မင်းမှ့မင်းပဲ (1)

3.6K 395 35
                                    

Unicode

ကျောင်းခေါင်းလောင်းသံက တဒေါင်ဒေါင်မြည်နေပြီ။ အပေါက်ဝတံခါးက ဂျိန်းခနဲ ပိတ်သွားလေပြီ။ နောက်ကျပြီဆိုတာ သိတော့ ရှောင်းကျန့်က သူ့ရဲ့ခြေတံရှည်ရှည်တွေကို အနောက်ပေါက်ဘက် ခပ်သွက်သွက်အလုပ်ပေးလိုက်တယ်။ ဟိုရောက်တော့ သူနဲ့အကြံတူ ရန်သူကောင်နဲ့ တည့်တည့်တိုးတယ်။

ဝမ်ရိပေါ် .....

ဝမ်ရိပေါ်က အုတ်တံတိုင်းကျော်ဖို့ကြိုးစားနေတယ်။ ဒီကောင့်အရပ်က ရှောင်းကျန့်ထက်နည်းနည်းပုတော့ သားပိုက်ကောင်ခုန်သလို ခုန်ခုန်ပြီး ကုပ်တက်နေတာ ရယ်ချင်စရာကြီး။

"ဟေ့ကောင် ဝမ်ရိပေါ် "

ဝမ်ရိပေါ်ကလဲ ပေစောင်းစောင်းနဲ့ ရှောင်းကျန့်ကို ပြန်လှည့်ကြည့်တယ်။ ကျောင်းအကျီအဖြူက ကြယ်သီးပြည့်အောင်မတပ်ထားတဲ့အပြင် ကြယ်သီးပေါက်ပါ ကသိုက်ကရိုက်မှားတပ်လာတာကြောင့်ကပိုကရိုဖြစ်နေတဲ့ ရှောင်းကျန့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မျက်နှာကိုမဲ့ရွဲ့ပြတယ်။

"မင်း ဘာလုပ်နေတာလဲ "

"မမြင်ဘူးလား ကျော်နေတာလေ "

"အဟက် အဲ့ဒါပဲ လူစဉ်မမှီ အပုလေးဆိုတော့ ဒီအုတ်တံတိုင်းတောင် မကျော်နိုင်ရှာဘူး "

" မင်းကများပြောရတယ်ရှိသေး....စားသမျှ ကိုယ်ကကြီးထွားမလာပဲ အရပ်မှာသွားစုနေတဲ့ ဂျပိန်ကောင် .. "

"မော်ဒယ်ကိုယ်လုံးကွ "

"တော်စမ်းပါ ရှည်ရီးရာ "

( * ရှည်ရီး = အရှည်ကြီး )

"ပေါက်စီကောင်ကများ "

"ဘာ ! ဘာပြောတယ် ..ငါ့ပါးဖောင်းတာ မင်းထည့်ပြီး ဘော်ဒီရှိန်းမင်း လုပ်စရာမလိုဘူး "

"မင်းလဲ ငါပိန်တာကို လာမပြောနဲ့ "

တယောက်နဲ့တယောက်က သွားဖြဲလို့ ရန်စောင်နေကြပြီး မျက်နှာချင်းတောင်ကပ်လို့ နှာခေါင်းချင်းတောင်ထိ့တော့မယ်။

"ကျစ် ! တော်ပြီ မင်းနဲ့ရန်မဖြစ်တော့ဘူး ..ကျောင်းခန်းထဲ အရင်ရောက်မှ့ဖြစ်မယ် နောက်ကျနေပြီကွ "

Short Stories CollectionWhere stories live. Discover now