Part-9

3.1K 249 19
                                    

Unicode

"မောင်..."

ယောင်းအသံက တကယ်ပင်ဆွဲဆောင်မှုရှိလှသည်။

"ယောင်း မောင့်ကိုခွင့်ပြုတယ်မို့လား"

ကျွန်တော်မေးလိုက်တော့ရဲသွားသောပါးနှစ်ဖက်
ခေါင်းလေးငုံ့ကာ ငြိမ့်ပြနေသည်။
တကယ်ပါ ကျွန်တော် ယောင်းကို အသဲတွေယားလွန်းလို့တကယ်ပင်ချစ်ချင်နေပြီ ၊ ထို့နောက် ယောင်း၏ ခန္ဓာကိုယ်လေးကိုချီမလိုက်တော့ အလိုက်သင့် ကျွန်တော်ခါး၌တွယ်ချိတ်လာသော ခြေထောက်များ....ပြီးနောက်အခန်းထဲသို့သွားရန်ဦးတည်လိုက်သည်။

ထိုနောက်အခန်းထဲမှ ညည်းသံလေးများပျံလွင့်လာခဲ့တာ မနက်မိုးလင်းခံနီးမှဘဲ ညည်းသံလေးများတိတ်သွားလေသည်။

***************
မနေ့ညက ယောင်းနှင့်မိုးလင်းပေါက်ထိ အချစ်ကြမ်းမိခဲ့ကြသည်။ ယောင်းအားသန့်ရှင်းရေးလုပ်ပေးပြီးမှဘဲ ကျွန်တော်ပါဝင်အိပ်လိုက်တော့သည်။ မနက်စောစောအိပ်ယာမှထကာ ကျွန်တော် ယောင်းလေးစားဖို့ဆန်ပြုတ်လုပ်ရအုံးပေမည်မဟုတ်လား။

"မောင်...."

ထယ်ယောင်းတစ်ယောက် အိပ်ယာမှ နိုးနိုးလာခြင်း ချစ်လှစွာသော မောင်ကို အရင်ရှာမိသည်။

"မောင်..လို့.."

ထယ်ယောင်းတကယ်ပင်မထနိုင်ပါ အောက်ပိုင်းခါး၏နာကြင်မှုပါ မျက်ရည်ပါဝဲမိသည့်အထိပါ။

"ဟင့်...."

"အာရီးဂူး မောင့်အသက်လေးကငိုနေတာလား."

ဂျောင်ကု ဆန်ပြုတ်ပြုတ်နေတုန်း ထယ်ယောင်း၏ အော်သံကြားသောကြောင့် အခန်းထဲသို့ဝင်လာခြင်းဖြစ်သည်။

"မောင်ကလည်းကွာ ဘာလုပ်နေတာလဲ "

"မောင်က အသက်အတွက် ဒီမွာ ဆန်ပြုတ်ပြုတ်နေတာ.လာထ မျက်နှာသွားသစ်မယ်.."

ဟုပြောကာ ထယ်ယောင်း၏ ကိုယ်လုံးငယ်လေးကို တင်ပါးမှပင့်၍ချီကာ ရေချိုးခန်းထဲသို့ခေါ်သွားသောဂျောင်ကုပါလေ..။

"ယောင်းသောက်လို့ကောင်းလား"

"အွန်း ဆန်ပြုတ်မကြိုက်တာငါတောင် မောင့်ဆန်ပြုတ်ကိုကြိုက်တယ်.."

My Only Beauty God (Complete) Where stories live. Discover now