ကျွန်တော့် crush ရန်သူလေး အပိုင်း 2

3 1 0
                                    

Unicode

ကျောင်းတက်နေတဲ့တစ်လျှောက်သူ့ကိုတွေ့ရတဲ့အချိန်တွေနည်းလာတယ်။အခန်းမတူကြတော့သွားချောင်းရင်လဲသိမှာစိုးတာနဲ့ကျွန်တော်သွားမချောင်းဖြစ်ဘူး။အိမ်ပြန်ရောက်ရင်တော့ကျွန်တော်သူ့ကိုခိုးကြည့်လို့ရတယ်လေ။သူကညနေတိုင်းသူ့အစ်မနဲ့ကြက်တောင်ရိုက်နေကြ။သူ့အစ်မဆိုပေမဲ့တစ်၀မ်းကွဲအစ်မပါ။ကျောင်းတက်ချိန်ဆိုသူတို့အိမ်မှာပဲလာနေနေကြမို့ကျွန်‌ေတာ်သိ‌ေနခြင်းပင်။ယောက်ျားလေးဖြစ်ပြီးကြက်တောင်ရိုက်ရလား.. ဆိုပြီးကျွန်တော်မပြောဖြစ်ပါဘူး။ဘာလို့လဲဆိုတော့သူကြက်တောင်ရိုက္မှကျွန်တော်အမြဲမြင်ရမှာလေ။ကျောင်းတက်တာမကြာသေးတဲ့အချိန်မှာပဲတစ်နေ့သူ့ကိုကောင်မလေးတစ်ယောက်နဲ့တွဲနေတာတွေ့လိုက်ရတယ်။
ကျွန်တော့သူငယ်ချင်းကိုမေးကြည့်တော့အဲ့ဒါသူ့ကောင်မလေးတဲ့။ရင်ထဲကနာတယ် မောင်ရယ်။ဟန်ဆောင်ရတာကြာလာလို့လားမသိမျက်နှာပျက္မသွားခဲ့သလိုမျက်ရည်လဲကျမလာခဲ့ပါဘူး။ရင်ထဲမှာတော့မျက်ရည်မိုးရွာနေတာဘယ်သူသိမှာလဲ။အိမ်ကျရင်တော့အားရပါးရငိုမိဦးမှာအမှန်ပါပဲ။တစ်ခါတလေကျလဲတွေးမိသားကျွန်တော့အချစ်တွေမောင်တစ်ယောက်သိလာပါစေလို့။
ဆုတောင်းတိုင်းသာပြည့်ရင်....

