-5-

558 104 59
                                    

Unicode

နိုးကြားလာတဲ့အသိအာရုံထဲ TVကထွက်လာနေတဲ့ ဆူဆူညံညံအသံဗလံတချို့က နေရာယူနေခဲ့သည်။ လီမွန်နံ့သင်းတဲ့အနံ့တစ်မျိုးက နှာခေါင်းထဲအလုံးအရင်းနဲ့တိုးဝင်နေသည့်တိုင် ပိတ်ကျနေဆဲမျက်ခွံတွေကြောင့် အနံ့လာရာအရင်းအမြစ်ကိုမသိနိုင်ဘဲရှိ၏။

စက္ကန့်အနည်းငယ်မျှကြာအောင် အကြားအာရုံဖြင့်သာ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးတဲ့နောက် ကျယ်ဟန့်က မျက်လုံးဖွင့်ပြီးထနိုင်ဖို့ကြိုးစားလိုက်သည်။ သို့သော် လဲလျောင်းရက်သားဖြစ်နေတဲ့​ခန္ဓာကိုယ်က အလိုက်မသိစွာဖြင့် မနာခံလာခဲ့။

သိသိသာသာလေးလံနေခဲ့တဲ့မျက်ခွံတွေဟာလဲ အပြည့်အဝဖွင့်ဟဖို့ရန် မစွမ်းသာဘဲ မျက်တောင်တစ်ဖျက်ဖျက်ခတ်ရုံလောက်ကိုတောင် ခက်ခက်ခဲခဲကြိုးစားနေရသည်။ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေရတဲ့မျက်ခွံတွေကြောင့် ဘေးဘီပတ်ဝန်းကျင်ရဲ့မြင်ကွင်းဟာ မသဲကွဲလှ။ ဝေဝါးလွန်းနေခဲ့၏။

ခန္ဓာကိုယ်ရဲ့ထူးဆန်းလွန်းနေတဲ့အခြေအနေတွေကြောင့် ကျန်းကျယ်ဟန့်က ခပ်တိုးတိုးမျှ ညည်းတွားရင်းဖြင့် မျက်ခုံးတန်းတွေကိုတွန့်ချိုးလိုက်မိတော့ အရှေ့ဘက်နားဆီက စကားသံတစ်ခုထွက်အံလာ၏။

"နိုးတာမြန်လိုက်တာ"

အထိုက်အလျောက်အသိနိုးကြားနေပြီးပြီမို့ အသံလာရာဆီ ခေါင်းလှည့်ကြည့်ဖို့ရန်ကြိုးစားလိုက်သည်။ သို့ပေမဲ့ ဆေးမိထားတဲ့ခန္ဓာကိုယ်ဟာ အစိုးမရခဲ့ပြန်ပါချေ။

"ဟက်"

လှုပ်မရပြုမရဖြစ်နေတဲ့ ကျယ်ဟန့်ရဲ့အခြေအနေကိုမြင်တော့ ထိုသူက ရယ်သည်။

မိမိရဲ့ ဘယ်ဘက်ခြမ်းမလှမ်းမကမ်းကနေ ခပ်ကျယ်ကျယ်ထွက်ပေါ်လာတဲ့ ဟက်ခနဲ လှောင်ရယ်သံတစ်ချက်ကြောင့် ကျယ်ဟန့်တစ်ယောက် အထိတ်တလန့်ဖြင့် မျက်မှောင်တွေကျုံ့လိုက်မိသည်။ ထိုသူက သူ့အနားကို ပိုပြီးနီးနီးကပ်ကပ်ရောက်လာပြီမှန်း ပိုပြင်းလာတဲ့လီမွန်ရနံ့က သက်သေပြနေ၏။

"ဆေးအာနိသင် ပြယ်တာမြန်လှချည်လားလို့တွေးနေတာ...တကယ်တမ်းကျ ဟုတ်မနေဘူးပဲ"

Insanely (Completed)Where stories live. Discover now