-1-

1.8K 128 16
                                    

Unicode

မတ်လ ၄ရက် ညနေ၄နာရီဝန်းကျင်။

အမျိုးသမီးအလောင်းတစ်ခုတွေ့ရှိထားသည်ဟု သတင်းရရှိခဲ့တာကြောင့် စုံထောက်အချို့နဲ့ တာဝန်ကျရဲတပ်ဖွဲ့ဟာ သတင်းပေးပို့ထားသည့်နေရာဆီရောက်ရှိလာခဲ့သည်။

လက်ရှိမှာ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်ပေါ်နေပြီး အသက်၂၀နဲ့၃၀ဝန်းကျင်ရှိ အမျိုးသမီးတွေက လူသတ်သမားရဲ့ အဓိကသားကောင်များဖြစ်ပါ၏။

ချောင်းငယ်တစ်ခုဘေးက စိုစွတ်စွတ်မြေသားပေါ်မှာရှိနေတဲ့ အမျိုးသမီးအလောင်းကိုကြည့်ရင်း စုံထောက်ကျီဝေက အဖွဲ့ဝင်များထံ မှတ်ချက်ပြုလိုက်သည်။

"ငါတို့ထပ်ပြီးနောက်ကျသွားပြန်တာပဲ"

ထိုအမျိုးသမီးငယ်ဟာ မတုိင်မီသုံးရက်လောက်ကတည်းက လူပျောက်တိုင်ကြားခံထားရတဲ့ အသက် ၂၃နှစ်အရွယ် တက်သစ်စမော်ဒယ်တစ်ယောက်ဖြစ်သူ စုချင်းဖုန်း။ လစ်ဟာနေတဲ့ မျက်လုံးပေါက်နှစ်ခုကိုကြည့်ရုံဖြင့် သူမဟာ ကွင်းဆက်လူသတ်မှုရဲ့ ပဉ္စမမြောက်သားကောင်တစ်ကောင်ဖြစ်ခဲ့မှန်း အသေအချာပြောနိုင်ပါ၏။

တရားခံက သဲလွန်စမကျန်အောင် ပိရိလွန်းတာမို့ ထိုကွင်းဆက်လူသတ်မှုဟာ အရာရှိတော်တော်များများကို ခေါင်းကိုက်စေခဲ့သည်။ သေဆုံးသူအားလုံးဟာ အမျိုးသမီးတွေဖြစ်ပြီး အသက်အရွယ်၂၀နှင့် ၃၀ကြားဖြစ်ကြသည့်အချက်ကလွဲလျှင် တခြားတူညီသည့်အချက်မရှိ။ သေဆုံးသူတွေရဲ့ အလုပ်အကိုင် ၊ နေထိုင်ရာနေရာ စသည်တို့ကလဲ ဆက်စပ်စဥ်းစားလို့မရနိုင်လောက်အောင် ကွဲပြားလွန်းနေသည်မို့ လူသတ်သမားရဲ့သားကောင်ရွေးချယ်မှုကို အရာရှိတွေက မခန့်မှန်းနိုင်ဘဲရှိနေ၏။

မျက်လုံးတွေကို ထုတ်ယူပြီး နှလုံးတည့်တည့် ဆေးထိုးသတ်တတ်တဲ့ လူသတ်သမားက သူ့ရဲ့သားကောင်တွေအပေါ် တခြားကိုယ်ထိလက်ရောက်ကျူးလွန်မှုတစ်စုံတစ်ရာမှ ပြုလုပ်လေ့မရှိပါချေ။

သေဆုံးသူအားလုံးထံ၌ ကြိုးတုပ်ချည်နှောင်ထားသည့် အညိုအမည်းအရာတချို့မှလွဲ၍ တခြားပြင်ပဒဏ်ရာမရှိတတ်။ မြင်ရက်စရာမရှိအောင် ခြောက်ကပ်ကပ်သွေးစေးတွေပရပွထင်ကျန်နေတဲ့ ဟာလာဟင်းလင်းမျက်တွင်းပေါက်နှစ်ခုကလွဲလျှင် ကျန်တဲ့အစိတ်အပိုင်းတိုင်းက ပျက်စီးခြင်းမရှိဘဲ ပကတိကောင်းမွန်လျက်ပင်။

Insanely (Completed)Where stories live. Discover now