အပိုင်း ၄

737 149 19
                                    

Unicode
_________

မျက်နှာကျက်အမိုးပေါ်က မီးလုံးဝါဖျော့ဖျော့၏ အလင်းရောင်က တစ်ခန်းလုံးကိုတော့ အလင်းမပေးနိုင်။ခပ်မှိန်မှိန်သာ လင်းသည်။ထိုအလင်းရောင်အောက်တွင် မနက်က ဆွဲခဲ့သော ပန်းချီကားချပ်ကို ထုတ်ပြီး ကျွန်တော်ကြည့်နေမိသည်။

ချယ်ရီပင် နှင့် လူတစ်ယောက်။

အစက ချယ်ရီပင်နှင့် ထင်းရှုးတောအုပ်ကိုပဲ ရေးဖို့အစီအစဥ်ရှိခဲ့တာ။ကျွန်တော် ဘာကြောင့်လူတစ်ယောက်ပုံကို ထည့်ခဲ့မိတာလဲ။ဘယ်သူဘယ်ဝါရယ်လို့လည်း သေသေချာချာ မဝေခွဲနိုင်။

ထိုပန်းချီကားကို ကြည့်နေရင်း ကျွန်တော့် ရင်ထဲက နင့်သလိုလို လွမ်းသလိုလို လှိုက်တက်လာသည်။ကျွန်တော် အသေအချာသိသည်။အဲ့ဒီချယ်ရီပင်မှာ ဇာတ်လမ်းတစ်ပုဒ် သေချာပေါက်ရှိခဲ့တယ် ဆိုတာ။

"ေစာင့်နေနော်"

"ကိုယ် သေချာပေါက်ပြန်လာမယ်"

အသံတွေက အပြင်မှာ တကယ်ကြားနေရတာလား။ကျွန်တော့်အတွေးထဲက အသံတွေပဲလား။မမြင်နိုင်သည့် ဆွဲငင်အားတစ်မျိုး ကျွန်တော့်ဘေးမှာရှိနေသည်။

"ရွှီ.......ရွှီ......ရွှီ"

"ဟင်!"

လူတစ်ယောက် လေချွန်လိုက်သော အသံ။အခန်းအပြင်ဘက်က ဖြစ်သည်။သံစဥ်တစ်ခုပေါ်အောင် မျှင်းပြီး ထွက်လာသော လေချွန်သံ။

မကြောက်တတ်သော်လည်း ပီပီသသကြီး ကြားလိုက်ရတာမို့ ကျွန်တော်​ ကြက်သီးထသွားသည်။

" စောင့်...နေ...နော်..."

ချယ်ရီပင်ကို မျက်နှာမူပြီး ကျောခိုင်းရပ်နေသော တစ်စုံတစ်ယောက်၏ ပုံရိပ်က ကျွန်တော့်အာရုံထဲ ရုပ်ရှပ်ပိတ်ကားပေါ်က ဇာတ်ဝင်ခန်းတွေလို လင်းတစ်လှည့် မှောင်တစ်လှည့်ဖြင့်။

"ဒုန်း..ဒုန်း...."

"ဖျပ်...ဖျပ်...."

ရုတ်တရက် အခန်းတံခါးကို နှစ်ချက်ဆင့် ထုသံ။ပြီးတော့ ပြေးသွားသော ခြေသံပြင်းပြင်း။

ကျွန်တော်ဆက်ပြီး မစဥ်းစားနိုင်တော့။အခန်းတံခါးကို ဝုန်းခနဲ ဆွဲဖွင့်ပြီး မီးတွေဖွင့်လိုက်သည်။

UNDER THE CHERRY || JINKOOK ✓Where stories live. Discover now