ကျွန်တော့် crush ရန်သူလေး အပိုင်း 3

3 1 0
                                    

Unicode

"အား ကျွတ် ကျွတ်"
အမူးမပြေသေးတဲ့ခေါင်းကြောင့်ညည်းတွားမိလိုက်သည်။ဘီယာလေးတစ်ဘူးသောက်တာကိုဒီလောက်ထိမူးသွားရလား။ကိုယ့်ကိုကိုယ်မကျေနပ်ခြင်းများစွာဖြင့်အခန်းကိုကြည့်လိုက်တော့...
"ဟင်"
သူဘယ်ရောက်နေတာလဲ..နှစ်ရက်တာတည်းခဲ့ရတဲ့အခန်းကဒီပုံစံမဟုတ်တာသေချာသည်။ညကသူ့ကိုတွဲထားသူဟာဘယ်သူဆိုတာလဲသူမသိ။ညစ်နေတဲ့ခေါင်းကိုဖိနှိပ်ပြီးအခန်းအပြင်သို့ထွက်လာလိုက်တော့မြင်ရတာကမယုံနိုင်စရာပင်။
အိမ်ပုံစံကအပန်းဖြေအိမ်ပုံစံလို့ထင်ရပြီးလူနဲ့တူတာတစ်ယောက္မှမရှိ။သူဘာဖြစ်သွားတာလဲ ပြန်ပေးဆွဲခံလိုက်ရတာလား?
အဲ့လိုဆိုရင်တောင်ပြန်ပေးဆွဲတဲ့သူကဘာလိုချင်တာလဲ သူမသိ။သေချာတာကတော့သူ့မှာရန်သူမရှိ။ရန်သူလို့သတ်မှတ်ရသူကမောင် သာရှိတာမို့။ဒါပေမဲ့ မောင်ဆိုတဲ့လူကသူ့ကိုဘာလုပ်ဖို့ခေါ်လာရမှာလဲ။
"အဟက်"သုထက် ကြောင်တောင်တောင်အတွေးကြောင့်ရယ်သံတစ်ချို့ထွက်လာခဲ့သည်။
"နိုးပြီလား"
"ဟင်!!"
"ဘာတွေအံ့ဩနေတာလဲနိုးရင်မနက်စာလာစား"
"မင်း!"
ဘုရားရေ သူ့ကိုခေါ်လာတဲ့သူကမောင်တဲ့လား။ဘာတွေဖြစ်ကုန်တာလဲ?သူဘာမှမသိတော့ပါ။နောက်ဆုံးစဉ်းစားမရတဲ့အဆုံးသူသိချင်တဲ့အဖြေဟာတစ်ဦးထဲသောသူဆီမှာသာရှိနိုင်သည်။သူချက်ခြင်းပင်ထမင်းစားခန်းထဲလိုက်သွားလိုက်သည်။
"ထက်ဦးမောင် ငါဘယ်ရောက်နေတာလဲ"
"ပြင်ဦးလွင်"
"ဘာ မင်းငါ့ကိုဒီကိုဘာလို့ခေါ်လာရတာလဲ"
ကျွန်တော့်စကားအဆုံးသူပြုံးသည်။သူ့အပြုံးထဲမှာ'ဒါတောင်မသိဘူးလား'ဆိုတဲ့သဘောမျိုးနှင့်ပြုံးပြီး
"ကျွန်တော်ခင်များကိုခိုးပြေးလာတာ"
"ဘာ!!!"
ကျွန်တော့်ခေါင်းတွေထူပူလာပြီးဘာလုပ်လို့လုပ်ရမှန်းတောင်မသိလောက်အောင်ဖြစ်လာသည်။မောင် ကသူ့ကိုခိုးပြေးလာတာတဲ့။
ဒါပေမဲ့ ဘာလို့လဲ ‌ဘာအကြောင်းကြောင့်လဲ မောင် ဆိုတဲ့လူသားကကျွန်တော့်ကိုဆိုအမြဲရန်စနေခဲ့တာလေ။အခုကျမှ...မောင် ဘာ‌သဘောလဲ။
"မင်း မင်းဘာပြောလိုက်တယ်"
"ကြားတဲ့အတိုင်းပဲ"
"မင်းရူးနေလားထက်ဦးမောင် မင်းရောငါရောကယောက်ျားတွေကွ မင်းနားလည်လား"
"အဲ့တော့!!"
မောင် ဘာဖြစ်ချင်နေတာလဲ။သုထက်ကကြိတ်ချစ်ခဲ့ရသူမို့ဒီအရာတွေရင်ဆိုင်နိုင်အောင်သူကြိုးစားခဲ့ပြီးသား။ဒါပေမဲ့ မောင်ကရင်ဆိုင်နိုင်မှာတဲ့လား။ပြီးတော့မောင်ဘာသဘောနဲ့ဒီလိုလုပ်ရတာလဲသူမသိ။
"မင်း!"
