*9* ခင်ဗျားလား

12.5K 1.9K 16
                                    

ကောင်းချီးဆယ်ဖြာဆိုင်က ဟိုင်ရှန်းမြို့မှာတော့ အကြီးဆုံးဆိုင်ကြီးဖြစ်သည်။ အဲ့မှာ ပစ္စည်းအမျိုးမျိုးကိုရှာတွေ့နိုင်ပြီး မြို့တော်ရဲ့အကြီးဆုံးလေလံခန်းမလည်းရှိသည်။ ဟိုင်ရှန်းမြို့က ကျုံးဟိုင်နယ်မြေရဲ့ အကြီးဆုံးကျင့်ကြံရေးဂိုဏ်းကြီးဖြစ်တဲ့ ကျိုရွှီဂိုဏ်းရဲ့ တောင်ခြေမှာတည်ရှိသည်။ ဒီမြို့က ၂၀၀၀ကီလိုမီတာ ကျယ်ဝန်းပြီးတော့ အကြီးဆုံးမြို့ကြီးလည်းဖြစ်သည်။ ဒါတွေကြောင့်လည်း မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေ လာလိုက်သွားလိုက်နဲ့ ရှုပ်နေတဲ့ နေရာလည်းဖြစ်၏။

ရုန်ယိတစ်ယောက် ကြပ်ညပ်နေတဲ့လူအုပ်ကြားထဲဖြတ်လာရင်း တစ်ချိန်ထဲမှာသူ့ဗိုက်ကိုလည်းကာကွယ်ထားရသေးသည်။ နောက်ဆုံးတော့ သူလှေကားပေါ်ရောက်လာခဲ့ပြီ...။

အထပ်တစ်ထပ်ဆီမှာရှိနေတဲ့ ပစ္စည်းတွေကမတူညီကြပေ။ အထပ်မြင့်လေ ပစ္စည်းတွေကစျေးပိုကြီးလေပင် ။ အထပ်မြင့်လာလေလေ အဲ့အထပ်မှာရှိတဲ့ပစ္စည်းတွေကို တတ်နိုင်တဲ့ကျင့်ကြံသူနည်းလာလေလေဖြစ်သည်။

ရုန်ယိက ဆေးပင်တွေ ၊ ပါဝင်ပစ္စည်းတွေ** ၊ အဆင့်မြင့်ဆေးလုံးတွေနဲ့ ဝိညာဥ်စွမ်းအားအင်းကွက်တွေရောင်းတဲ့ အပေါ်ဆုံးအထပ် လေးထပ်မြောက်ကို တန်းပြီးတက်သွားလိုက်သည်။

သူက ချမ်းသာတဲ့လူတစ်ယောက်ယောက် အပေါ်မှာ ကံစမ်းကြည့်ဖို့လုပ်ထားတာဖြစ်သည်။ ဒါမှ သူအခုနေရေးထိုင်ရေးကို စိတ်ပူစရာမလိုတော့မှာဖြစ်သည်။

လေးထပ်မြောက်မှာတော့ သိမ်မွေ့တည်ကြည်တဲ့ ကျင့်ကြံသူအများအပြားက သူတို့လိုတဲ့ ပါဝင်ပစ္စည်းတွေကို ဖြေးဖြေးနဲ့ဂရုတစိုက်ရွေးချယ်နေကြပြီး တစ်ချို့ ကိုယ်ရံတော်ကျင့်ကြံသူတွေကတော့ လှေကားဘေးမှာရပ်ပြီးစောင့်နေကြသည်။

ရုန်ယိ သူ့ရဲ့ ကြီးမားလှတဲ့ဗိုက်ကြီးကို လက်တွေနဲ့ထိန်းကိုင်ရင်းလှေကားကိုမှီထားကာ အမောတကောပြောလိုက်၏။
"သောက်လခွီးတဲ့မှဘဲ...ဒီဗိုက်ကြီးကအနည်းဆုံးတော့ ၁၀ကီလိုလောက်လေးမယ်..။ ငါတော့သေတော့မှာဘဲ..။"

ဘေးက ကိုယ်ရံတော်တွေကသူ့ကိုလှည့်ကြည့်လာကြသည်။

နောက်ဆုံးတော့ အသက်ပုံမှန်ပြန်ရှူနိုင်သွားပြီး သူ့ကိုယ်သူသပ်ရပ်အောင်လုပ်နေရင်းနဲ့ အခန်းထဲကကျင့်ကြံသူတွေကိုအကဲခတ်ကြည့်လိုက်သည်။ ဒီလူတွေက ဒီလိုနေရာမှာပစ္စည်းတွေဝယ်နိုင်တာကိုကြည့်ရရင် သူတို့တွေက အရမ်းအရမ်းချမ်းသာကြပြီး အထက်စီးဆန်ရင်ဆန် မဟုတ်ရင် ဘဝင်မြင့်ပြီးအောက်ခြေလွတ်နေကြမှာဘဲ..။ သူတို့တွေဆီကနေ ပိုက်ဆံအများအပြားရှာနိုင်ဖို့ဆိုတာက မဖြစ်နိုင်ပေ..။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now