Part - 3

1K 148 32
                                    

(Zawgyi)

ရေပန်းအောက်ကရေတွေကြားမှာ မတ်တပ်ရပ်နေတဲ့ ယောကျာ်းပျိုတစ်ယောက်...။ ရေစက်ရေပေါက်များက သူ့ရဲ့အချိုးအဆစ်ကျတဲ့ ခန္ဓာကိုယ်ပေါ်သို့ တလှိမ့်လှိမ့်ကျဆင်းနေတယ်...။

သူ...Min Yoongi...။
Min အိမ်တော်ရဲ့သားအကြီး...။
တစ်ချိန်ကတော့တဦးတည်းသောသား ဖြစ်ခဲ့ဖူးပါရဲ့..။ Min Jimin ဆိုတဲ့ကလေးငယ် ရောက်မလာခင်ကပေါ့...။

ရေပန်းကိုပိတ်လိုက်ပြီး တန်းမှာတင်ထားတဲ့တဘက်ကိုလှမ်းယူကာ သူ့ကိုယ်အောက်ပိုင်းကိုပတ်လိုက်တယ်...။ အထက်တန်းကျောင်းသားဆိုပေမယ့် အားကစားလိုက်စားလွန်းတဲ့သူက အရွယ်နဲ့မလိုက်တဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်...။ ထို့အပြင်ချောမောခန့်ညားတဲ့ရုပ်ရည်ကြောင့် မိန်းကလေးတွေရဲ့စိတ်ကူးထဲက အိမ်မက်မင်းသားလေးပေါ့...။

ရေချိုးခန်းထဲကနေ သူပြန်ထွက်လာပြီး ရေစိုနေတဲ့ဆံပင်တွေကို တဘက်တစ်ထည်ထပ်ယူကာ သုတ်နေလိုက်တယ်...။ ခုနကရှုပ်ပွနေတဲ့အိပ်ယာကတော့ သပ်သပ်ရပ်ရပ်ဖြန့်ခင်းပြီးဖြစ်နေသလို သူ့ရဲ့ကျောင်းဝတ်စုံကလဲ အိပ်ယာပေါ်အဆင်သင့် တင်ထားပြီးသားပင်...။ ဘယ်သူလုပ်ပေးတာလဲ မေးနေစရာတောင်မလို...။ သူ့ညီ Jimin ပဲပေါ့...။ အခန်းချင်းမတူတော့တာတောင် မနက်တိုင်းသူ့အခန်းဆီလာပြီး ဝေယျာဝစ္စလုပ်ပေးနေကျပင်...။

ကျောင်းဝတ်စုံကိုသေသေသပ်သပ် ဝတ်ဆင်ပြီးတော့မှပဲ Yoongi အိမ်အောက်ထပ်သို့် ဆင်းလာလိုက်တယ်...။ မနက်စာစားဖို့ ထမင်းစားခန်းထဲဝင်လိုက်တော့ ထုံးစံအတိုင်း Appa နဲ့ Omma ကိုမတွေ့ရပါ...။ များပြားလှတဲ့အလုပ်တွေကြောင့် မိသားစုတွေ့ဆုံရချိန်က ရှားပါးလွန်းသည်ပဲ...။

"ကိုကို မနက်စာဘာစားမှာလဲ"

သူသောက်နေကျ ကော်ဖီခါးခါးတစ်ခွက်ကို ရှေ့မှာလာချပေးရင်း မေးလာတဲ့ Jimin...။ သူတောင်အလယ်တန်းကျောင်းသား ဖြစ်နေပြီပဲ...။

"ကြက်ဥကြော်ပေးပါ... ပြီးတော့ပေါင်မုန့်ကို Peanut butter နဲ့သုတ်ပေး"

"ဟုတ်.. ခဏလေးနော်"

ချာခနဲလှည့်ထွက်သွားတဲ့သူ့ကို တစ်ချက်မျှသာကြည့်လိုက်ပြီး Yoongi ကော်ဖီကိုသာ အရင်သောက်လိုက်တယ်...။ အိမ်မှာ Omma မရှိတာရဲ့ကောင်းတဲ့အကျိုးတစ်ခုက Jimin အရင်ကထက် လွတ်လပ်သွားတာပါပဲ...။ ဒါပေမယ့်လည်း အိမ်အလုပ်တွေကိုတော့ ထောင့်စေ့နေအောင်လုပ်နေရတုန်းပင်...။

Min Jimin (Completed)Where stories live. Discover now