အပိုင်း ၁

2.5K 202 17
                                    

Unicode
_________

ဇာတ်သိမ်းမလှခဲ့တဲ့ ဒဏ္ဍာရီလေးတစ်ပုဒ်အတွက်..
မင်းကို ထပ်ပြီး ချစ်ခွင့်ရဖို့ နှစ်ပေါင်းများစွာတိုင်အောင် ကိုယ် စောင့်နေဦးမှာပဲ။

❀ ~ ❀ ~ ❀

မြို့ပြနဲ့ ဝေးကွာလွန်းတဲ့ ဒီနေရာလေးကို ကျွန်တော် ဘာကြောင့် ရွေးချယ်ခဲ့မိမှန်း မပြောတတ်တော့။စိမ်းညိုနေတဲ့ ထင်းရှုးတောများဖြင့် အနားသတ်ထားသော တစ်ကိုယ်တော် အိမ်အိုကြီးက အထီးကျန်​နေသည့် စံအိမ်ကြီးတစ်လုံးနှယ်။သေချာတာကတော့ အေးချမ်းတိတ်ဆိတ်မှုကို လိုလားတဲ့ ကျွန်တော်နဲ့ ဒီနေရာလေးက အံဝင်ခွင်ကျဖြစ်သွားပြီ ဖြစ်သည်။

ဒီဘက်ခေတ်မှာ ​အလွန်ရှားပါးသွားပြီဖြစ်သော ရှေးဟောင်းအိမ်ပုံစံက ဆွဲဆောင်မှုတစ်မျိုးရှိပြီး ခမ်းနားထည်ဝါလှသည်။ဘေးတစ်ဖက်တစ်ချက်ဆီက ချွန်ထက်နေတဲ့ အစွယ်အမြှောင်တွေက ေရှးခေတ် နန်းတွင်းထဲက နန်းဆောင်တွေလိုလို ဘာလိုလိုနဲ့။

ဒီအိမ်ပုံစံကို စမြင်ကတည်းက ကျွန်တော့်စိတ်ထဲ စွဲနေခဲ့တာဖြစ်သည်။အိမ်ပိုင်ရှင်ကို ဆက်သွယ်ကြည့်တော့ အိမ်ပိုင်ရှင်က နိုင်ငံခြားမှာပဲ တစ်သက်လုံးအခြေချတော့မည်တဲ့။နေမည့်သူ မရှိမယ့်အတူတူ စျေးချိုချိုသာသာဖြင့် ရောင်းပေးခဲ့တာဖြစ်သည်။

ဘယ်လိုပင် ဖြစ်နေပါစေ။မျက်စိရှုပ်နားရှုပ်ပြီး ဆူညံလွန်းသော မြို့ပြက ကျွန်တော့်အလုပ်နဲ့မကိုက်ညီခဲ့ပါ။အေးချမ်း တိတ်ဆိတ်လေ ကျွန်တော့်လက်တွေ စျာန်ဝင်လေ။

မှန်ပါသည်။

ကျွန်တော်က ပန်းချီဆရာဟု မခေါ်ဆိုထိုက်သေးသော ပန်းချီဝါသနာရှင် တစ်ယောက်။

"ကဲ့...အဲ့ဒါဆို ကျုပ်သွားတော့မယ် မောင်ရင်"

ကားပေါ်က အထုပ်အပိုးတွေကို ချပြီးတာနဲ့ နှုတ်ဆက်စကားဆိုလာသော ဒရိုင်ဘာဦးလေးကြီးကိုလည်း ကျွန်တော်အပြစ်မတင်ရက်။ဒီခြံကြီးထဲတွင် တစ်စက္ကန့်မှ နေချင်ပုံမပေါ်။စ ရောက်ကတည်းက တောင်ကြည့်၊ မြောက်ကြည့်နဲ့ ကျီးကန်းတောင်းမှောက် ကြည့်နေတာဖြစ်သည်။

UNDER THE CHERRY || JINKOOK ✓Where stories live. Discover now