အခန်း(၄) သိုင်းလောက၏စည်းမျဉ်းများ

78 10 6
                                    

Unicode

နောက်တော့ လူတိုင်းက ထမင်းစားခန်းတွင်စုဝေးကြပြန်၏..။ ‌အပြင်ဘက်တွင်လည်း ကောင်းကင်ကြီးက မဲမှောင်လို့နေပြီ..။ အဒေါ်ယွီကတော့ ဂေါ်ဖီထုပ်ချဉ်စွပ်ပြုတ်လုပ်ရန် ပြင်‌ဆင်နေပြီး.. သူမကိုကြည့်ရသည်မှာ ဂနာမငြိမ်ဖြစ်နေပုံရသည်..။ ထင်းချောင်းထပ်ဖြည့်ရင်းနဲ့ သူမ၏လက်မှာ မီးသွေးခဲတို့ကြောင့် အပူလောင်လုနီးပါးပင်..။

( ဂေါ်ဖီထုပ်ချဉ်စွပ်ပြုတ် - အနောက်မြောက်ဒေသရဲ့ နာမည်ကျော်အစားအစာပါ။ အနောက်မြောက်ဒေသက အချဉ်စိမ်ထားသည့်ဂေါ်ဖီထုပ်ရယ် ၀က်ဗိုက်သား၊ ၀က်သွေးချောင်း၊ ကြာဆံ၊ ‌၀က်ရိုးပြုတ်ရည် စတာတွေနဲ့ချက်တဲ့ ဟင်းပွဲပါ။ အစပ်မပါတဲ့ ဟော့ပေါ့အဖြူထည်လို့ပြောရမယ်ထင်ပါတယ်။ ကိုရီးယားရဲ့ ကင်မ်ချီကျီဂဲနဲ့ အလားသဏ္ဍာန်တူမယ်ထင်ပါတယ်။ )


" အဒေါ် သတိထားပါ "
ယွင်ရိဖုန်းက အလျင်အမြန်‌ဖေးကူလိုက်ရင်း စိုးရိမ်တကြီးဖြင့်..
" ဘာဖြစ်တာလဲ နေလို့မကောင်းဘူးလား "

" ဂိုဏ်းချုပ်ယွင် "
အဒေါ်ယွီက မသက်မသာဖြစ်စွာဖြင့် တုံ့ပြန်သည်..။ သူတို့တည်ရှိနေသည့်နေရာကို မည်သူကမျှ ဂရုစိုက်မနေကြောင်း မြင်သည်နှင့် အလွန်တိုးညှင်းသောအသံဖြင့်..
" ဒီမနက်တုန်းက တောင်ပေါ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလား..? မီးခိုးလုံးကြီးတွေ အများကြီးကိုတောင်မှတွေ့လိုက်ရတယ်.. လူအိုကြီးကျန်းများ တစ်ခုခုဖြစ်သွားတာများလား..? "

" မဟုတ်ပါဘူး "
ယွင်ရိဖုန်းက မီးဖိုအား နေရာတကျဖြစ်ရန်ကူညီပေးလိုက်ပြီး သူမအား..
" ပေါက်ကွဲမှုက ဘာကြောင့်ဖြစ်တာလဲဆိုတာ ကျွန်တော်တို့လည်း စုံစမ်းနေပါတယ်.. အဒေါ် အဲ့အကြောင်းကိုမစဉ်းစားပါနဲ့.. ဒါပေမယ့် အနာဂတ်မှာတော့ ဒီထက်ပိုပြီး ဂရုစိုက်ရလိမ့်မယ်.. ဒီရှန့်ရွှယ်ပွဲကြည့်စင်ကနေ အပြင်ကို တစ်ယောက်တည်း ထွက်မသွားပါနဲ့.. အဒေါ်မှတ်မိရဲ့လား? "

အဒေါ်ယွီက ခေါင်းကိုအထပ်ထပ်ညိတ်ရင်း..
" ကောင်းပါပြီ.. အဒေါ်ဘယ်မှမသွားပါဘူး.. မီးဖိုချောင်မှာပဲ နေပါ့မယ် "

ဆီးနှင်းဓား {A Sword of Frost}Where stories live. Discover now