Real life 6

8.7K 840 21
                                    

At night

ထယ်ယောင်နဲ့ဂျောင်ကုအိပ်နေတုန်း သူတို့၏
နန်းဆောင်တွင်းသို့ အမဲရောင်အငွေ့တန်းကြီး
ဝင်လာသည် ထိုအငွေ့တွေဟာထယ်ယောင်
ဗိုက်ထဲဝင်ရန်ကြိုးစားနေတုန်း ဗိုက်ထဲမှရွှေ
ရောင်အလင်းတန်း ထွက်လာကာ ထိုအမဲရောင်
အငွေ့အားလွင့်ထွက်စေခဲ့သည် ။

တစ်ဖက်တွင်

ကပ်သရီတစ်ယောက် သွေးအန်လာသည်

"အဟွတ်...တောက်...ဒီတစ်ခါမအောင်မြင်
ရင်နောက်တစ်ခါပေါ့"

ကပ်သရီ အကျဉ်းထောင်ကလွတ်ပြီး ကောင်း
ကင်ဘုံနဲ့မသတ်ဆိုင်တဲ့ အောက်လမ်းပညာ
ရပ်ကိုသူလေ့လာခဲ့သည် ခုလဲ ထယ်ယောင်
ရဲ့ကလေးကို အောက်လမ်းနဲ့တိုက်ခိုက်ပေမယ့်
မအောင်မြင်တဲ့အပြင် သူ့အတွင်းအားပါလျော့
ရသည်

နောက်တစ်နေ့မနက်တွင်

ဂျောင်ကုတစ်ယောက်နိုးနိုးချင်းအခန်းတွင်း
မကောင်းတဲ့အငွေ့သက်ရတာကြောင့်သူစစ်
ဆေးနေသည်

"ဂျွန်.. "

"ထယ်.. နိုးလာပြီးလား ဖြေးဖြေးထ "

"ဘာလုပ်နေတာလဲ ဂျွန် "

"ကိုယ် အခန်းထဲမှာ မကောင်းတာတစ်ခုခု
ရောက်ထားသလို အငွေ့သက်ရနေတယ် "

"ဟင်"

ထယ်ယောင် သူ့ဗိုက်လေးအား ကွယ်ထား
လိုက်သည် ။

"ထယ်မစိုးရိမ်နဲ့ ကလေးကိုမထိခိုက်စေရဘူး"

"အင်းပါ "

ဂျောင်ကုကထိုကိစ္စစုံစမ်းဖို့ထွက်သွားချိန်ထယ်
ယောင်ကလဲ ဂျင်မင်းတို့စီထွက်လာလိုက်သည်။

"ကင်ထယ်ယောင် ပါလား အရှင်ရောမပါဘူးလား"

"မင်းမျက်လုံးကန်းနေလား ကပ်သရီ "

"အင်း..ဟုတ်တယ် ငါ့မျက်လုံးထဲအရှင့်ကိုဘဲ
မြင်ချင်နေတာ"

"တောက်!"

"အဟက်...ဒါလေးပြောတာကိုဒေါသထွက်ရလား အရှင့်ကိုငါနဲ့စိတ်ချလို့ရတယ်သိလား
နင်က ခုဗိုက်ကြီးနဲ့ဆိုတော့ အရှင့်တွက်သာ
ယာမှူမပေးနိုင်ဘူးလေ ... အားး"

System Mochi (Completed )Where stories live. Discover now