Part(6) U+Z

1.3K 51 1
                                    

🌿ကျွန်မချစ်သော...သူ🌿
       ✨အပိုင်း(၆)✨

"တစ်ကယ် အပြင်သွားမလို့လား..."

"အင်း..."

"ထူးထူးဆန်းဆန်း ကျောင်းပိတ်ရက်ဆို အလုပ်လုပ်နေတဲ့သူက အပြင်သွားမယ်..."

"အင်း..."

"မယ် မင်းက ကေတွေပါရွှိုင်းထားတာ ဘယ်သူနဲ့သွားတွေ့မလို့လဲ..."

"လိုက်ခဲ့မလား..."

"သေချာတာပေါ့ မေးစရာလိုသေးလို့လား..."

"အင်း ခဏနေသွားမှာ အဝတ်သွားလဲ ငါလည်း ပြင်ဆင်စရာရှိတာ ပြင်လိုက်ဦးမယ်..."

"အိုခေ..."

ဒဏ္ဍာရီက အပြင်သွားမယ်လို့ပြောလိုက်တာနဲ့ ချက်ချင်းပင် ထကာ ပြင်ဆင်နေတဲ့ မီမီသစ်...

ဒဏ္ဍာရီက အဝတ်အစားသာ လဲစရာလိုတော့တာကြောင့် အရင်ပီးနေသည်...

နာရီဝက်လောက်ကြာတော့ မီမီသစ်က ရှပ်လက်ရှည်အကွက်ရိုးရိုးလေးကို ဂျင်း‌နဲ့တွဲဝတ်ကာ အပေါ်ထပ်ကနေ ပြေးဆင်းလာသည်...

"ဒဏ္ဍာရီ...ငါ..."

မီမီသစ် စကားကိုပင်ဆက်မပြောနိုင်လောက်အောင် ဒဏ္ဍာရီရဲ့ပုံစံက သူမကို စွမ်းဆောင်နိုင်လှသည်...

အဖြူရောင်နဲ့အနက်ရောင်စပ် အကျီအကွက်ကြားလေးကိုမှ အစွန်းတစ်ဖက်ကရှေ့ကိုချထားပြီး တစ်ဖက်ကဂျင်းအနက်ဘောင်းဘီထဲထည့်ထားသည်...

ပုခုံးထက်ကနေ ကြိုးအရှည်လေးက ကျနေသေးသည်...ပြီးတော့ လက်ကလည်း ကြယ်သီးကို မတပ်ထားတာကြောင့် ပိုပြီး ကြည့်လို့ကောင်းနေသည်...

"ဘာဖြစ်တာလဲ"

"မင်း သွားdateမှာလား.."

"အင်း...သွားမယ်..."

မီမီသစ်ကို တစ်ချက်ကြည့်ကာ ရှေ့ကနေ ထွက်သွားတဲ့ ဒဏ္ဍာရီရဲ့ကျောပြင်ကိုကြည့်ရင်း ဘာတွေစီစဉ်ထားတာလဲဆိုတာ ပိုသိချင်လာရသည်...

Oceanကိုဦးတည်လာတဲ့ ဒဏ္ဍာရီမျက်နှာက ပြုံးနေသယောင်ရှိတာကိုတော့ မီမီသစ်သတိထားမိပါသည်...

"Ocean"အဝင်ဝမှာ ဒဏ္ဍာရီ စံချိန်ကောင်းကို ဖုန်းဆက်လိုက်တော့ သူတို့အထဲကို ရောက်နေပြီဆိုတာကြောင့် အထဲကိုသာ ဝင်လာခဲ့လိုက်သည်...

ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]Where stories live. Discover now