Part(12) U +Z

1.5K 53 0
                                    

🌿ကျွန်မချစ်သော...သူ🌿
       ✨အပိုင်း(၁၂)✨

"ညီညီသော်..."

မီမီသစ်ဆွဲခေါ်သွားတဲ့နောက်ကို အသာတကြည်လိုက်သွားတဲ့ ညီညီသော်ကို မဏိစိတ်တိုမိသည်...

မဏိ ဒဏ္ဍာရီကို ဂရုမစိုက်ဘဲ ကောင်းကိုစကားပြောဖို့ပြင်လိုက်တော့ ဒဏ္ဍာရီက စံချိန်ကောင်းကို စိုက်ကြည့်နေတာကြောင့်...

"မမ ကျွန်တော်လည်း ပြီးရင်ပြန်လာခဲ့မယ်..."

"ကောင်း..."

မဏိအော်ခေါ်တဲ့အသံကို စံချိန်ကောင်းကတော့ ဥပေက္ခာပြုလျက်....

"လွှတ်..."

"မ...ပြန်မယ်..."

"မပြန်ဘူး..."

လက်ကိုအတင်းရုန်းကာ ‌ဖြုတ်တော့ မဏိလက်ကို ပိုမိုတင်းကြပ်စွာဆုပ်ကိုင်လိုက်တဲ့ ဒဏ္ဍာရီကြောင့် မဏိနာသွားရသည်...

"အာ့..."

"ဒါကြောင့် မငြင်းဆန်ဘဲ အသာလိုက်ခဲ့..."

"မလိုက်ဘူး..."

"မ ကျွန်တော့်ကို ဒီလိုနေရာမှာ ပေါက်ကွဲစေချင်တာလား..."

"အဲ့တာ မင်းကိစ္စပါ...ဟိုမှာ သူငယ်ချင်းတွေရှိနေသေးတယ် လွှတ်...."

"မဏိ...."

"ဟင်...ရတနာ"

အနားရောက်လာတဲ့ ရတနာက မဏိနာမည်ကိုခေါ်လိုက်ပေမဲ့ အကြည့်တွေက ဒဏ္ဍာရီဆီမှာသာ....

ဒဏ္ဍာရီက ရတနာကြည့်နေတာကို သိ၍ထင် မဏိလက်ကောက်ဝတ်ကိုလွှတ်ပြီး လက်ချောင်းလေးတွေကို ယှက်ကိုင်လိုက်သည်...

သူ့လုပ်ရပ်ကြောင့် မဏိအောက်ကိုငုံ့ကြည့်လိုက်သလို ရတနာကလည်း မြင်သွားဟန်တူသည်...

"မောင်လေးလား...မဏိ..."

လက်တွဲထားတာ မြင်နေတာတောင်မှ မောင်လေးလားလို့မေးလာတဲ့ ရတနာကို ဒဏ္ဍာရီက တည်ငြိမ်စွာပြန်ဖြေသည်...

"မောင်နှမချင်း ဒီလိုတွဲတာ မြင်ဖူးလို့လား..."

"အင်!..."

ရတနာ မျက်နှာသိသိသာသာပျက်ကျသွားရပေမဲ့ ဟန်မပျက်ထိန်းကာ...မျက်နှာကို အပြုံးပန်းပြန်ဆင်လိုက်သည်...

ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]Where stories live. Discover now