သူ့ကို သူ့ထက်ပို၍ (5)

4.1K 481 28
                                    

Unicode

သူ့ကို သူ့ထက်ပို၍.... ( Part 5 )

မှာထားတာတွေကို ငြိမ်ငြိမ်လေးထိုင်စားနေတဲ့ လူသားကိုတမေ့တမောငေးရင်း ပတ်ဝန်းကျင်ကိုတောင်သတိမရတော့။ ကောရဲ့လက်သွယ်သွယ်လေးတွေ ၊ နှုတ်ခမ်းပါးလေးတွေ ၊ သပ်ရပ်ပြီး ရိုးရှင်းတဲ့ဝတ်စားပုံလေး အားလုံး အားလုံးကို သဘောကျနှစ်သက်တယ်။

"ရိပေါ် တော်တော်ပြောင်းလဲသွားတာပဲ
ကောက ခေါ်သာခေါ်လိုက်ရတယ် လူမှားမှာစိုးနေတာ"

"ဘယ်‌ကတည်းကပြန်ရောက်နေတာလဲ
ဘာလို့မဆက်သွယ်တာလဲ အပြီးပြန်လာတာလား ၊ ပြန်ကောသွားဦးမှာလား၊မိန်းမရပြီလား အခုကဘာတွေလုပ်နေတာလဲ "

ကောက ဂျီကျတတ်တဲ့က‌လေးဆိုးကြီးကိုအလျော့ပေးထားသလိုမျိုး တည်တည်ငြိမ်ငြိမ်ပဲပြုံးပါတယ်။

"ဖြည်းဖြည်းချင်းမေးပါကွာ လူသာအကောင်ကြီးလာတယ်။ အကျင့်ကတော့အရင်အတိုင်းပဲ စိတ်ကိုက လက်တဆစ်... "

"ပထမဆုံးအနေနဲ့ ကောမင်းကိုတောင်းပန်ချင်တယ်။မင်းရဲ့ခံစားချက်ကို အသိအမှတ်မပြုပေးခဲ့မိလို့...အဲ့တုန်းကအိမ်က မိသားစုစီးပွားရေးပြသနာတချို့ကြောင့် ကိုယ်အရမ်းစိတ်ညစ်နေတဲ့အချိန် ၊ မင်းကပါ ဒီလိုတွေပြောလာတော့ ကောမင်းအပေါ် ဒေါသပုံချခဲ့မိတယ်"

"ဟိုရောက်တော့ ကောမင်းကိုအရမ်းသတိရတယ်၊ဒါပေမဲ့ကောရဲ့လုပ်ရက်အတွက် အားလဲနာမိခဲ့လို့ မင်းနဲ့အဆက်အသွယ်ဖြတ်ခဲ့မိတာပါ။ ကိုယ်ဒီကိုအလုပ်ကိစ္စနဲ့ပြန်လာတာ ၊ ၃လပဲနေမှာ ပြီးရင်ကောပြန်ရမယ် "

"ဒီတော့ကာ ဟိုကောင်လေးက ဘယ်သူလဲ
သူကကိုယ်နဲ့တော်တော်တူတာပဲ မင်းဘယ်ကရှာတွေ့ထားတာလဲ "

ကောပြောမှ့ရိပေါ်က ကောကိုငေးနေရာက အသိ့ဝင်သွားပြီး ခေါင်းငုံ့လို့ဖုန်းထုတ်ကြည့်တယ်။ ရှောင်းကျန့် အိမ်ရောကောင်းကောင်းပြန်ရောက်ပြီလား။ ရှောင်းကျန့်ဖုန်းမှာ ခြေရာခံစက်တပ်ထားတာမို့ မြားအစက်လေးက အိမ်ကိုပြနေမှ့ သူသက်ပြင်းချနိုင်သွားတယ်။

"ဒီအတိုင်း ကောနဲ့တူလို့ စိတ်ဝင်စားမိလို့တွဲကြည့်ရုံပါ ဘာမှမဟုတ်ဘူး ၊ ကော ပြန်မသွားပါနဲ့လားဟင်၊ ဒီမှာပဲ ကျွန်တော်နဲ့မနေချင်ဘူးလား၊ကျွန်တော်ကောကိုအရမ်းသတိရတယ် "

Short Stories CollectionOù les histoires vivent. Découvrez maintenant