Part - 2

1K 150 20
                                    

(Zawgyi)

ကြီးမားလွန်းတဲ့အိမ်ကြီးထဲမှာ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ကလေးငယ်...။ လူတိုင်းကလည်း အလုပ်ကိုယ်စီနဲ့မို့ ကလေးငယ်ကို အရေးတယူလုပ်မယ့်သူမရှိ...။ ပြီးတော့ သူတို့ရဲ့သခင်မ သိပ်မကြည်ဖြူတဲ့ကလေးမှန်း သိနေပြီးသားမဟုတ်လား...။

မျက်စိသူငယ်နားသူငယ်နဲ့ အိမ်ထဲလျှောက်သွားနေတဲ့ ကလေးငယ်လေးက ချစ်ခင်ဖွယ်ရာကောင်းလှသော်လည်း သူတို့အတွက်ကတော့ ကျိန်စာတစ်ခုအလား ခပ်ဝေးဝေးကရှောင်ကျဉ်ကြတယ်...။

"Min Jimin....!!!!"

အိမ်ရှေ့ခန်းဆီမှခေါ်သံကြောင့် သူ့ကိုအဖက်လုပ်သူရှိပြီဟူ၍ ကလေးငယ်ဝမ်းသာအားရနဲ့ အပြေးလေးသွားလိုက်တယ်...။ ဧည့်ခန်းမှာခြေချိတ်ထိုင်နေတဲ့ Omma အသစ်က ချောမောပြေပြစ်လွန်းတယ်...။

"Omma... Minnie ကိုခေါ်တာလား...??"

အနားသို့ကပ်လာတဲ့ကလေးငယ်ကို သူမ မနှစ်မြို့သလိုကြည့်လိုက်တယ်...။ အမေတူသားလေးမို့ သူ့ကိုမြင်တိုင်း ကိုယ့်ယောက်ျားကိုလုသွားတဲ့ Miyoung ကို ပြန်မြင်မိသလိုပင်...။ မဖြစ်သေးဘူး... ဒီကလေးကိုခုကတည်းက သေချာပုံသွင်းထားရမယ်...။

"အိမ်ထဲလျှောက်သွားမနေနဲ့... ကိုယ့်အခန်းမှာကိုယ်နေ... ပြီးတော့မင်းသိထားရမှာက ဒီအိမ်က အိမ်သားတွေထဲမှာ မင်းကအငယ်ဆုံးနော်... ဘယ်သူ့ပြောစကားမဆို နားထောင်ရမယ်... ပြီးတော့ Yoongi ကိုလည်း အစ်ကိုဆိုပြီးအရမ်းမကပ်ရဘူး... ကြားလား...??"

အပေါ်ယံမာကြောသလိုလိုနဲ့ စိတ်ပျော့တဲ့သားအကြောင်းကို သိနေသူမို့ သူမ ထပ်သတိပေးလိုက်တယ်...။ ကလေးငယ်ကခုထိ နားမလည်သေးသလို ငေးကြည့်နေဆဲ...။ ၅နှစ်အရွယ်က တအားကြီးမငယ်တော့တာကြောင့် နားလည်သင့်ပါပြီ...။ သူမ အလိုမကျသလို မျက်မှောင်ကျုံ့ကြည့်တော့ ကလေးငယ်ရဲ့မျက်လုံးလေး ပိုဝိုင်းသွားတယ်...။

"Omma က Minnie ကိုစိတ်ဆိုးနေတာလားဟင်...??"

အပြစ်ကင်းစင်လွန်းတဲ့ကလေးငယ်က သူနားမလည်တာကို ချက်ချင်းထမေးတယ်...။ သူ့အနေနဲ့ အမုန်းတရားကို မခံစားဖူးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။ ကလေးတစ်ယောက်နဲ့အပြိုင် ပြောဆိုရတာကို မနှစ်မြို့တာကြောင့် သူမ စိတ်လျှော့လိုက်တော့တယ်...။

Min Jimin (Completed)Where stories live. Discover now