*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ

12.3K 2K 71
                                    

ဒီလူကချောမောလွန်းသည်။ သူ့မှာခံ့ညားတဲ့မျက်ခုံမွှေးတွေ ၊ စူးရှတဲ့မျက်လုံးတွေ ၊ မြင့်မားတဲ့နှာတံ နဲ့ ပါးလျနေတဲ့ နှုတ်ခမ်းပါးလေးတွေရှိသည်။ သူကနဖူးပေါ်မှာ အနက်ရောင်နဖူးစည်းကို စည်းထားတာကြောင့် သူ့ကို မြင့်မြတ်ထည်ဝါပြီး ခမ်းနားတဲ့ အရှိန်အဝါတွေဖြစ်နေစေသည်။

ဒီလူက သူ့ဒုတိယအစ်ကိုဖုန်းထဲမှာတွေ့ခဲ့တဲ့ ရှေးခေတ်ဝတ်စုံနဲ့ ချောမောခံ့ညားလွန်းတဲ့လူကြီးမဟုတ်ဘူးလား........

ရုန်ယိ ထိတ်လန့်မှုကြောင့် စိတ်ထဲဗလာဖြစ်သွားရသည်။ ပုံထဲကလူက ဒီနေရာမှာပေါ်လာဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။ ဒါဆို သူဒီကို ဝိညာဥ်ကူးပြောင်းလာတာက ဒီလူနဲ့တစ်ခုခုပတ်သက်နေတယ်လို့ ဆိုလိုတာလား...။ ဒါဆို ဒီလူ့ဆီကနေတစ်ဆင့် သူ့ကမ္ဘာသူပြန်နိုင်မယ်ထင်တယ်.....။

ဒါနဲ့ သူအရင်ကတစ်ခါမှ ဒီလောက်ချောမောခန့်ညားတဲ့ ယောက်ျားတစ်ယောက်ကိုမမြင်ဖူးဘူး....။သူက သူ့ဒုတိယအစ်ကိုနဲ့ ဒီကိုယ်ရဲ့မူလပိုင်ရှင်တို့လိုမိန်းမလည်းမဆန်သလို တစ်ခြားယောက်ျားတွေလိုလည်း တောင့်တင်းသန်မာပြီး ကြမ်းတမ်းနေတာမျိုးလည်းမဟုတ်ဘူး..။ သူက ဒီအတိုင်း  တရုတ်ရိုးရာဝတ္ထုတွေမှာသာတွေ့နိုင်တဲ့ ခမ်းနားတဲ့အရှိန်အဝါတွေပြည့်နေတဲ့ ချောမောခန့်ညားလွန်းတဲ့ ယောက်ျားတစ်ယောက်နဲ့ ပိုတူသည်..။ ရုန်ယိ  ထိုလူ့အပေါ်ကနေတောင်မျက်လုံးမခွာနိုင်တော့ပေ...။

"မင်းကိုယ့်ကိုသိလို့လား.." ယင်ကျင်းရဲ့ သူ့ရှေ့က မိန်းကလေးတွေထက်တောင်လှပပြီး သူတစ်ခါမှမတွေ့ဖူးတာသေချာတဲ့ လူငယ်လေးကိုကြည့်ပြီးမေးလိုက်သည်။ နောက်ဆုံး သူ့မျက်လုံးအကြည့်တွေက လူငယ်လေးရဲ့ ဖောင်းကားနေတဲ့ ဗိုက်ဆီကိုရောက်သွား၏။

ဒီလိုနားထောင်လို့ကောင်းတဲ့ အသံခပ်နိမ့်နိမ့်က သူ့ကိုတိမ်တွေပေါ်လမ်းလျှောက်နေရလိုခံစားသွားရစေသည်။  အမျိုးသမီးတွေပြောကြသလို 'အသံတစ်ခုတည်းကြားရတာနဲ့တင်ကိုယ်ဝန်ရသွားစေနိုင်တယ်' ဆိုတာမျိုးဖြစ်မည်။

ဆိုင်ခန်းရှေ့မှာရပ်နေတဲ့ဆိုင်ရှင်ကချောင်းအနည်းငယ်ဟန့်ပြီးဒီလူနှစ်ယောက်ကိုသတိပေးလိုက်ရသည်။ တစ်ယောက်က ဖောင်းကားနေတဲ့ဗိုက်ကိုကြည့်နေပြီး တစ်ယောက်ကတော့ နောက်တစ်ယောက်ရဲ့မျက်နှာလှလှလေးကဆွဲဆောင်ထားတာကိုခံနေရသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now