Part 4

3.8K 347 23
                                    

"​ယောင်း မောင်မင်းကိုနမ်းချင်တယ် "

"ဟင် "

"Sorry ငါသတိလွတ်သွားတယ် မင်းကအရမ်းလှနေတော့ ပထမဆုံးအကြိမ်တွေ့တာကို ငါအခွင့်ရေးယူသလိုဖြစ်သွားတယ်တောင်းပန်ပါတယ်"

ဂျောင်ကုကတော့ ထယ်ယောင်း စိတ်ဆိုးသွားပြီအထင်နဲ့ အမြန်ရှင်းပြနေသည် ထိုအခါထယ်ယောင်းမှ

"အွန့်"
ဂျောင်ကုရှင်းပြနေသည့်အချိန်တွင်ထယ်ယောင်းတစ်ယောက် နှုတ်ခမ်းချင်းထိကပ်လိုက်သည် ဂျောင်ကုတစ်ယောက်အစကတော့လန့်သွားပေမယ့် ထယ်ယောင်း၏ ခါးလေးကိုကိုင်ကာ အနားသို့ပို၍တိုးလိုက်သည် ။
မျက်လုံးလေးတွေလည်းမှိတ်ကျကာ နှစ်ယောက်သားအနမ်းတွေကိုခံစားနေမိသည် ခဏအကြာ ထိကပ်ရာမှခွာသွားသောနှုတ်ခမ်းသားတွေ

"ယောင်း"

"မောင် ငါကလေ ဗြိတိန်မှာကြီးပျင်းလာတာ နမ်းတာကလေ ငါတို့အနောက်တိုင်းယဥ်ကျေးမှုဘဲ ဒါပေမယ့်အခုဟာက ငါလည်းနမ်းချင်လို့"

ကျွန်တော်ပြုံးမိပါသည် တကယ်ပါ ယောင်းနှုတ်ခမ်းတွေကတကယ်ချိုသည်။

" မောင် ငါအိပ်ချင်တယ် "

"လာမောင့်ပုခုံးပေါ်မှီနေ "

ထယ်ယောင်းတစ်​ယောက် ဂျောင်ကု ပုခုံးပေါ်သို့ခေါင်းလေးစောင်းမှီကာကြယ်တွေကြည့်ရင်းအိပ်ပျော်သွားသည် ။

ထိုညကတော့ လက်မောင်းပေါ်မှာအိပ်ပျော်သွားသောကောင်လေးကိုပြုံး၍ကြည့်နေသောသူရှိသလို မိမိရုတ်တရက်လုပ်လိုက်သောလုပ်ရပ်ကြောင့်အရှက်လွန်၍ အိပ်ချင်ယောင်ဆောင်နေသောကောင်လေးတစ်ယောက်လည်းရှိလေသည်။

ထယ်ယောင်းတစ်ယောက် မနက်အစောကြီးအိပ်ယာထမိလာသည် တင်းကြပ်စွာဖက်ထားခံရမူကြောင့် မော့ကြည့်လိုက်သောအခါ ဂျောင်ကုကရင်ခွင်ထဲထည့်ကာ ဖက်ထားခြင်းဖြစ်သည်။

ထယ်ယောင်းတစ်ယောက် ဂျောင်ကု မျက်နှာကို သေချာကြည့်မိသည်။
နက်မှောင်သော မျက်ခုံး မဲနက်နေသောဆံပင်နှင့်ဂျောင်ကုမှာကြည့်ကောင်းတယ်ဆိုတာထက်ပင်ပိုလှသည် ခန္ဓာကိုယ်မှာလည်း ကျစ်လစ်ပြီး ကြွက်သားများဖြင့်ယောက်ကျားပီသလှသည် ဂျောင်ကု ပုံစံကို သေချာကြည့်နေမှဖြင့် ကျွန်တော် ရင်ခုန်သံတွေမမှန်ချင် သေချာတာကတော့ ဂျောင်ကုကိုကျွန်တော်ချစ်နေမိပြီ။

My Only Beauty God (Complete) Where stories live. Discover now