You are my everything (7) Final

3.3K 401 59
                                    

Unicode

ဆေးပိုက်တွေသွယ်တန်းထားသည့် ကုတင်ထက် ပိန်ပါးပါးကိုယ်လေးက အသိမရှိစွာလဲနေခဲ့တယ်။ လက်လေးတဖက်ကိုကိုင်ဆုပ်လို့ သူစောင့်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ။ သေချာချိန်ရွယ်ပြီးသေကွင်းနဲ့ဝေးအောင်ပစ်ခဲ့ပါသော်လည်း ဒီလူသားလေးကိုယ်တိုင်ကိုက အသက်ဆက်ရှင်ချင်စိတ်မရှိတော့တာများလား။

"ပေါင်ပေ့....ဒီလိုမျိုးပြီးသွားလို့မရဘူးနော်
ကိုယ်စောင့်နေတယ် ...နိုးလာပေးပါကွာ "

ရှောင်းကျန့်ကို သေပြီဟု့သတင်းလွှင့်လိုက်ကြပြီး အလောင်းကို အစားထိုး Dead Body နဲ့လဲလှယ်လိုက်တယ်။  သွေးထွက်မလွန်ခင် အမြန်‌ဆုံးလျို့ဝှက်သယ်ဆောင်ကာ အသင့်စောင့်နေတဲ့ဆရာဝန်ကြီးများက ကျည်ကိုခွဲစိတ်လို့ အချိန်မှီထုပ်ယူပေးခဲ့တယ်။ အားလုံးက ဝမ်ရိပေါ် စီစဉ်ထားသည့်အတိုင်း ဖြစ်ခဲ့ပေမဲ့ ရှောင်းကျန့်ကအချိန်တန်တဲ့အထိ့ သတိရမလာသေး။ အပေါ်ဆုံးထပ်မြေကွက်လပ်မှာ Private Jet က အသင့်စောင့်နေပြီဖြစ်တယ်။ သူလျို Sean Xiao က အခုဆို သေလူဖြစ်သွားခဲ့လေပြီ။  W နဲ့အဝေးဆုံးကို ရှောင်းကျန့်နဲ့ အတူထွက်သွားမယ်။သူ့ကိုနောက်ထပ် လှည့်စားဖို့၊ သူ့အနားက ခွဲခွာဖို့ ခွင့်မပြုတော့ဘူး။ သူ့ထက်အရင်သေသွားခဲ့ရင်တောင် ဝိညာဉ်ကိုချုပ်နှောင်ထားပြီးသူ့ဘေးနေစေမှာ။

အချစ်ကြီးရင် အမျက်ကြီးတယ် ရှောင်းကျန့်ရဲ့ ....မင်းဆုံးဖြတ်ပါ ...

ချစ်မလား ? .....သေမလား ? .....

"သူနိုးလာပြီ "

ဒီလိုပဲဖြစ်ရမှာပေါ့။ သူ့ပေါင်ပေါင်းက ဘယ်သူမို့လဲ။ ဒီလိုလွယ်လွယ်နဲ့သေမဲ့သူလား။ ဘယ်ဟုတ်မလဲ။

ဘေးနားကအဆင်သင့်စောင့်နေတဲ့ သူနာပြုနဲ့ဆရာဝန်ကြီးက ပျာယာခပ်သွားကြတယ်။ ရှောင်းကျန့်ရဲ့ အရောင်အမျိုးမျိုးပြောင်းတတ်ပြီး မာယာများလွန်းတဲ့မျက်ဝန်းလေးတွေက တဖြည်းဖြည်းဖွင့်လာပြီး ဝမ်ရိပေါ်ကို သနားကမားလေးကြည့်နေတယ်။

ဝမ်ရိပေါ်က စိတ်လှုပ်ရှားစွာ ရင်တဒိတ်ဒိတ်ခုန်နေတယ်။  ရှောင်းကျန့်က ခပ်တိုးတိုးအသံလေးဖြင့် စကားပြောလာခဲ့ပြီး နှုတ်ခမ်းထောင့်လေးတွန့်ကွေးသွားတယ်။

Short Stories CollectionWhere stories live. Discover now