part7.5

11.6K 1.1K 71
                                    

စားသောက်ဆိုင်ရောက်တော့ စားစရာတွေမှာထားပြီး

"မင်္ဂလာပွဲ ဘယ်တော့လုပ်ချင်လဲ"

"ခများအဆင်ပြေတဲ့အချိန်လုပ်လေ ကျတော်က
ရပါတယ် "

"ကိုယ့်စိတ်တိုင်းဆို အမြန်ဆုံးလုပ်ချင်တယ် "

"ဒါလဲကောင်းတာဘဲ မဟုတ်ရင်ခများနားမှာက
ဝိုင်းဝိုင်းလည်နေတာ ခများက မိန်းကလေးတွေရဲ့နတ်ဘုရားလေ "

"မင်းကသဘောမကျဘူလား"

"လူတိုင်းဝိုင်းကြိုက်တဲ့ကောင်လေးကိုလိုချင်တယ်ဒါပေမယ့် လူတိုင်းနဲ့ပတ်သတ်ပြီးသားလူကို
တော့မလိုချင်ဘူး "

သူတို့ခပ်လှမ်းလှမ်းဝိုင်းက အတွဲကိုကြည့်ကာပြောလိုက်သည် ဗြောင်ဟာလဲ ယောဂျွန်ကြည့်တဲ့နေရာကိုကြည့်လိုက်တော့

"သူနဲ့သိလို့လား"

"အဲ့လူက ကျတော့ ex ဟက်
ကားတွေကဘီးတာယာခနခနလဲတယ်နော် "

"သူ့ဘေးကတစ်ယောက်က ..."

"အင်း  မိထွေးသမီး "

သူတို့ကြည့်နေတုန်း မိထွေးသမီးက ထသွားချိန်
တစ်ဖက်ဝိုင်းကကောင်မလေးက ဂျွန်ဆော့
နားလာကာပါးကိုလာနမ်းတော့ဗြောင်ဟာမျက်လုံးပြူးပြီး ယောဂျွန်ကိုလှည့်ကြည့်လာသည်

"မြင်တဲ့တိုင်းဘဲ အဲ့ဒါသူ့အကျင့် ယောကျာ်း
တစ်ယောက်က ဘယ်သွားသွားဘေးမှာ မိန်းမ
တစ်ယောက်ဘဲခေါ်သွားမှ ယောကျာ်းကောင်း
ပီသတာ သူကတော့အများသုံးပေါ့"

သူတို့လဲ စားစရာရောက်လာတော့ စကားပြတ်
သွားသည်

တစ်ဖက်က လော်ရာကတော့

"တောက်...ဗြောင်ဟာနားနေရဖို့ငါဘယ်လောက်ကြိုးစားခဲ့ရလဲ ခုတော့ဘာမဟုတ်တဲ့ကောင်
ကြောင့်တဲ့ တောက် "

သူတစ်ခုတွေးမိသွားပြီးပြုံးလိုက်သည် ပြီးနောက်
ကားမောင်းကာ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို
ထွက်လာလိုက်သည်

သူယောဂျွန် တို့အကြောင်းစုံစမ်းတုန်းက မိထွေး
လိပ်စာပါသိထားတာကြောင့် ထိုနေရာကိုလာခဲ့သည် သူခုရောက်နေတဲ့နေရာက ရပ်ကွက်လေးဘဲ ခြံထဲမှာတိုက်ပုသေးသေးလေးတစ်လုံ
သူကားထဲကထွက်ကာ

System Mochi (Completed )Where stories live. Discover now