Final

4.8K 307 19
                                    

Unicode

"မောင်လို့ ရေဆော့ချင်ပါတယ်ဆို "

"အသက်ကလည်းကွာ အအေးမိလိမ့်မယ် "

"ဟာကွာ မသိဘူးမသိဘူး မောင် ကမချစ်တော့ဘူးမို့လားသိသားဘဲ "

ဟောကြည့် အအေးမိမှာဆိုးလို့ရေမဆော့
ခိုင်းတာကို ထင်ချင်ရာတွေးနေသော မောင့်အသက်ရယ်ပါ..

"မဟုတ်ပါဘူးကွာ မောင်က အသက်ကို အအေးမိမှာဆိုးလို့ပါ အသက်နားလည်တယ်မို့လားဟင် "

ထယ်​ယောင်း၏ နောက်ကျောဘက်မှသိုင်းဖက်ပြီးပုခုံးလေးပေါ် မေးတင်ကာ ချော့ပြောနေသော ဂျောင်ကု

"အင်းပါ အဲ့တာဆိုလည်း ဒါနဲ့ မောင့်မိဘတွေကို ဘယ်လိုပြောကြမလဲ "

"အဲ့တာတွေကို အသက် တအားကြီးမတွေးပါနဲ့ကွာ အခုချိန်မှာ မောင့်အကြောင်းဘဲတွေးပေးနော်.."

လူကိုကျစ်ကျစ်ပါအောင်ဖက်ပြီး ပြောနေသော မောင့်ဟာလေ ဒီလိုမျိုးကြတော့ ချွဲစိန်လေးအတိုင်းဘဲ

"အခုလောလောဆယ် လွှတ်အုံး အသက်ရူကျပ်နေပြီ မောင်ရယ့် "

"ယောင်း မောင့်ကိုထားမသွားရဘူးနော် "

မောင်ပြောလာသောစကားကြောင့် မောင့်ဘက်သို့မျက်နှာလှည့်လိုက်သည်။

မောင့်မျက်ဝန်းတွေကစိုးရိမ်မှုတွေအလား ဘာတွေများစိုးရိမ်နေတာလဲမောင်ရယ်

"မောင်ရယ် ငါက မင်းအနားကနေ ဘယ်မှမသွားပါဘူးနော် "

မောင့်မျက်နှာလေးအားကိုင်ကာ ကျွန်တော် ပြောလိုက်မိသည်။ မောင့်က ကျွန်တော်လက်ကလေးကိုပြန်လည်ကိုင်ပြီး

"အာ....မရတော့ဘူးကွာ အသက်ကို မောင်အရမ်းချစ်နေပြီ... မောင်တို့ချစ်ကြရအောင်အသက်ရေ..."

ဆိုပြီး မောင့်ရယ့်ချစ်ခြင်းကိုခံရတာ ညနေပိုင်းမှရောက်မှ ချစ်ကြတာ ရပ်သွားသောစုံတွဲရယ်ပါ ။

****************

ဘူဆန်ကနေ ပြန်လာပြီးကတည်းက မောင်က လူကို မျက်စိအောက်ကနေကို အပျော်မခံဘဲ နေသည် ။ ဒီနေ့ကတော့ မောင့်ရယ့်အိမ်ကို နှစ်​ယောက်သား အတူတူ ရင်ဆိုင်
မယ့်နေ့လေးပေါ့ ဟူး မောင် ငါမင်းကိုမဆုံးရှူံးချင်ဘူး

My Only Beauty God (Complete) Where stories live. Discover now