အပိုင်း ၂

845 167 21
                                    

Unicode
_________

ရက်သတ္တပတ် တစ်ပတ်ခန့်ကျော်လွန်လာပြီးသည့်
နောက် ညနေမိုးချုပ်စတစ်ခုတွင် ဖြစ်သည်။လေတဖြူးဖြူး တိုက်နေသော ပြတင်းပေါက်ဘေးဝယ် သစ်သားစားပွဲ၊သစ်သားထိုင်ခုံတို့ကိုချကာ ညနေစာစားဖြစ်သည်။အမြဲတမ်း လူသူရှုပ်ထွေးလွန်းသည့် မြို့ပေါ်နှင့် ကွာခြားလွန်းသည့် တောတောင်အရသာတို့သည် အေးချမ်းနှစ်သက်ဖွယ်ကောင်းသည်။

ထိုစဥ်မှာပင် ခြံထဲက ပန်းတွေစိုက်ထားသည့် ဥယျာဉ် ဆီမှ လှုပ်ရှားသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ယိမ်းထိုးသွားသော ပန်းပင်အရွက်များကြောင့် ကျွန်တော်ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်သည်။

"ဘယ်သူလဲ"

ခပ်ကျယ်ကျယ် အော်မေးလိုက်သော်လည်း တုံ့ပြန်သံက ထွက်မလာ။ထို့ကြောင့် ကျွန်တော်အိမ်အောက်ဆင်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ခြံထောင့်က ကုန်းမို့မို့ဖြစ်တည်နေရာ အမြင့်ပိုင်းတစ်နေရာတွင် နှင်းဆီပန်း အဖြူရောင်၊အနီရောင်၊ပန်းရောင်၊အဝါရောင် တို့ကို အရောင်တူရာ တစ်တန်းစီ ညီညီညာညာ စိုက်ထားသည်။ထိုအပင်များကြားထဲတွင် အသက်ခြောက်ဆယ်ခန့် အဘိုးကြီးတစ်ဦးသည် အလုပ်ရှုပ်နေဟန်တူသည်။

"ဘကြီး"

ကျွန်တော် ခေါ်လိုက်တော့ ပန်းပင်တွေကြားက ကိုင်းနေသော ခါးကိုပြန်မတ်ကာ လှည့်ကြည့်လာသည်။မှုန်နေသော မျက်လုံးအစုံတို့က ကျွန်တော့်ကိ​ု ရုပ်လုံးကွဲအောင် သေချာပြူးပြဲ ကြည့်နေရှာသည်မျက်ခုံးမွှေးတွေပင် ဖြူနေပြီ။

"ကျွန်တော်က ဒီအိမ်ရဲ့ အိမ်ရှင်အသစ်ပါ။အပျော်တမ်း ပန်းချီဆွဲပါတယ်"

ပြုံးပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည့် တိုင်အောင် အဘိုးကြီးက မည်သို့မျှ မတုံ့ပြန်ပါ။ကျွန်တော့်ကို ကြည့်မြဲ၊ကြည့်ဆဲ။

"မင်း....မင်းက....အစ်ကိုလေးဂျင် လား"

"ဗျာ "

UNDER THE CHERRY || JINKOOK ✓Where stories live. Discover now