-8-

519 84 27
                                    

Unicode

မြေပြင်ပေါ်က မှင်သက်စရာအလှတရားလေးတစ်ခုကို တွေ့မြင်ခဲ့ရစဥ်ဟာ ဟွန်းသံတွေဆူညံနေတဲ့ စိတ်ညစ်စရာtraffic jamတစ်ခုအလယ်မှာ ဖြစ်ခဲ့သည်။

စတီယာရင်ပေါ် လက်ညိုးတစ်ချောင်းနဲ့အသာအယာခေါက်ရင်းကနေ အရှေ့က ကားအဖြူလေး အလိုက်တသိမောင်းဖယ်ပေးမည်ကို စောင့်ဆိုင်းနေခဲ့တဲ့ ကုန်းကျွင့်က ကိုယ်တိုင်သည်လဲ စိတ်အခြေအနေကောင်းလွန်းနေသည်တော့မဟုတ်။ အနောက်ရှိ ကားတန်းကြီးဆီက ဟွန်းသံတွေနဲ့တင် သူ့ရဲ့စိတ်ကိုညစ်ညူးစေဖို့ လုံလောက်နေပြီးသားမို့ပင်။

အဘွားကြီးတစ်ယောက်ကို ကားလမ်းကူပြီးကူးပေးနေတဲ့ ကောင်းကင်ငယ်လေးကတော့ ဆက်တိုက်ထွက်ပေါ်လာနေတဲ့ ဟွန်းတီးသံအစုံရယ် ၊ ဆူဆဲသံညံညံရယ်ကို လုံးဝဥပေက္ခာပြုထားလေပုံ။

မီးပွိုင့်က စိမ်းသွားတာ ကြာပြီ။
အဘွားအိုတစ်ဦးက တုန်တုန်ချိချိနဲ့ ကားလမ်းအလယ်မှာ ဟိုကြည့်ဒီကြည့်။
ကားအဖြူလေးရဲ့ပိုင်ရှင်က ကားပေါ်က ဆင်းသွားပြီး အဘွားအိုကိုကူညီသည်။ အဲဒီကားအဖြူလေးရဲ့ နောက်ကပ်ရပ်ကားပေါ်က ကုန်းကျွင့်ကတော့ ဖြစ်စဥ်အားလုံးကို မြင်လိုက်ပေမဲ့ ကျန်တဲ့လူတွေကတော့ အဲဒီလိုဟုတ်မနေ။ သူတို့တွေက အကြောင်းအရင်းကိုသေချာမသိဘဲ ဒေါသတကြီးနဲ့ပဲ ကားအဖြူလေးရဲ့ပိုင်ရှင်ကို အော်ဟစ်ဆဲဆိုနေကြတာ။

အဲဒီနေ့က နေသာသည်။
နောက်ပြီး အချိန်ကတော့ တိမ်ကင်းစင်တဲ့သာမန်မနက်ပိုင်းလေးတစ်ခု။
ထုံးစံအတိုင်း မိမိထိုင်တဲ့ဆေးခန်းဆီ ထွက်လာတဲ့ကုန်းကျွင့်နဲ့ နေ့လည်၁၂နာရီ ဘားdutyချိန်မတိုင်မီ ၁နာရီခွဲလောက်အမြဲတမ်း စောထွက်ပြီး ကုန်တိုက်ဆီခြေဦးလှည့်တတ်တဲ့ ကျန်းကျယ်ဟန့်တို့ ဆုံမိခဲ့ကြသည်။

အဘွားအိုကို လမ်းတစ်ဖက်ရောက်အောင်ကူညီပေးပြီးတဲ့နောက် ကားဆီပြန်လာခဲ့တဲ့ကောင်းကင်ငယ်လေးက သူ့ကိုတည်တည်ငြိမ်ငြိမ်စောင့်ဆိုင်းပေးတဲ့ အနက်ရောင်ကားထဲက ကုန်းကျွင့်ဆီ ခေါင်းလေးငုံ့လို့ ပြုံးပြနှုတ်ဆက်ရှာ၏။

ပြုံးပြလာတဲ့ ကောင်းကင်ငယ်ရဲ့ ဆံနွယ်တွေကို လေတစ်ဝှေ့က တိုးဝှေ့ကျီစယ်သွားပြီး ထူးဆန်းစွာနဲ့ပဲ အဲဒီအခိုက်အတန့်အတွင်းမှာ ကုန်းကျွင့်ရဲ့မြင်ကွင်းထဲက ကောင်းကင်ငယ်ရဲ့ပုံရိပ်လေးဟာ နှေးကွေးသွားခဲ့သည်။ 

Insanely (Completed)Where stories live. Discover now