Part(9) U+Z

1.4K 47 0
                                    

🌿ကျွန်မချစ်သော...သူ🌿
       ✨အပိုင်း(၉)✨

"ဒါကြောင့် ကျွန်တော် ဆွဲထားလို့ ပြောခဲ့တယ်မလား...အခုဆွဲထားလည်း အဆင်ပြေပါသေးတယ် ကျွန်တော့်စိတ်က အဲ့မိန်းကလေးဆီ တစ်ဝက်ပဲ ရောက်နေသေးတယ်လေ...
ဘယ်လိုလဲ ဆွဲထားဦးမှာလား...."

မဏိမျက်ဝန်းကို စေ့စေ့ကြည့်ရင်း တည်ငြိမ်စွာပြောလိုက်တဲ့ ဒဏ္ဍာရီကြောင့် မဏိ သူ့မေးခွန်းကို မဖြေဘဲ...

"ခဏနေ အလုပ်ပြန်စတော့မယ် နေ့လည်စာ မစားရသေးဘူးပဲ...မင်းရော အတူစားမလား...သွားရအောင်...."

စကားလမ်းကြောင်းလွှဲပြီး ထရပ်ကာ သွားဖို့ပြောတော့ ဒဏ္ဍာရီဘာစကားမှပြန်မပြောဘဲ ထရပ်သည်...

"အဟွန်း တစ်ကယ်သွေးအေးတာပဲ...."

မဏိကို ဝမ်းနည်းနေတဲမျက်ဝန်းနဲ့ တည့်တည့်ကြည့်ကာပြောလိုက်တော့ မဏိနှုတ်ခမ်းကို အသာကိုက်ကာ မျက်နှာလွှဲလိုက်သည်...

"ဒါပေမဲ့...မ သိလား ကျွန်တော်က ငယ်ငယ်လေးကတည်းက မကိုဘဲ ကြိုက်လာခဲ့တာ မမျက်နှာအနေအထား အားလုံးကိုမှတ်မိတယ်...

အခုကျွန်တော်ရှေ့မှာရှိနေတဲ့ မကတော့ ကွဲပြားနေတယ် ခံစားချက်ကို ဖုံးကွယ်နေတာ..."

မဏိနားတစ်လှမ်းချင်တိုးလာပြီးပြောတော့ မဏိနောက်ကို ဆုတ်ရင်း ဆိုဖာပေါ်ကို ထိုင်လျက်ကျသွားသည်...

"ပုံမှန်ဆို ကျွန်တော့်ရှေ့တိုးလာရင်တောင် နောက်မဆုတ်တတ်တဲ့မက အခုကြောက်နေတာလား..."

"ငါ..."

ဟုတ်တယ် မဏိကြောက်နေတယ်ထင်တယ်...ရင်တွေအရမ်းခုန်ပြီး ခံစားချက်ကို မထိန်းနိုင်မှာဆိုးလို့...

"မလည်း ကျွန်တော့်ကိုချစ်နေပြီ..."

ဒဏ္ဍာရီပြောလိုက်တဲ့စကားကြောင့် မဏိမျက်နှာ နီရဲလာပြီး ခေါင်းငုံ့သွားသည်...အရင်လို မဟုတ်ဘူးဆိုပြီး မငြင်းမိ...

"မဝန်မခံရင် ကျွန်တော် အတည်လက်ထပ်ပစ်မှာ...ဒါကြောင့် ဆွဲထား...!"

"လက်မထပ်ပါနဲ့..."

ဒဏ္ဍာရီစကားမဆုံးခင် သူ့အကျီကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ဆုပ်ကိုင်လိုက်သည်...

ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]Where stories live. Discover now