ကျွန်တော့် crushရန်သူလေး အပိုင်း 1

16 1 0
                                    

Unicode

ကျွန်တော့်မှာအရမ်းချစ်ရတဲ့သူတစ်ယောက်ရှိတယ်အဲ့ဒီသူကိုကျွန်တော်သိတတ်စအရွယ်ထဲကချစ်ခဲ့တာသူကတော့ကျွန်တော်ချစ်နေမှန်းတောင်သတိထားမိမှာမဟုတ်ဘူး။အဲ့လိုသတိထားမိအောင်လဲကျွန်တော်နည်းနည်းလေးမှအရိပ်မပြခဲ့ဘူး ဘာလို့လဲဆိုတော့ကျွန်တော်သာသူ့ကိုချစ်နေမှန်းသိရင်သူကကျွန်တော့်ကိုအမြဲတမ်းနှိမ်ပြီးနိုင်စားနေမှာပေါ့။ဘာလို့လဲဆိုတော့သူကကျွန်တော့်ရန်သူလေ။ဘယ်ထဲကရန်သူဖြစ်လဲဆိုတော့သိတတ်စထဲကလို့ပြောရမှာပဲ။ရန်သူဖြစ်ရတဲ့အကြောင်းကလည်းထူးထူးခြားခြားမဟုတ်
ကျွန်တော်တို့အဖေတွေကငယ်ငယ်ထဲကရည်းစားလုဖက်ဖြစ်ခဲ့တော့ကြီးတဲ့အထိကိုမတည့်ခဲ့ကြဘူး။ဒါပေမဲ့သူတို့အိမ်နဲ့ကျွန်တော်တို့အိမ်ကခြံချင်းကပ်ရပ်။ဆန်းတော့ဆန်းတယ်နော်ရန်သူတွေဖြစ်ပြီးခြံချင်းကကပ်ရပ်ဆိုတော့။ဒါကလည်းဘယ်သူ့ပယောဂကြောင့်လဲဆိုတော့သူတို့မိန်းမတွေကြောင့်။မိန်းမတွေကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေတော့ခြံချင်းကပ်ရပ်တမင်၀ယ်ထား‌လေရဲ့။သူတို့နှစ်ယောက်ကလဲမိန်းမကိုမနိုင်ကြတော့မတားနိုင်ပေမဲ့မကျေနပ်နိုင်။အမြဲတမ်းကိုက်နေကြတာ အဲဟုတ်ပါဘူးရန်ဖြစ်နေကြလေရဲ့။ဟော ကျွန်တော်တို့နှစ်ယောက်ကိုမွေးတော့လဲတစ်နှစ်ထဲ သားယောက်ျားလေးတွေပဲမွေးလာကြတယ်။ကျွန်တော်မပြောရသေးဘူးပဲကျွန်တော်ချစ်နေတဲ့သူကမိန်းကလေးမဟုတ်တဲ့ယောက်ျားလေးတစ်ယောက်ဆိုတာကိုပေါ့။မွေးလာတဲ့သားတွေကလည်းဖအေဗီဇပါလာသလားပဲမတည့်ကြဘူး။အထူးသဖြင့်ကျွန်တော့်ချစ်ရသူပေါ့။ကျွန်တော့်ကိုဆိုဘယ်အရာမဆိုလိုက်ပြိုင်တာများ။စာဆိုလဲစာအားကစားဆိုလဲအားကစား။‌ရည်းစားထားတာကတော့မပါမဖြစ်ပြိုင်ကြတဲ့အရာပေါ့။
