*6* မင်းရဲ့ဆေးကမကောင်းဘူး

12.7K 2K 32
                                    

"ဘာလို့ ငါ့ခြေဖဝါးတွေကအဲ့လောက်သေးနေရတာလဲ!!!" ရုန်ယိ သူ့ရဲ့ခြေဖမိုးတွေက သာမန်လူတွေထက်မြင့်နေပြီးတော့ သူ့ရဲ့ခြေချောင်းတွေက ဆူးချွန်တွေလိုကွေးနေတာတွေ့လိုက်ရပြီးတော့ အဲ့တာတွေနဲ့ နံရံတွေကိုတောင်အပေါက်ဖောက်နိုင်လောက်သည်။

သူဖိနပ်ကိုချွတ်လိုက်တာနဲ့ သူ့ခြေဖဝါးကိုအဝတ်စတွေနဲ့ တင်းကြပ်စွာစည်းနှောင်ထားတာတွေ့လိုက်သည်။ သူမြင်လိုက်ရတာကိုတောင်မယုံနိုင်တော့ပေ။
"ဒါတွေက.....ခြေဖဝါးလို့တောင်ခေါ်လို့ရသေးရဲ့လား.."

ခြေဖမိုးကအပေါ်ကိုခုံးတက်နေပြီး ခြေမကလွဲပြီး ကျန်တဲ့ခြေချောင်းလေးချောင်းက အောက်ကိုခေါက်ထည့်ထားသည်။အဲ့တာကတော်တော်ကြီးကိုရုပ်ဆိုးလှသည်။

အဲ့တာက သူ TV တွေမှာသာတွေ့ခဲ့ဖူးတဲ့ ခြေစည်းခြင်း ဘဲ..။

"သောက်လခွီးတဲ့မှဘဲ....ငါကခြေစည်းထားတဲ့ ယောက်ျားတစ်ယောက်တဲ့လား...။"
ရုန်ယိ အခုချက်ချင်းသာ သေသွားလိုက်ချင်တော့သည်။ သူဝင်ထားတဲ့ကိုယ်က ဘယ်လို ယောက်ျားမျိုးလဲ....။

ဒါမှမဟုတ် ဒီကမ္ဘာကယောက်ျားတိုင်းက ခြေစည်းကြတာများလား..။ ဒါပေမဲ့ ကိုယ်ရံတော်တွေကတော့ သာမန်ခြေထောက်တွေပါဘဲ..။

အခုလောလောဆယ် သူ့ဦးစားပေးကိစ္စကတော့ သေချာပေါက်ကို သူ့ခြေဖဝါးတွေဘဲ..။ သူဒါကိုပြန်ပြင်နိုင်မှသာ ပုံမှန်အတိုင်းလမ်းလျှောက်နိုင်မယ်။ပြဿနာက သူဘယ်လိုကမ္ဘာကိုကူးပြောင်းလာသလဲဆိုတာ မသိရသေးတာဖြစ်သည်။ အကယ်၍ ဒီနေရာက ကျင့်ကြံခြင်းလောက ဒါမှမဟုတ် မှော်အစွမ်းတွေရှိတဲ့လောက သာဆို မကြာခင် သူ့ခြေဖဝါးကိုကုသနိုင်သည်။ ဒါမှမဟုတ်ရင်တော့ သူအရင်ဆုံး ချီသန့်စင်အဆင့်၅ကိုရောက်အောင်လုပ်ရမည်ဖြစ်ပြီး လအနည်းငယ်တော့ကြာလိမ့်မည်။

နောက်တော့ ရုန်ယိ အပြင်မှာရပ်နေတဲ့ ရုန်စုကိုအထဲဝင်လာဖို့ခေါ်လိုက်သည်။

ရုန်စုဝင်လာတဲ့အချိန်မှာ အိပ်ယာပေါ်မှာထိုင်နေတဲ့ရုန်ယိရဲ့ ခြေဗလာကိုတွေ့သွားပြီး ချက်ချင်း တစ်ဘက်ကိုလှည့်လိုက်ပြီး မေးလိုက်သည်။
"ကျွန်တော် ဘာလုပ်ပေးရမလဲ..  သခင်လေး.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now