-9-

472 81 27
                                    

Unicode

ကျွီ...

တံခါးချပ်ဟာ အသာအယာပွင့်ဟလာပြီး အထဲကလူသည်လဲ အလျင်လိုခြင်းမရှိပါဘဲ အေးဆေးစွာဖြင့်သာ အခန်းပြင်သို့ထွက်လာ၏။ ထိုလူက တံခါးကိုခပ်ဖြေးဖြေးပြန်ပိတ်လိုက်ပြီးနောက် တံခါးချပ်ဆီမျက်နှာမူလို့ သူ့ရဲ့မျက်နှာပေါ်က ကိုင်းမဲမျက်မှန်ကို လက်နဲ့ပင့်တင်လိုက်သည်။ ကနဦးက ဘေးခွဲအနေအထားနဲ့ အနောက်ဘက်ဆီ လှန်ဖီးထားတဲ့ဆံပင်တွေက အခုတော့ နဖူးပြင်ပေါ် ခပ်ဝဲဝဲကျလို့နေ၏။

ပြင်လို့ဆင်လို့ပြီးစီးတော့ ကုန်းကျွင့်က အနောက်ဘက်ဆီသို့ ရင်ခုန်စွာဖြင့် ချာခနဲလှည့်ပစ်လိုက်သည်။ သူ့မျက်နှာပေါ်မှာက ချီးကျူးခံရဖို့ ၊ အကောင်းပြောခံရဖို့ အသင့်ပြင်ပြီးသားအနေအထားနှင့်။ သူက ချစ်ရသူရဲ့ဆန္ဒသေးသေးလေးကို လိုက်လျောပေးခဲ့ပြီလေ။

သို့ပေမဲ့ ချစ်ရသူအနားဆီ ရောက်သွားချိန်မှာတော့ တစ်စုံတစ်ရာက ထူးဆန်းနေမှန်း ချက်ချင်းသတိထားမိသွားရ၏။

"ဟန့်!"

စူးစမ်းသလိုမျက်လုံးတွေနဲ့ခေါ်သံပြုလိုက်တော့ မျက်စိရှေ့ကအလှတရားလေးက ချွေးတွေရွှဲနေသည့်ကြားကပင် အနည်းငယ်တုန်ရီစွာဖြင့် ပြန်ထူးလာသည်။

"ဟင်?"

"ဘာဖြစ်လို့ ေချွးတွေဒီလောက်တောင်ထွက်​ေနရတာလဲ?"

မောဟိုက်နေခဲ့သည့်တိုင် ၊ လေကို အလုအယက်ရှူရှိုက်ပစ်ချင်ခဲ့သည့်တိုင်.. အရှေ့တည့်တည့်မှာ ဒူးကွေးကာထိုင်ရင်း မိမိဆီကြည့်နေတဲ့ကုန်းကျွင့်ကြောင်​့ ကျန်းကျယ်ဟန့်က အသက်ရှူနှုန်းကိုမမြန်စေရန် မနည်းကြီး ကြိုးစားပမ်းစားချုပ်တည်းထားရသည်။

ဝဲဘက်ရင်အုံဟာ သိသာမြန်ဆန်လွန်းစွာဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့ပြီး ၊ ဆံသားစပ်က ချွေးတို့ဟာ နဖူးဆီ ၊ နားသယ်စပ်ဆီသို့ စီးကျလို့နေ​ပြန်၏။

"အိုက်လာလို့ပါ...ဟန့်က နဂိုထဲက ချွေးအရမ်းထွက်တတ်တဲ့သူမှန်း မောင်လဲသိရဲ့သားနဲ့"

အတတ်နိုင်ဆုံး လေသံကိုထိန်းကာ မုသားဆိုလိုက်ပြီး ကိုးရို့ကားယားအပြုံးတစ်ခုနဲ့ စကားကိုအဆုံးသတ်လိုက်တော့ တစ်ဖက်က ချက်ချင်းအသံပြုလာသည်။

Insanely (Completed)Where stories live. Discover now