"ငါပြန်မယ်ထက်ဦးမောင်"
"ပြန်လည်းဘာမှမထူးတော့ဘူးသုငယ် ငါအကုန်လုံးကိုအကြောင်းကြားပြီးသား"
"ဟင်"သူလန့်သွားရ၏။မောင် တစ်ကယ်ကြီးသူ့ကိုခိုးပြေးလာတာလား။သူ့ချစ်သူကဘယ်ရောက်သွားလို့လဲ။ပြီးတော့ သူနားကြားမမှားလိုက်တဲ့နာမ်စားလေး..သုငယ်တဲ့။
"မင်းငါ့ကိုမကျေနပ်တာရှိလားထက်ဦးမောင်"
မောင် သုထက်ကိုခိုးပြေးလာတယ်ဆိုတဲ့အချက်ကသူ့အတွက်အခုထိအိပ်မက္မက္နေသလိုပင်။
"အဟင်း မကျေနပ်တာလား"
နှုတ်ခမ်းကိုတစ်ချက်တွန့်ပြီးမှမောင်စကားဆက်လာ၏။
"မရှိပါဘူး ဒီအတိုင်းမင်းအရမ်းချစ်ရပါတယ်ဆိုတဲ့သူနဲ့မရှိစေချင်လို့"
သုထက္မျက္မှောင်ကြုံလိုက်သည်။သူပြောနေတဲ့အဓိပ္ပာယ်ကိုခုထိနားမလည်သေးပါ။
မောင် ထမင်းစားခန်းထဲကနေထထွက်သွားပြီးခဏကြာတော့ပြန်ရောက်လာသည်။လက်ထဲကအရာလေးကိုကြည့်လိုက်တော့သုထက်ဒိုင်ယာရီစာအုပ်လေး။
"မင်း ဒါကိုဘယ်ကရတာလဲ"
"...."
"မင်းငါ့စာအုပ်ကိုဖတ်လိုက်သေးလား"
သုထက်စိုးရိမ်သွားသည်။မောင်ဒီစာအုပ်ကိုဖတ်ပြီးသူ့ကိုချစ်နေတာများသိသွားမလားဆိုတဲ့စိတ်ပင်။ဘယ်လိုပဲမိန်းကလေးတစ်ယောက်ကိုရည်ရွယ်သလိုနဲ့ရေးတယ်ပဲပြေညလေးတစ်ယောက်ကိုရည်ရွယ်သလိုနဲ့ရေးတယ်ပဲပြောကိုးတန်းနှစ်ကစပြီးရေးခဲ့တာမို့သူသိသွားမှာကိုစိုးရိမ်မိခြင်းပင်။
"ဖတ်လိုက်လို့ပဲဒီလိုဖြစ်သွားတာလေ"
"မင်း!!"
"အဲ့ကောင်မလေးကလှိုင်းနဒီလား"
"ဟင်"လှိုင်းနဒီဆိုတာကိုးတန်းတုန်းကသုထက်တွဲခဲ့ဖူးတဲ့သူပင်။ဆယ်တန်းနှစ်အထိတွဲခဲ့ပြီးစာ‌ေမးပွဲမတိုင်ခင်လမ်းခွဲခဲ့သည်။သူ့ဘက်ကလဲမချစ်တာမို့နှစ်ဦးသ‌ေဘာတူလမ်းခွဲပြီးတက္ကသိုလ်မတက်ခင်ပြန်တွေ့ဖြစ်တော့တက်တာခြင်းအတူတူမို့သူနဲ့အတူတွဲဖြစ်တာတွေ‌များသည်။ဒါပေမဲ့နှစ်ယောက်စလုံးသူငယ်ချင်းလိုပဲနေထိုင်သွားလာခဲ့သည်။ဒါကို သူကဘယ်ဘယ်လိုလှိုင်းနဒီကိုထင်သွားတာလဲ သေချာတာကဒိုင်ယာရီထဲကစာကကိုးတန်းကစပါခဲ့လို့သေချာပေါက်သူလို့ထင်မြင်ခဲ့ပုံပင်။
"သူဆိုရင်ရောဘာဖြစ်လဲ"
"အဟင်းဘာမှမဖြစ်ပါဘူး မင်းကငါ့ယော်ျားဖြစ်နေပြီပဲ"
"ဘာ!! မင်းဘာသဘောနဲ့ငါ့ကိုဒီလိုလုပ်တာလဲထက်ဦးမောင်"
"ဘာသဘောမှမဟုတ်ပါဘူး မင်းကြိုက်တဲ့သူနဲ့မညားစေချင်လို့လေရှင်းရှင်းလေးပဲ"
"ဘာ!!"
