*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား

12.5K 1.9K 30
                                    

ရုန်ယိအိမ်တော်အပြင်ဘက် ထွက်လိုက်တာနဲ့ လမ်းပေါ်ကလူတွေက သူ့ကိုလက်ညှိုးဝိုင်းထိုးကြတော့သည်။

"အဲ့တာသူလေ..ယောက်ျားတစ်ယောက်ဖြစ်ပြီး ကျင့်လည်းမကျင့်ကြံနိုင်သလို အလုပ်လည်းမရှိဘူး..။ သူသိတာက မိတ်ကပ်ဘယ်လိုလိမ်းရမလဲဆိုတာနဲ့ မိန်းမတစ်ယောက်လို ဝတ်စားဖို့ဘဲ...။ ပြီးတော့ သူက သေမျိုးလောကကမိန်းကလေးတွေလို ခြေစည်းထားသေးတယ် ။ ဟမ့် ဘယ်လောက်တောင်စိတ်ပျက်စရာလဲလို့..။ပိုဆိုးတာက အဲ့အခြောက်က မိန်းမတွေလို ကိုယ်ဝန်လွယ်ထားရသေးတယ်....။"

"ယောက်ျားတစ်ယောက်က ကိုယ်ဝန်လွယ်ဖို့ဆိုတာဖြစ်နိုင်လို့လား.." ရုန်ယိကိုမသိတဲ့ ယောက်ျားတစ်ယောက်က အံ့သြစွာနဲ့မေးလိုက်သည်။

"သူ့ဗိုက်ကိုကြည့်လိုက်လေ...။ အဲ့တာကသက်သေဘဲ..ပြီးတော့ သူ့ကိုယ်ဝန်က လေးနှစ်တောင်ရှိနေပြီ...။သူက........." သူတို့ကတစ်ဖြေးဖြေးနဲ့ အသံကိုနှိမ့်ပြီးပြောလိုက်တာကြောင့် ရုန်ယိ အဲ့လူဘာတွေပြောနေလဲမကြားရတော့ပေ။ ဒါပေမဲ့ ဒီကိုယ်ပိုင်ရှင်က ကိုယ်ဝန်ကိုလေးနှစ်လွယ်ထားရတယ်ဆိုတဲ့ ကိစ္စက သူ့ကိုကြောက်ရွံ့သွားစေဖို့ လုံလောက်သည်။

လေးနှစ်!!!. .ရုန်ဟွမ်က သူနောက်ထပ် နှစ်နှစ်လောက်မှမွေးမယ်ဆိုတော့ ဆိုလိုတာက သူဒီကလေးကို ခြောက်နှစ်တောင်လွယ်ထားရတာပေါ့...။ သုံးနှစ်ကိုယ်ဝန်လွယ်ခဲ့တဲ့ ဒဏ္ဍာရီလာ နီကျားမိခင်ထက်တောင် ကြာရှည်နေသေးပါရောလား....။ ဒီကလေးက နီကျားထက်ပိုအစွမ်းကြီးမလားဆိုတာကတော့ မသေချာဘူး....။

"လူထူးလူဆန်း..."   "ရွံစရာကောင်းတယ်...."
လူတွေအကုန်လုံးက သူ့ကိုရှောင်ရှားသွားကြသည်။

ရုန်ယိကတော့ သူတို့ဘာတွေပြောနေလဲ ဂရုစိုက်မနေတော့ပေ..။ ဒါပေမဲ့ လက်တွေ့မှာတော့ သူ အနည်းငယ်ဝမ်းနည်းသလို မှားယွင်းစွပ်စွဲခံနေရသလိုခံစားနေရပြီး သူ့မျက်လုံးထဲမှာမျက်ရည်တွေတောင်ဝဲလာနေသည်။ သူသာမထိန်းထားရင် ဒီနေရာမှာတင် ငိုချမိတော့မည်..။

သူ့မျက်လုံးထောင့်သူ ပွတ်သုတ်လိုက်ပြီး  စိတ်ရှုပ်ထွေးသွားရသည်။
"ငါဘာတွေဖြစ်နေတာလဲဟ..."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now