*7* ပါးစပ်ပိတ်ထားစမ်း

12.6K 2K 4
                                    

"သခင်လေး  ရုန်ဟွမ်က အဆင့်၂သမားတော်ဆိုပေမဲ့ သူကသူနဲ့အဆင့်တူတွေထက်တော့ အများကြီးသာတယ်...သူဖော်တဲ့ဆေးတွေကလည်း သူ့အဆင့်မှာတော့ အကောင်းဆုံးတွေဘဲ..။ အဲ့တာကဘယ်လိုလုပ်မကောင်းဘဲနေမှာလဲ...။ ဒါပေမဲ့ သခင်လေးက အဲ့ထက်မြင့်တဲ့အဆင့်က ဆေးတွေနဲ့ယှဥ်ကြည့်ရင်တော့ အဲ့တာတွေကတစ်ကယ်ဘဲ သိပ်မကောင်းသေးဘူး..။" ရုန်စုက သူပြောတာကို လက်မခံဘဲငြင်းလိုက်သည်။

"ငါဆိုလိုတာက အဲ့ဆေးက ဆေးပင်တစ်မျိုးလိုနေပြီးတော့ အဲ့တာကြောင့် ဆေးရဲ့သက်ရောက်မှုက နှေးနေတယ်လို့ပြောချင်တာ..။ ရုန်ဟွမ်ရဲ့အရည်အချင်းကိုပြောချင်တာမဟုတ်ဘူး..။"
ရုန်ယိ ပြန်ရှင်းပြလိုက်သည်။

သူအိမ်မှာတုန်းက ဆေးဖော်တာတွေ လက်နက်ပုံသွင်းတာတွေမလုပ်ခဲ့ဘူးဆိုပေမဲ့လည်း သူ့အရည်အချင်းတွေကိုမဖြုန်းတီးပစ်ချင်တာကြောင့် အကြီးအကဲတွေဆီက များစွာသင်ယူလေ့လာခဲ့သည်။

"ကျွန်တော် ဘာလိုသွားလို့လဲ " ရုန်ဟွမ်မေးလိုက်၏။

သူက ဒီဆေးကို အဆင့်၂ ဆေးညွှန်းအတိုင်းဖော်စပ်ခဲ့တာဖြစ်သည်။ အဆင့်မြင့်သမားတော်တွေတောင်မှ ဒီဆေးညွှန်းကိုသာသုံးကြတာဖြစ်ပြီးတော့ သူတစ်ခုခုလိုသွားတယ်ဆိုတာမဖြစ်နိုင်ပေ။

"နွယ်ပုပ်" ရုန်ယိပြန်ဖြေလိုက်သည်။

"နွယ်ပုပ်.." ရုန်စု မျက်လုံးတွေပြူးကျယ်သွားရသည်။
"ကျွန်တော်သိသလောက်ဆိုရင် အဲ့တာက အဆိပ်ဆေးပင်တစ်မျိုးမလား..။ ဝိညာဥ်စွမ်းအားနည်းတဲ့လူတွေက အဲ့တာကိုမတော်တဆသုံးမိသွားရင် သေတောငျသနေိုငျတယျလေ..။ အဲ့တာက အရိုးတွေကို ကုသနိုင်တယ်ဆိုတာ ကျွန်တော် တစ်ခါမှမကြားဖူးဘူး..။"

"......."
သမားတော်တစ်ယောက်ဖြစ်တဲ့ ရုန်ဟွမ်လည်း အဲ့တာကို တစ်ခါမှမကြားဖူးပေ။

"နွယ်ပုပ်က အရမ်းပြင်းတဲ့အဆိပ်ဆေးပင်လေ..။ပြီးတော့ သူ့အဆိပ်ကပျံ့တာအရမ်းမြန်တယ်.။ သူကလူ့ခန္ဓာကိုယ်တစ်လျှောက်လုံးကို ပျံ့နိုင်ပြီး အရိုးတွေကိုနွယ်ပင်တွေလိုမျိုးတင်းတင်းကြပ်ကြပ် စည်းနှောင်ပေးနိုင်တယ်..။ ရုန်ဟွမ်..မင်းအဲ့တာကိုဆေးဖော်ဖို့မသုံးခင်မှာ သူ့ရဲ့အဆိပ်ကိုဖယ်ရှားပစ်လို့ရတယ်..။ သူ့ရဲ့မြန်ဆန်တဲ့ပျံ့နှံ့နှုန်းနဲ့ အရိုးတွေကိုဆက်ပေးတဲ့ စွမ်းရည်နဲ့သာဆိုရင် သူကဆေးရဲ့အကျိုးသက်ရောက်မှုကို နောက်တစ်ဆင့်မြှင့်ပေးနိုင်တယ်..။"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now