Part - 28

1K 87 86
                                    

(Zawgyi)

အထက်တန်းကျောင်းရှေ့ ရပ်ထားတဲ့ကားနံဘေးမှာ တစ်ခုခုကိုအကျေအလည်ဆွေးနွေးနေတဲ့ လူ၃ယောက်...။

"TaeTae က ဘာလို့ လိုက်လို့မရတာလဲ...?? အရင်ကလည်း Hyung အိမ်ပြန်လိုက်ပို့ပေးရင် Jimin နဲ့၂ယောက်အတူတူပဲဟာ"

"ဒီနေ့တော့မဖြစ်လို့ပါ... ကိုယ်နဲ့ Minnie ၂ယောက်တည်းပြောစရာကိစ္စ ရှိနေလို့ပါ"

"ဒါပေမဲ့ TaeTae ကိုအရင်လိုက်ပို့လည်းရတာပဲ"

Jimin ကတော့ ဘာမှဝင်ပြောမနေတော့ဘဲ Seokjin နဲ့ Taehyung ပြောနေကြတာကိုသာ ငြိမ်ငြိမ်လေးနားထောင်နေလိုက်တယ်...။ Seokjin ရုတ်တရတ်ကြီး သူနဲ့ပြောစရာတွေရှိလာတာကိုတော့ အတန်ငယ်အံ့ဩမိရဲ့...။ တကယ်ဆို Taehyung နဲ့၂ယောက်သား တော်တော်လေးအဆင်ပြေနေကြပြီကို...။

"ပြီးရောလေ... Hyung အဆင်မပြေရင်လည်း TaeTae အတင်းမတောင်းဆိုတော့ပါဘူး... TaeTae ဘာသာ taxi ငှားပြီးပြန်လိုက်မယ်"

"အင်း... ကျေးဇူးပါ"

Jimin ကတော့ Taehyung ကိုထားခဲ့ရတဲ့အတွက် စိတ်သိပ်မကောင်းပေ...။ Seokjin လာကြိုတိုင်း ၃ယောက်အတူတူပြန်တာ အကျင့်ဖြစ်နေပြီကို...။

"Minnie ကားပေါ်တက်လေ... ကိုယ် Taehyung အတွက် ကားသွားငှားပေးလိုက်ဦးမယ်"

ဒီလောက်စိတ်မချလည်း အတူတူခေါ်သွားလိုက်ပါလားလို့ ပြောလိုက်ချင်ပေမဲ့ ဒီနေ့တွေ့ရတဲ့ Seokjin ရဲ့ပုံစံက တမျိုးဖြစ်နေတာကြောင့် Jimin လည်း ငြိမ်နေလိုက်တော့တယ်...။

"ဂရုစိုက်ပြန်ဦး... အိမ်ပြန်ရောက်ရင် စာပို့ထားလိုက်"

"ဖုန်းခေါ်လို့ရောမရဘူးလား...??"

အထွန့်တက်နေသေးတဲ့အကောင်ပေါက်ကို Seokjin ဘာမှပြန်ဖြေမနေတော့ဘဲ ခေါင်းလေးကိုသာ အသာပုတ်လိုက်တယ်...။ Taehyung ကို တင်ဆောင်သွားတဲ့ကားလေး မြင်ကွင်းကနေပျောက်ကွယ်သွားတဲ့အထိ ရပ်ကြည့်နေပြီးမှ Seokjin လည်း သူ့ကားဆီကို ပြန်လာခဲ့လိုက်တယ်...။

တကယ်တော့ Taehyung ကိုလိုက်ပို့ရတာ အပန်းမကြီးပေမဲ့လည်း ရှေ့ဆက်ဖို့မသေချာတော့တဲ့ သူတို့ရဲ့ဆက်ဆံရေးကြောင့် ခပ်ခွာခွာနေကြည့်ဖို့ ကြိုးစားမိခြင်းသာ...။ လွယ်တော့မလွယ်ဘူးပေါ့... ဒီကောင်လေးကို Seokjin ဘယ်လိုမှစိတ်မချနိုင်ဘူးလေ...။

Min Jimin (Completed)Where stories live. Discover now