part 5.6(end)

12.4K 1.1K 22
                                    

မွေးနေ့ပွဲတွင် မီချာ ရဲ့အမေက ချန်မင်းဟာ
သူ့သမီးချစ်သူ သူ့ရဲ့သမက်လောင်းဆိုပြီး
အရှက်မရှိပြောနေသည် သိတဲ့လူတွေက
နှာခေါင်းရှုတ်ကာ မသိသူတွေက ဂုဏ်ပြုပေး
နေသည် ခနနေတော့ ခြံထဲကားတစ်စီးဝင်လာသည်သေချာတယ် ဒါချန်မင်းရဲ့ကား

"အို..သမက်လေးတောင်ရောက်လာပြီး "

အဖွားကြီးကသူများတွေကြားအောင်ပြော
လိုက်သည် ချန်မင်းက ကားပေါ်ကအမ်ဂျူး
ကိုလက်တွဲကာဆင်းလာတော့ အဖွားကြီးမျက်
နှာပျက်သွားသည် မီချားနားကပ်ပြီး

"ချန်မင်းကိုဘဲဖိတ်ပါလို့ငါမှာထားတယ်မလား
ဟမ်.. "

"အ...အမေကလဲ"

အမ်ဂျူး ကသူတို့နားရောက်လာပြီး

"Happy Birthday ပါအန်တီ "

"အဟင်း အန်တီက အမ်ဂျူး မလိုက်လာဘူးထင်
နေတာ "

"ဘယ်ဟုတ်ပါ့မလား လင်မယားဆိုတာပွဲတူတူ
တက်ရတယ်လေ အို sorry အန်တီက ဒါတွေ
သိမယ်မထင်ဘူး ဘာလို့ဆို အန်တီက မယား
ငယ်ဆိုတော့ သူများပွဲမထုတ်ဘူးမလား အဟင်း "

အဖွားကြီးမျက်နှာဟာမဲခနဲ ထိုချိန် လောင်စာထည့်လိုက်တာက ခုနကအဖွားကြီးတို့စကားဝိုင်း
ထဲကလုပ်ငန်းရှင်တစ်ယောက်

"ဒါ အမကြီးရဲ့သားမတ်လား ခုကျဘယ်လိုဖြစ်
လို့အိမ်ထောင်သည်လဲ"

"အဲ့..အဲ့ဒါက"

အမ်ဂျူးကဘဲ

"ဘယ်လိုဖြစ်လို့ ကျတော့ယောက်ကျားက
အန်တီ့သားမတ်ဖြစ်သွားရတာလဲ အဟင်း
အားလုံးသိအောင်ပြောလိုက်မယ် ကျတော်
ဒိုအမ်ဂျူးနဲ့ဒိုချန်မင်းဟာ လက်ထပ်ထားတာ
၃နှစ်ရှိပါပြီး သိတဲ့သူကှိသလိုမသိတဲ့လူလဲရှိ
တာကြောင့်ပြန်ပြောပြတာပါ"

ထိုခါမှလူတွေက မီချာတို့သားအမိကို ခနဲ့ကုန်
သည် မီချာက မျက်ရည်ဝဲကာ

"ဟင့်...လူကြားထဲဒီလိုမပြောသင့်ဘူး "

"အို...ဒါဆိုဘာလို့လူကြားထဲသူများယောကျာ်း
ကိုနင့်အမေက သားမတ်ဆိုပြီးပြောနေတာလဲ "

"နင့်ပေါ်ငါတို့ကျေးဇူးတွေကိုခုလို..."

"နေအုံးကျေးဇူးကို လင်နဲ့ဆပ်ရတယ်လို့
နင့်အမေ သင်ထားတာလား ကျေးဇူးရှိတိုင်း
နင်ငါ့လင်နားကပ်တာကိုခွင့်ပြုရမှာလား
ဟက် sorry ဘဲ ကျေးဇူးကဘာကျေးဇူးလဲ
ငွေလိုတုန်းပေးထားတာလေ ပြန်လဲပေးပြီး
ုပြီး ဘာစောက်ဇယားလာကပ်နေတာလဲ "

System Mochi (Completed )Where stories live. Discover now