(Zawgyi)
Jimin တစ်ယောက် ကုတင်ပေါ်မှာထိုင်နေရင်း ခြေထောက်က ပတ်တီးဖြူဖြူလေးကိုလှမ်းကြည့်နေမိတယ်...။ တကယ်တော့ ကျောင်းအကြာကြီးပျက်မှာကို စိုးရိမ်မိနေတာပါ...။ စာမရရင် ပြန်မေးရမယ့်သူငယ်ချင်းလည်း ရှိမှမရှိပဲ...။
ခုနကလေးတင် Seokjin Sunbae က အိမ်ပြန်လိုက်ပို့ပေးပြီးပြန်သွားတယ်...။ သူကတော့ပြောရှာပါတယ်...။ စာနားမလည်ရင် သူရှင်းပြပေးမယ်တဲ့...။ ကျောင်းပျက်ရက်အတွက်လည်း စိတ်မပူဖို့ပြောသွားသေးတယ်...။ Sunbae က တကယ်ကောင်းတဲ့လူတစ်ယောက်ပါ...။ ဒါပေမယ့် ကိုကိုကတော့ Sunbae နဲ့တွဲသွားတွဲလာလုပ်တာကို သဘောကျမယ်မထင်ပါ...။ ခုတောင် အိမ်ပြန်ရောက်လာရင် Jimin ကိုဆူတော့မယ်ထင်တယ်...။
ဟူး.. ဘယ်တတ်နိုင်မလဲ...။
ကိုယ်ကလည်း အနေအထိုင်မတတ်ပဲ...။"Jimin အိမ်ပြန်ရောက်ပြီလား...??"
ခပ်ဟဟဖွင့်ထားတဲ့ အခန်းတံခါးကြောင့် အဒေါ်ကြီးကိုလှမ်းမေးနေတဲ့ ကိုကို့ရဲ့အသံကို Jimin ကြားလိုက်ရတယ်...။ လူကလည်းအလိုလိုပင် ဆတ်ခနဲဖြစ်သွားရတယ်...။ သေချာတယ်... ခဏနေရင် ကိုကိုရောက်လာပြီး Jimin ကိုဆူတော့မယ်...။
"Min Jimin.....!!!!"
"Nae...??"
ရုတ်တရတ်အခန်းဝကိုရောက်လာတဲ့ ကိုကို့ ကို Jimin အထိတ်တလန့်လေး ပြန်ထူးလိုက်မိတယ်...။ ကိုကိုက မျက်နှာကိုတည်တင်းထားပြီး ဒေါသထွက်နေတဲ့ပုံနဲ့...။ ခုလည်းအခန်းထဲကိုဝင်လာပြီး အခန်းတံခါးကို လက်နောက်ပြန်လှမ်းပိတ်လိုက်တယ်...။ Jimin ကြောက်တယ်...။ အဲဒါ ကိုကိုဆူတော့မှာမို့ တခြားသူကိုမကြားရအောင် တံခါးပိတ်ပစ်လိုက်တာ...။
"တော်တော်မှပျော်ခဲ့ရဲ့လား.. ဟမ်..??"
"Min... Minnie က ဘာလို့ပျော်ရမှာလဲ...??"
ထစ်ထစ်ငေါ့ငေါ့လေးနဲ့ပြန်မေးလိုက်ပေမယ့် ကိုကို့ရဲ့ဒေါသက လျှော့ပါးသွားပုံမရပါ...။ ခပ်တင်းတင်းဆုပ်ထားတဲ့လက်သီးကြောင့် အကြောပြိုင်းပြိုင်းတွေက အထင်းသား...။ ထိုလက်သီးနဲ့သာ တစ်ချက်လောက်အထိုးခံရရင် Jimin တစ်ယောက် ထမင်း၇ရက်မစားနိုင် ဖြစ်သွားလောက်ရဲ့...။
YOU ARE READING
Min Jimin (Completed)
RomanceA Innocent little boy who want to have family's love. A Yoonmin fanfiction WARNING : Incest~!!!!