Real life 5

8.9K 821 24
                                    

တစ်လအကြာ

ယခုဆိုထယ်ယောင်ကိုယ်ဝန် ၃ လရှိနေပြီး
ဖြစ်သည်။ ဒီနေ့တော်နတ်သဘင်အစည်းဝေးပွဲ
မှာထယ်ယောင်ပါရောက်နေသည် ။ အကြောင်းမှာ ကပ်သရီ တစ်ယောက် ယနေ့ နတ်သဘင်
စည်းဝေးတက်မည်ဆိုတဲ့သတင်းကြောင့်သူပါလိုက်လာခြင်းဖြစ်သည်။

"ဂျွန်...ဟိုဒါလေးယူပေးပါအုံး"

ထယ်ယောင်တစ်ယောက် ရှေ့ကစားပွဲပေါ်
ကအသီးတစ်မျိုးပြီးတစ်မျိုးစားနေသည်

"ဖြေးဖြေးစား ထယ်... "

"အင်းပါ.. "

ထိုချိန်

"မိုးကြိုးနတ်ဘုရားမ ကပ်သရီရောက်ရှိလာပါပြီး"

ထိုအသံကြားသည်နှင့်ထယ်ယောင်မျက်နှာဟာ
ခုနကလို ကလေးဆန်ခြင်းမျိုးမဟုတ်တော့ဘဲ
ခက်ထန်သွားသည် ။ ကပ်သရီတစ်ယောက်
ဝင်လာထဲကအရှင့်ကိုသာငေးကြည့်နေသည် မတွေ့ရတာဘယ်လောက်တောင်ကြာသွားပြီးလဲ ....

"အရှင့်ကိုဂါရဝပြုပါတယ် "

"ငါ့ကိုရောနင်မြင်လား ကပ်သရီ "

"မမြင်ချင်ယောင်ဆောင်ထားတာဆိုပိုမှန်မယ်
ထင်တယ် ကင်ထယ်ယောင် "

"နင့်မှာ ငါ့ကိုနာမည်ခေါ်ပိုင်ခွင့်မရှိဘူး ဘာလို့
လဲသိလား ငါက အရှင့်ဧကရီဖြစ်နေလို့လေ "

" ..... "

ပျက်သွားတဲ့ ကပ်သရီမျက်နှာကိုထယ်ယောင်
အရသာခံကာကြည့်နေသည်

*အစဘဲရှိသေးတယ် ကပ်သရီ *

နတ်သဘင်စည်းဝေးပြီးတော့ ဂျောင်ကုက
ထယ်ယောင်ကို တွဲကာထွက်လာလိုက်သည်
ထိုချိန် ကပ်သရီက

"အရှင် "

"ဘာကိစ္စရှိလို့လဲ ကပ်သရီ "

ကပ်သရီက အရှင့်အားချစ်ရည်ရွန်းလဲ့သည့်မျက်
လုံးရွဲ ကြီးများနဲ့ကြည့်ကာအနားကိုရောက်
လာသည် ။ ထယ်ယောင်ကတော့ ကပ်သရီ
မျက်လုံးကိုထိုးဖောက်ချင်လွန်းလို့ လက်သီး
တွေတင်းတင်းစုတ်ထားမိသည်

"အရှင် မတွေ့ရတာကြာပြီးနော် "

"မင်းနဲ့ငါကအဲ့လိုတွေ့ဖို့ထိမရင်းနှီးဖူး"

System Mochi (Completed )Where stories live. Discover now