Part(1) U+Z

5.9K 110 2
                                    

🌿ကျွန်မချစ်သော...သူ🌿

       ✨အပိုင်း(၁)✨

"ငါ နင့်ကိုချစ်တယ်...သော် ငါ့အချစ်ကို လက်ခံပေးပါ..."

လက်ထဲကချောကလက်ဗူးလေးကို ညီ‌ညီသော်ဆိုတဲ့ ကျောင်းရဲ့ကင်းတစ်ဖြစ်လည်း အတန်းဖော်ဖြစ်တဲ့သူဆီကို ကမ်းပေးပြီး ချစ်ကြောင်းဝန်ခံလိုက်သည့် မဏိစန္ဒာ...

'ရင်ခွင်ရိပ်'ဆိုတဲ့ Private School ကျောင်းဝန်းရဲ့ လူသွားလူလာသိပ်မရှိတဲ့ နေရာမှာ ညီညီသော်ဆိုတဲ့ မဏိရဲ့ချစ်ရသူကို ဖွင့်ပြောလိုက်ခြင်းဖြစ်သည်...

ပြီးတော့ ဒီနေ့က February 14(ချစ်သူများနေ့)ဖြစ်တာကြောင့် မဏိမာနကို ဘေးထားပြီး အရဲစွန့်ပြီးပြောလိုက်ခြင်းသာ...

"ငါက နင့်အချစ်ကို လက်ခံပေးရမယ်..."

"အင်း...ငါနင့်ကို တစ်ကယ်ချစ်တာပါ...‌ငါးတန်းကတည်းက တိတ်တခိုးချစ်ရတဲ့သူပါ...."

"နင် အိမ်မက်‌ယောင်ပြီး လာပြောနေတာလား မဏိစန္ဒာ ငါက နင့်အိမ်မက်ထဲက ကျန်စစ်သားမဟုတ်ဘူး..."

"မဟုတ်ဘူး ငါ..."

အဲ့လိုပြောခံရတော့ မဏိမျက်နှာရဲတက်သွားပြီး ‌ဖြေရှင်းချက်ပေးဖို့ကြိုးစားပေမဲ့ ဦးနှောက်က ဘာမှထွက်မလာခဲ့...

"နင့်ကို ဘယ်သူမြှောက်ပေးလိုက်တာလဲ...."

"ဘယ်သူမှ မမြှောက်ပေးဘူး...သော်...ငါကိုယ်တိုင်ကိုက...."

"ဟဲ့ လာကြည့်ကြဦး....ဒီမှာ မဏိစန္ဒာက ကျောင်းရဲ့ကင်း ညီညီသော်ကို ဖွင့်ပြောနေတယ်...."

မဏိဘာမှဆက်မပြောရ‌သေးခင်မှာ ရတနာနဲ့သီရိဆိုတဲ့ မဏိရဲ့အတန်း‌‌ေဖာ်နှစ်ယောက်ရောက်လာပြီး အော်ပြောကြသည်...

ရတနာနဲ့သီရိနိုင်အော်ခေါ်ပြီး မကြာခင်မှာပင် မဏိတို့နား ကျောင်းသား/သူအများအပြားဝိုင်းအုံလာကြသည်...

"လက်ခံလိုက်...လက်ခံလိုက်...."

မဏိကတော့ ရှက်သည့်စိတ်နဲ့အတူ မျှော်လင့်ခြင်းအရိပ်အရောင်တွေဖြင့် ညီညီသော်ကို ငေးကြည့်နေသည်...

"...."

ညီညီသော်က မဏိလက်ထဲမှာ ရှိတဲ့ ချောကလက်ဗူးကို လှမ်းယူလိုက်သည်...

ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]Where stories live. Discover now