ကျွန်တော်ကသူ့ကိုချစ်နေရပေမဲ့သူ့ကိုအရှုံးလဲမပေးနိုင်ဘူး။ချစ်တာကချစ်တာပဲလေ။ဒါပေမဲ့ကျွန်တော်သူ့ကိုစာအရလဲမနိုင်သလိုရည်းစားထားရာမှာလဲမနိုင်ပါဘူးသူကဥာဏ်တော်တော်ကောင်းတယ်။စာဆိုတာကကြည့်လိုက်တာနဲ့တစ်မှတ်တန်အကုန်ရ။ငါးမိနစ်လောက်ကျက်တာနဲ့စာတစ်ပုဒ်ကအသာလေး ကျက်ပြီးသားစာဆိုလဲမေ့လားမေး ဘယ်အချိန်မေးမေးရနေတာပဲ။ကျွန်တော်ကသူနဲ့စာရင်စာတော်တော်ညံ့တယ်လို့ပြောရမယ်။ငယ်ငယ်တုန်းကတော့ယှဉ်နိုင်ခဲ့ပေမဲ့ကြီးလာတော့မယှဉ်နိုင်တော့ဘူး။ဒါကိုပဲသူ့မှာပြောမဆုံးဖြစ်နေခဲ့တယ်။တွေ့တိုင်းလဲမထိတထိနဲ့အမြဲရန်စနေကြ။အဲ့လိုဆိုလို့အမြဲချနေရလားဆိုတော့လည်းမဟုတ်ပါဘူး။ငယ်ငယ်တုန်းကသာသည်းမခံနိုင်တာအခုတော့သည်းခံနိုင်တယ်လေ။ချစ်နေရတာဆိုတော့လည်း။လူ့စိတ်ကလည်းအခက်သားဗျ။အမြဲတမ်းမတည့်ပါဘူးဆိုတဲ့သူ့ကိုမှကျွန်တော်ကသွားချစ်မိတာ။ဒါပေမဲ့ သူရည်းစားထားတာပြိုင်လာရင်ကျွန်တော်လဲပြန်ထားပြတယ်။အဲ့ဒါမှသု့အပေါ်ကျွန်တော်ချစ်နေတာနည်းနည်းလေးမှမရိပ်မိမှာလေ။အခုကျွန်တော်တို့ဆယ်တန်းမှာအတူတူတက်နေကြတာ။မကြာခင်စာမေးပွဲပြီးဖြေတော့မှာဆိုတော့သူ့ကိုမတွေ့ရတာကြာပြီ။‌ခြံချင်းကပ်နေလို့တွေ့နေရတယ်မထင်လိုက်နဲ့သူကအိမ်ထဲကကိုထွက္မလာဘူး။ကျွန်တော်လဲစာလုပ်နေရတာနဲ့ဆိုတော့မအားတာလဲပါတာပေါ့။
ကျွန်တော်အရေးအကြီးဆုံးတစ်ခုကိုမေ့နေခဲ့တာပဲကျွန်တော်နာမည်က သုထက်ဦးသူ့နာမည်ကထက်ဦးမောင်သူ့နာမည်ကတော့မသိပေမဲ့ကျွန်တော့်နာမည်ကတော့ဖေဖေကသူအရင်ကလေးမွေးတာကိုဂုဏ်ယူပြီးတော့သူ့ထက်ဦးတယ်ဆိုတဲ့အဓိပ္ပာယ်
နဲ့အသံထွက်တူတဲ့ သုထက်ဦးဆိုပြီးပေးထားတာပါတဲ့။သူက‌တော့ကျွန်တော့ထက်သုံးလငယ်တယ်လေ။ကျွန်တော်သူ့အကြောင်းတွေကိုဒိုင်ယာရီထဲမှာအမြဲရေးဖြစ်ခဲ့တယ်ကိုးတန်းထဲကပေါ့။ဒါပေမဲ့မတော်တဆများတစ်ယောက်ယောက်ဖတ်မိသွားမှာစိုးရိမ်လို့ကျွန်တော်သူ့ပုံစံတောင်
ပါအောင်မရေးခဲ့ဘူး။နာမ်စားတစ်ခုအနေနဲ့"ချစ်"လို့ပဲရေးခဲ့တယ်။ဒါမှမတော်တဆဖတ်မိရင်တောင်မိန်းကလေးပဲထင်မှာလေ။
စိတ်ထဲကနာမ်စားလေးကတော့ မောင် ပေါ့။
လေးကိုကျွန်တော်ကိုယ်စောင့်နတ်တောင်မသိစေချင်ဘူး။
ဒီလိုနဲ့ကျွန်တော်တို့ဆယ်တန်းစာမေးပွဲ
