သူ့ကို သူ့ထက်ပို၍ (3)

3.6K 456 26
                                    

Unicode

သူ့ကို သူ့ထက်ပို၍.... ( Part 3 )

"ဘာလဲဟ ခဗျားက ဘယ်သူလဲ "

"မင်းကရော ဘယ်က ကလေကဝလဲ
သူ့ကိုအရက်တွေတိုက်ထားတာလား...ငါ့စီပေး "

ဝမ်ရိပေါ်က ရှောင်းကျန့်ပုခုံးတွေကိုထိ့ဖို့လက်လှမ်းလိုက်ပေမဲ့ ပုပ်ချခံလိုက်ရတယ်။ အဲ့ဒီလက်က ဟောက်ရွှမ်းရဲ့လက်မဟုတ်ဘူး။

"ဒီကိုဘာလာလုပ်တာလဲ ဝမ်ရိပေါ်
အိမ်ပြန်အိပ်မှာ‌ဆို ... အခုဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ "

"မင်းဖုန်းကိုင်လား !  ကိုယ်ခေါ်နေတာ ညနေကတည်းက၊ လျောက်သွားနေလို့ ဖုန်းမကိုင်တာပေါ့လေ "

"လွှတ်...ကျွန်တော် ဝမ်ရိပေါ်နဲ့မလိုက်ချင်ဘူး
ဟောက်ရွှမ်း ငါ့ကိုဒီကနေခေါ်သွားပေးပါ
သူနဲ့အဝေးဆုံးကို ခေါ်သွားပေးပါနော် "

"မင်း ဘာဖြစ်နေတာလဲ ရှောင်းကျန့် !
ဘယ်ကကောင်ကိုအားကိုးပြီး ငါ့ကိုပြန်ခံပြောနေတာလဲ။ ဒီမှာ ချာတိတ် မင်းလစ်လိုက်တော့ ၊ သူကငါ့လူ ငါသူ့ကိုပြန်ခေါ်သွားမယ် "

"သူကမှ့မလိုက်ချင်တာ ခဗျားနားကန်းနေတာလား၊သူမလိုက်ဘူးလို့ပြောနေတယ်လေ"

ခွပ် ~~~

အားပြင်းတဲ့ထိုးချက်ကြောင့် ဟောက်ရွှမ်းကမြေမှာလဲကျသွားတယ်။ ပုံမှန်ဆိုသူဒီလောက်အားမနည်းဘူး အခုကသူလဲတော်တော်မူးနေတာကြောင့် ခံလိုက်ရတာ။ ဝမ်ရိပေါ်က ခပ်မဲ့မဲ့တချက်ပြုံးလိုက်ပြီး ရှောင်းကျန့်ကိုဆွဲခေါ်သွားတယ်။ ရှောင်းကျန့်ရဲ့ အော်သံ ရုန်းကန်သံတွေက ကားပေါ်ရောက်တဲ့အထိဆူညံလို့နေတယ် ။

"တိတ်စမ်း !!! မင်းအသံတွေ မဝင်သေးဘူးလား၊ ဘာအားကိုးနဲ့စောက်အရည်တွေ သောက်ရဲရတာလဲ၊ညကြီးအပြင်ထွက်ရဲတာလဲ ၊ ငါမင်းကိုဘာမှာထားလဲ  အဝတ်အစားတွေကရော ဒါ ဘာပုံစံလဲ ၊ မင်း ငါ့ကိုဒေါသထွက်ပြီးသေစေချင်နေတာလား "

"ကျွန်တော်က ရှောင်းကျန့်ပါ ဝမ်ရိပေါ် ..."

"ဘာပြောတယ် ..."

ရှောင်းကျန့်က မျက်ရည်မကျမိအောင်အံကြိတ်တင်းခံလို့ မျိုသိပ်ထားခဲ့ရတဲ့စကားတွေကို ဖွင့်ချတော့တယ်။

Short Stories CollectionTempat cerita menjadi hidup. Temukan sekarang