Part(2) U+Z

2.1K 74 0
                                    

🌿ကျွန်မချစ်သော...သူ🌿
       ✨အပိုင်း(၂)✨

"မဏိစန္ဒာ သမီးက အခုမှဆယ်တန်း မကြာခင်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေရတော့မှာ မဟုတ်မှ  သမီးက စာတော်တယ်ဆိုပြီး တီချယ်တို့ကို အလေးမထားတာလား တီချယ်တို့အတင်းအကြပ်မလုပ်ဘူးဆိုတာက သမီးတို့ကို စိတ်မကျဉ်းကြပ်စေချင်လို့ ဘာမှသိပ်မပြောတာ..."

"မဟုတ်ပါဘူး တီချယ် မဏိမှားပါတယ် မဏိစာထဲမှာဘဲ အာရုံစိုက်မှာပါ"

"အမှားကိုစောစောဝန်ခံတာကောင်းပေမဲ့ ‌ဒီတိုင်းခွင့်လွှတ်လို့တော့မရဘူး"

"ဟုတ် တီချယ် မဏိအမှားအတွက် မဏိတာဝန်ယူပါမယ်"

"ပထမဆုံးသတိပေးထားတာမလို့ မိဘကိုတော့ အသိမပေးတော့ဘူး နောက်တစ်ကြိမ်ဒီလိုကိစ္စရှိလာရင်တော့ တီချယ်ကျောင်းပါထုတ်ပစ်မယ်..."

"ဟုတ်ကဲ့"

"အဲ့အတွက် တစ်ပတ်တိတိ အိမ်သာတွေကို သန့်ရှင်းရေး တစ်ယောက်တည်း လုပ်ရမယ်..."

"ဟုတ်ကဲ့ တီချယ် နောက်ထပ်မဖြစ်စေရပါဘူး"

ဘယ်လိုပဲဖြစ်ဖြစ်  ဒယ်ဒီနဲ့မာမီမသိတာက ကံဆိုးမှုတွေထဲက ကံကောင်းခြင်းတစ်ခုပဲမဟုတ်လား...မဏိအပေါ်ရည်ရွယ်ချက်ကြီးမားတဲ့ ဒယ်ဒီနဲ့မာမီအပေါ်ကိုတော့ ဒဏ်ရာ မရစေချင်ပါ...

မဏိ ကျောင်းအုပ်ရုံးခန်းထဲကနေ ခပ်တည်တည်နဲ့ပင်ထွက်လာကာ အတန်းထဲ ဝင်ထိုင်နေလိုက်သည်...

ဝင်လာလာချင်း ညီညီသော်နဲ့ သီရိနိုင်စကားပြောနေတာကိုမြင်လိုက်ရပေမဲ့ မသိချင်ယောင်ဆောင်ကာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ စာသာကျက်နေလိုက်သည်...

ဒီကိစ္စနဲ့ပတ်သတ်ပြီး မဏိတစ်ခု သင်ခန်းစာရလိုက်တာက 'အချစ်က မီးတောင်ထဲမှာရှိတဲ့ချော်ရည်တွေလိုပဲ အမြဲတမ်းပူလောင်နေတယ်'

ဆုံးဖြတ်မိတာက!

"နောက်ထပ် မဏိဘယ်သူ့ကိုမှထပ်မချစ်တော့ဘူး..."

~~~~~~~~~~~~~~~~~~~~~🌿🌿🌿🌿🌿

ညီညီသော်ကို ဖွင့်ပြောခဲ့တဲ့နောက်ပိုင်း မဏိပိုပြီးတည်ငြိမ်လာသလို စကားလည်းနည်းလာသည် မဏိကိုကြည့်လိုက်ရင် အမြဲတမ်းစာအုပ်ကိုသာ ကြည့်နေသည်...

ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]Where stories live. Discover now