*11* ငါမင်းကိုအထင်ကြီးသွားပြီ

12.1K 1.9K 48
                                    

ရုန်ဟွမ်က ယင်ကျင်းရဲ့ကိုတွေ့လိုက်တာကြောင့် အရမ်းစိတ်လှုပ်ရှားနေပုံပေါ်ပြီး ကိုယ်ကိုငုံ့ကိုင်းကာအရိုအသေပေးလိုက်သည်။

အဲ့တော့မှ ရုန်ယိတစ်ယောက် ယင်ကျင်းရဲ့ ရဲ့မျိုးရိုးကယင်ဆိုတာနဲ့ သူအခုလေးတင်ဝင်သွားတဲ့အိမ်တော်ရဲ့ နာမည်စာလုံးကလည်းယင်ဆိုတာ သတိပြုမိသွား၏။ ဒါဆို သူက ဒီအိမ်တော်ရဲ့သခင်ဖြစ်ပြီးတော့ ဒီကိုယ်မူလပိုင်ရှင်ရဲ့ ခင်ပွန်းပေါ့..။

ဘာလို့မှန်းတော့မသိပေမယ့် သူအနည်းငယ်ကျေနပ်သွားရသည်။ ယင်ကျင်းရဲ့ကသာ သူ့ခင်ပွန်းဆိုရင် ကိစ္စတွေကပိုပြီးလွယ်ကူသွားပြီဖြစ်သည်။ အကယ်၍ ယင်ကျင်းရဲ့နဲ့သာ.....ညဘက်အတူအိပ်ရမယ်ဆိုရင်...သူ..သူ..လက်ခံနိုင်လောက်မယ်.....ဖွီးး....ငါဘာတွေလျှောက်တွေးနေတာလဲ.."

ရုန်ယိ သူ့မျက်နှာသူပွတ်သပ်လိုက်မိပြီး တစ်ခုခုမှားနေမှန်းသတိပြုမိသွားသည်။ ယင်ကျင်းရဲ့ကသူ့ခင်ပွန်းဆိုရင် ခုနကဆိုင်ထဲမှတုန်းက ယင်ကျင်းရဲ့ ကဘာလို့သူ့ကိုမမှတ်မိရတာလဲ..။ သူကမူလပိုင်ရှင်ရဲ့ ခင်ပွန်းဖြစ်သူရဲ့ ညီအစ်ကိုများလား..။

ဒီဖြစ်နိုင်ချေကိုတွေးမိလိုက်တဲ့အခါ သူရေကန်အောက်ခြေကိုပြုတ်ကျသွားသလိုခံစားလိုက်ရ၏။ သူပိတ်ထားတဲ့တံခါးကိုကြည့်လိုက်မိသည်။
" ဒီနေရာမှာအချိန်ဖြုန်းနေမဲ့အစား ဘာလို့ အိမ်ထဲဝင်ပြီး ကိုယ့်ဘာကိုယ် အမှန်တရားကိုမရှာဖွေကြည့်ရမှာလဲ.."

သူတံခါးဆီလျှောက်သွားပြီး တံခါးခေါက်လိုက်သည်။

ဒီတစ်ခါ တံခါးလာဖွင့်ပေးတဲ့သူက ရုန်စုဖြစ်သည်။ သူက ရုန်ယိကိုမြင်လိုက်တာနဲ့ စိတ်လှုပ်ရှားစွာနဲ့အော်ပြောလိုက်၏။
"သခင်လေး!!... သခင်ပြန်ရောက်နေပြီ...နောက်ဆုံးတော့ သခင်ပြန်ရောက်လာပြီ..."

သူပြောတာက ပြန်ရောက်နေပြီ...ပြန်လာပြီမဟုတ်ဘူး..။ သူ့နှလုံးသားလေး နစ်မြုပ်သွားသလိုခံစားလိုက်ရသည်။

နောက်တော့ တစ်ခုခုကိုသတိရသွားတဲ့ပုံနှင့် ရုန်စု သူ့နဖူးသူပုတ်လိုက်သည်။
"အာ...သခင်လေးက သခင့်အကြောင်းမသိသေးတာ ကျွန်တော်မေ့သွားတယ်..။ တစ်ကယ်တော့......တစ်ကယ်တော့လေ...သခင်ကမသေသေးဘူး.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now