တွေ‌ေဖြပြီးစာရင်းထွက်တော့သူကခြောက်ဘာသာနဲ့အောင်တယ်။ကျွန်တော်ကလေးဘာသာပါခဲ့ပါတယ်။
ကျွန်တော်ကြားတာတော့သူ့အဖေကသူ့ကိုဆေး‌ေကျာင်းတက်ခိုင်းမယ်တဲ့။ကျွန်တော့်အမှတ်ကမမှီတော့သူ့နောက်လိုက်တက်လို့လဲမရ။ကျွန်တော့်ဝါသနာနဲ့ကိုက်ညီတဲ့ကွန်ပျူတာကိုပဲလျှောက်ခဲ့တယ်။
ဒါပေမဲ့ကျောင်းစတက်တဲ့နေ့မှာမထင်ထားမိတာကသူ့ကိုကွန်ပျူတာuniမှာတွေ့လိုက်ရတာပဲ။သူကကျွန်တော့်ကိုမြင်ပေမဲ့ထူးခြားဟန်မပြ။
"ဟက် ဘယ်သူများလဲမှတ်တယ် လူတကာထက်ထူးပြီးလူတစ်ကာထက်ဦးတဲ့သူ့ထက်ဦးလေးပါလား"
"အပိုတွေမပြောစမ်းပါနဲ့ညီလေးရယ်မနေနိုင်မထိုင်နိုင်ငါလျှောက်တဲ့uniကိုလာတက်တဲ့သူကများ"
"အိုး လေတွေလျှော့ပါဂျပုေလးရယ်ဟော့ဒီထက်ဦးမောင်ဆိုတဲ့သူကတက်ချင်တဲ့နေရာတက်ခွင့်ရှိလောက်အောင်အမှတ်ကများနေတော့မနာလိုဖြစ်နေတာမလား ဟားး"
ကျွန်တော့အရပ်ကသူ့ထက်နှစ်မလောက်ပုနေတာကိုဂျပုလို့ခေါ်မဆုံးဖြစ်နေတဲ့ထက်ဦးမောင်ပါလေ။တစ်ကယ်ဆိုသုထက်အရပ်ကငါးပေရှစ်လောက်ရှိပေမဲ့သူ့ထက်စာရင်ပုနေတာတော့အမှန်။
"ဖြစ်ရချည်းသေးရဲ့မောင်ထက်ဦးရယ်"
"ဘာ မင်း..."
သုထက် ထက်ဦးကိုပြောင်ပြကာထွက်လာခဲ့လိုက်သည်။တစ်ကယ်ဆိုသူ့ကိုမောင်ထက်ဦးဟုခေါ်လျှင်သူမကြိုက်။ကျွန်တော်ကသူကြိုက်တာမကြိုက်တာကိုတောင်ခွဲခြားသိနေခဲ့တာလေ။သူက‌တော့ဘာလို့မကြိုက်လဲဆိုတာတော့မသိဘူး‌ေပါ့‌ေလ။‌ေမာင် ဘာလို့သူ့အဖေတက်ခိုင်းတဲ့ဆေးကျောင်းမတက်လဲဆိုတာစဉ်းစားမရ။
ဒီလိုနဲ့fresher welcomeလုပ်တော့သူကkingရပြီးကျွန်တော်ကsmile kingရတယ်။
သိတဲ့အတိုင်းပဲkingဆိုတော့စိတ်၀င်စားတဲ့သူကခပ်များများရယ်။သူနဲ့အတူတူဓာတ်ပုံတွဲရိုက်နေတဲ့ကောင်မလေးတွေမြင်ရင်မနာလိုဖြစ်မိတာတော့အမှန်။ဒါပေမဲ့ကျွန်တော်ဆိုတာကခံစားချက်ကိုမဖော်ပြမိအောင်နေတဲ့သူလေ။ကျွန်တော်လဲsmile kingဆိုတဲ့အလျောက်ဓာတ်ပုံလာရိုက်ကြတဲ့သူတွေရှိပါတယ်။သူ့လောက္မများပေမဲ့လည်း။

ကျွန်တော့် crush ရန်သူလေးWhere stories live. Discover now