အဲ့ဒီနောက်ပိုင်းကျွန်တော်မောင်တို့အတွဲကိုနေရာအနှံ့တွေ့နေရတယ်။တမင်သတ်သတ်များငါ့ရှေ့ကိုရောက်လာခဲ့တာလားမောင်ရယ်။မခံစားနိုင်တဲ့ငါကမောင်မမြင်အောင်အရင်ထွက်ပြေးနေခဲ့ရတာမောင်မသိဘူး။ဒီနေ့ကတော့ရှောင်လွှဲလို့မရတော့ဘူးနဲ့တူပါရဲ့။
အတန်းရှေ့ကမောင်ကအရင်စကားစလာခဲ့သည်။
"ဘယ်လိုလဲ အတွဲမရသေးဘူးလားမင်းငါ့ကိုမနိုင်ပါဘူးသုထက်ဦး"
မောင်ပြောတာမှန်ပါတယ်မောင့်ကိုချစ်နေသမျှတော့မောင့်ကိုရှုံးနေဦးမှာပါပဲမောင်ရယ်။
ဒါပေမဲ့သုထက်ဦးဆိုတဲ့ငါကအရှုံးကိုမောင်မြင်အောင်မဖော်ပြပါဘူး။အဲ့ဒါတော့‌စိတ်ချလိုက် မောင်။
"တော်စမ်းပါကွာငါကစိတ်ရှုပ်မခံနိုင်လို့မရှာတာ"
ကျွန်တော်ပြောပြီးထွက်သွားဖို့ပြင်တော့မောင်ကရှေ့ကကာပြီး
"ထွက်ပြေးမလို့လား ဘယ်ရမလဲအရှုံးကို၀န်ခံရမှာပေါ့"
"ငါ့ကိုလွှတ်ထက်ဦးမောင် မင်းကိုအနိုင်ရဖို့တစ်ခုအတွက်နဲ့တော့ငါ့အချစ်တွေကိုမဖြုန်းတော့ဘူး"
"မင်း  မင်းပြောချင်တာက...."
"ပြောချင်တာက ငါတစ်ကယ်ချစ်ရမဲ့သူကိုတွေ့နေပြီ"
"ဘာ မင်း ဘာပြောလိုက်တယ်"
"ကြားတဲ့အတိုင်းပဲ"
ကျွန်တော်ပြောပြီးသူ့ကိုကျော်ကာထွက်လာလိုက်သည်။အခန်းထဲမ၀င်ခင်မှာပင်နောက်ကအားနဲ့ဆွဲတာခံလိုက်ရပြန်သည်။
"ထက်ဦးမောင်!! မင်းလွှတ်စမ်း"
"အဲ့တာ ဘယ်သူလဲ ပြောပြရင်လွှတ်ပေးမယ်"
"မင်းသိစရာအကြောင်းမရှိဘူးထက်ဦးမောင်"
ဟုတ်တယ်လေ ကျွန်တော်ချစ်တာသူဆိုတာ
သိဖို့မလိုအပ်ဘူးမဟုတ်လား။ကျွန်‌ေတာ့်ကိုချစ်ဖို့ဝေးစွအမြင်‌ေတာင်မကြည်တဲ့သူကသိသွားရင်ကျွန်တော်သူ့ကိုမျက်နှာခြင်းတောင်မဆိုင်ရဲလောက်ဘူး။ကျွန်တော်သူဆွဲထားတဲ့လက်ထဲကကျောပိုးအိတ်ကိုအားနဲ့ပြန်ဆွဲပြီး
အခန်းထဲ၀င်လာလိုက်သည်။ပြုတ်ကျကျန်ခဲ့တဲ့ဒိုင်ယာရီစာအုပ်လေးကိုတော့မမြင်မိခဲ့။။
မောင်နဲ့ကျွန်တော်ထိုနေ့ပြီးထဲကမတွေ့ဖြစ်ခဲ့ပါဘူး။ပုံမှန်အားကစားလုပ်တဲ့နေရာလေးမှာမောင့်ကိုမတွေ့တော့ဘူး။မောင့်အိမ်ကိုသူငယ်ချင်းတွေလာတာလည်းမတွေ့တော့ဘူး။ကျွန်တော်မောင့်ကိုအရမ်းလွမ်းနေတယ်။မောင်ကတော့သူ့ကောင်မလေးနဲ့ရှိနေမယ်ထင်ပါရဲ့။အရင်နေ့ကဘယ်မှာပျောက်သွားလဲမသိတဲ့ဒိုင်ယာရီစာအုပ်ကြောင့်ကျွန်တော်ရင်ထိတ်ခဲ့ရသေးတယ်။မောင်များတွေ့သွားမလားလို့ပေါ့။ဒါပေမဲ့ မောင် တွေ့လည်းကိစ္စမရှိပါ။စာအုပ်ထဲမှာရေးတာမောင့်အကြောင်းဆိုတာသုထက်ဦးဆိုတဲ့ကျွန်တော်ကလွဲပြီးဘယ်သူမှသိမှာမဟုတ်ဘူး။တစ်ခုရှိတာက ဒိုင်ယာရီကကိုးတန်းထဲကရေးတာဆိုတော့မောင်ရိပ်မိသွားမှာစိုးမိတယ်။

ကျွန်တော့် crush ရန်သူလေးWhere stories live. Discover now