အကြောင်းက သူ့မှာ ထူးခြားတဲ့ စွမ်းအားညီညွတ်မှုဝိညာဥ်သွေးကြောပါတာကြောင့် သဘာဝစွမ်းအားတွေကို အချိန်တိုင်းနေရာတိုင်း ဘယ်အခြေအနေမှာမဆို စုပ်ယူနိုင်ပြီး ကျင့်ကြံခြင်းမှာ မြန်မြန်ဆန်ဆန်နဲ့အဆင့်တက်စေနိုင်သည်။ဥပမာ အဲ့ဒီ ကောင်းကင်ဝိညာဥ်သွေးကြော နဲ့ သန္ဓေပြောင်းဝိညာဥ်သွေးကြောတွေက အသက်တစ်ရှိုက်စာမှာကျင့်ကြံနိုင်တယ်ဆိုရင် စွမ်းအားညီညွတ်မှုဝိညာဥ်သွေးကြောက မျက်တောင်တစ်ခတ်စာအတွင်းမှာ လုပ်နိုင်၏။ဒါကြောင့် များစွာသော ကျင့်ကြံသူတွေက ဒီသွေးကြောကိုအရူးအမူးကိုအလိုရှိနေကြတာလည်းဖြစ်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now