အပိုင်း ၃

719 154 12
                                    

Unicode
_________

မနက်စောစော ၅နာရီလောက်ကတည်းက ကျွန်တော်နိုးနေခဲ့သည်။ Breakfast စားပြီးသည်နှင့် ခြံနောက်ဘက်က ထင်းရှုးတောအစပ်ကို ထွက်လာခဲ့သည်။ထိုမှတဆင့် မြေသားလမ်းလေးအတိုင်း ချယ်ရီပင်အောက်သို့ ကျွန်တော်ရောက်လာသည်။

ကျွန်တော်ရောက်ခါစလို အပွင့်တွေ ဝေမနေတော့ပါ။ချယ်ရီတွေက လှပေမယ့် ပွင့်တဲ့သက်တမ်းကတော့ အတော်လေးကို တိုပါသည်။ပွင့်ပြီး ညှိုးတာနဲ့ တန်းကြွေသည်။တစ်ညလုံးကြွေထားခဲ့ဟန်တူသည်။မြေကြီးပေါ်မှာ ခြေချရက်စရာမရှိ။ပန်းရောင်အတိပြီးနေသည်။ထိုပန်းကြွေတောထဲ မသွားတော့ဘဲ မြေသားလမ်းလေးပေါ်မှာပဲ ရပ်နေလိုက်သည်။

"ဆော့ဂျင် "

"ဟင် "

ကျွန်တော့်နာမည်ကို သူက ဘယ်လိုသိ​ေနရတာလဲ။

မနေ့ကလိုပင် ကြက်သွေးရောင်အကွက်စိပ်အကျီ၊အနက်ရောင်ဘောင်းဘီရှည်ထဲ လက်နှစ်ဖက်နှိုက်ကာ ပြုံးပြသည်။

"ငါ့နာမည်ကို...ဘယ်...လို..."

"ဒီလိုပါပဲ...ကိုယ်သိတာပေါ့"

သူနဲ့ကျွန်တော် အတူယှဥ်ပြီး လျှောက်လာသည်။

တစ်ချက်တစ်ချက် နီးကပ်လာသော သူ့ခန္ဓာကိုယ်က ကိုယ်သင်းနံ့တစ်မျိုးကိုရသည်။စူးရှနေတာမဟုတ်ဘဲ ခပ်သင်းသင်းလေး မွှေးနေတာဖြစ်သည်။သေချာအနံ့ခံကြည့်ရင် မမွှေးတော့ဘဲ အမှတ်တမဲ့နေမှ ရတတ်သည်။သူက ကျွန်တော့်အရပ်နှင့်မတိမ်းမယိမ်း။

"ကိုယ်ရောက်တာ ကြာနေပြီ"

သူက ပြုံးရင်းဆိုသည်။သေချာကြည့်မှ အောက်နှုတ်ခမ်းမှာ မဲ့နက်လေးတစ်လုံးရှိသည်။

"ကဲ.. ပြောပါဦး။မနေ့က အကြောင်း"

"အင်း...မြက်ခင်းအစပ်မှာ သွားထိုင်ရအောင်"

မြက်ပင်နုနုလေးတွေရဲ့ အထိအတွေ့က ဆိုဖာတစ်လုံးထက်ပင် သာလွန်သည်။ခြေထောက်ဆင်းပြီး ကျွန်တော်လက်နှစ်ဖက်ကို နောက်ပြန်ထောက်ကာ အေးအေးလူလူပင် ထိုင်ချလိုက်သည်။

"ဖုန်တွေ ပေကုန်ဦးမယ်"

သူက ကျွန်တော့်လက်နှစ်ဖက်ကို စိုးရိမ်ဟန်တူသည်။

UNDER THE CHERRY || JINKOOK ✓Where stories live. Discover now