*13* သားဗိုက်ဆာတယ်

12.3K 1.9K 8
                                    

ရုန်ယိ တစ်ယောက်ဗိုက်ကြီးတစ်ကားကားနဲ့ ကို့ယို့ကားယားဖြစ်နေသည်။ ခြံဝန်းနှစ်ခုဘဲ ပြေးလာရတာတောင် သူ့မှာအမောဖောက်နေပြီ။ ဘေးကကျောက်တိုင်ကိုမှီထားပြီး သူ့ဗိုက်သူထိန်းကိုင်ထားရင်းနဲ့ အသက်ကိုမနည်းလုရှူနေရ၏။
"ကောင်ဆိုးလေး...ငါမင်းကိုမဖမ်းမိစေနဲ့...မဟုတ်လို့ကတော့ မင်းဖင်ကို နာနာရိုက်ပစ်မယ်.."

ကလေးကပြေးနေတာရပ်လိုက်ပြီးနောက်လှည့်ကြည့်လာသည်။ သူ့ဗိုက်သေးသေးလေးကိုပွတ်လိုက်ပြီးတော့ ချစ်စရာကောင်းလှတဲ့အသံလေးနဲ့ပြောလာသည်။
" နျန်တျဲ့....သားဗိုက်ဆာတယ်..."

ရုန်ယိ မျက်လုံးလှန်လိုက်သည်။
"မင်းဗိုက်ဆာရင် မီးဖိုဆောင်သွားပြီးတစ်ခုခုယူစားပါလား.."

"သား နို့သောက်ချင်တယ်..." ကလေးကသူ့ဆီပြန်ပြေးလာ၏။

"မီးဖိုဆောင်မှာ ကိုယ့်ဘာသာသွားရှာလိုက်"

ကလေးက သူ့ရင်ဘက်ကိုကြည့်နေရင်းနဲ့ထပ်ပြောလာပြန်သည်။
"သား နို့သောက်ချင်တယ်.."

"ငါမင်းကိုပြောနေ..." ကလေးက သူ့ရင်ဘက်ကိုစိုက်ကြည့်နေမှန်းသတိပြုမိသွားတာကြောင့် ရုန်ယိပြောနေရင်းရပ်သွားရသည်။ သူ့မသိစိတ်အရ လက်တွေနဲ့ သူ့ဘယ်ဘက်ရင်ဘက်ကိုကာထားလိုက်သည်။

ကလေးက တစ်လက်လက်ထနေတဲ့မျက်လုံးလေးတွေနဲ့ပြောလာပြန်သည်။
"သား နို့သောက်ချင်တယ်.."

ရုန်ယိ "......."

ဒီသောက်ကလေးက နို့စို့ချင်တယ်လို့ပြောနေတာလား...။ သူက ငါ့ကိုမိန်းမတွေလို နို့တိုက်ကျွေးစေချင်နေတာလား...။

ချီးဘဲ!!!. .ဒါပေမဲ့ သူကမိန်းမမှမဟုတ်တာ....။ သူကနို့မထွက်ဘူးလေ...။

နောက်တစ်ကြိမ်ထပ်ပြီး သူ့ကိုယ်သူ မိန်းမတစ်ယောက်ကိုယ်ထဲ ဝိညာဥ်ကူးပြောင်းလာတာများလားလို့ သံသယဝင်လာမိပြန်သည်။

သူအသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့ပြားချပ်နေတဲ့ရင်ဘက်ကို ညှစ်ကြည့်လိုက်သည်။ သူ့ရင်ဘက်က ဘာနို့မှထွက်မလာပေ။ သူ့ဘောင်းဘီသူဖွင့်ကြည့်ပြီး သူ့ရဲ့ညီငယ်လေး အဲ့မှာရှိနေသေးလားပါစစ်ဆေးလိုက်သည်။ အဲ့နေရာမှာရှိနေတာသေချာမှ စိတ်ထဲကအလုံးကြီးကျသွားရသည်။ နောက်တော့ သူကလေးလေးကိုလှည့်ကြည့်ပြီး ပြောလိုက်သည်။
"မင်းဘာပြောလိုက်တယ်....နောက်တစ်ခေါက်ထပ်ပြောကြည့်လိုက်စမ်း..."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now