သုထက္မှာ ဘာ တစ်လုံးသာပြောနိုင်တော့သည်။
ဟုတ်တယ်လေသုထက်ချစ်နေတာက မောင် မောင်ထင်လိုက်တာကတစ်ခြားတစ်ယောက်
သုထက်ရယ်ချင်ပေမဲ့ရီမချရဲ။ကိုယ်ချစ်တဲ့သူကကိုယ့်ကိုခိုးပြေးလာပြီးပြောလိုက်တာကကိုယ်ချစ်တဲ့သူနဲ့မညားအောင်ဆိုပဲ။
ဒါပေမဲ့တစ်ခုတော့ရှိတာပေါ့။မောင်ကသူ့ကိုမချစ်ပဲခိုးပြေးလာတယ်ဆိုထဲက သူ့ကိုသေချာပေါက်နှိပ်စက်ဦးမှာပင်။ဒီလိုတွေးမိတော့သုထက္မျက်နှာညှိုးသွားမိသည်။မောင်ကသူ့ရှေ့မှာတစ်ခြားသူတစ်ယောက်နဲ့ဆက်တွဲနေရင်ရော။ဒီတစ်ခါဆိုသူ‌ဘယ်လိုမှရှောင်ဖယ်လို့ရမှာမဟုတ်။ဒီလိုသာဆိုရင်သူ့နှလုံးသားကခံနိုင်ရည်မရှိတော့ဘူး
သုထက္မျက်နှာညှိုးသွားတာကြည့်ပြီးစိတ်တိုနေသူကတော့ထက်ဦးမောင်ပင်။
ဘာလဲ အခုလေးတင်ခိုးပြေးလာတဲ့သူကိုအဖတ်မလုပ်ပဲပြောလိုက်တဲ့စကားကြောင့်
မျက္နှာညှိုးတာကဘာသဘောလဲ။ထက်ဦးမောင်လက်သီးတင်းတင်းဆုပ်ကာသူ့ရှေ့ကလူကိုကြည့်လိုက်သည်။ထို့နောက် ပုခုံးနှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်ပြီးဒေါသတွေပွင့်ထွက်လာသည်။
"အဟက် ဒါဘာဖြစ်တာလဲသုထက်ဦး ဟင် ခင်များတစ်ဖက်သတ်သဘောကျနေရတဲ့သူနဲ့မညားတော့ဘူးဆိုတာနဲ့မျက်နှာကဘာဖြစ်သွားတာလဲ"
သုထက်အတွေးတွေနဲ့ငိုင်နေတုန်းရုတ်တရက်ပုခုံးကိုဆုပ်ကိုင်ကာပြောလာသူကြောင့်လန့်သွားရသည်။
ဆုပ်ကိုင်ထားတဲ့ပုခုံးနှစ်ဖက်ကနာကျင်မှုကြောင့်ရုန်းနေရင်းမျက်နှာကလဲတစ်ချက္မဲ့သွားသည်။
"အာ့ နာတယ် လွှတ် ငါ့ကိုလွှတ်ထက်ဦးမောင်"
"ခင်များ ကျုပ်မေးတာကိုဖြေလေ ဘာလဲ ရည်းစားနဲ့လမ်းခွဲရမှာမို့လို့ခုလိုပုံဖြစ်နေတာလား ဟင်!"
"မင်း!!"
သုထက်ရုန်းနေရင်းပင်ထက်ဦးမျက်နှာကိုတည့်တည့်စိုက်ကြည့်ပေးလိုက်သည်။
ထို့နောက္မထင်မှတ်စွာပဲစကားလုံးတို့ကအစီအရီထွက်လာခဲ့သည်။
"ဟုတ်တော့ဘာဖြစ်လဲ ထက်ဦးမောင်"
"ဘာ!!!"
ထက်ဦးရဲ့ဘာ ပြောလိုက်တဲ့အသံကအခုလိုတိတ်ဆိတ်နေတဲ့အိမ်ကြီးမှာတစ်အိမ်လုံးကြားရလောက်အောင်ပင်ထိတ်လန့်ဖို့ကောင်းနေသည်။ဒါပေမဲ့သုထက်ကတော့ဒေါသကြောင့်လားမသိလန့်သွားရမဲ့အစားသူ့ဆီကိုပဲတည့်တည့်ကြည့်နေမိသည်။
"အဲ့လိုဖြစ်ဖို့ ကျုပ်ကခွင့်ပြုပေးမယ်ထင်လား
ခင်များကအခုကျုပ်လင်ဖြစ်နေပြီ။အဲ့‌ေတာ့ခင်များမှာကျုပ်ပြောတဲ့စကားကိုနားထောင်ရမယ်"
ထက်ဦးမောင် ပြောပြီးလက်တို့ကိုပုခုံးမှဖယ်လိုက်ပြီးမီးဖိုထဲမှထွက်သွားလေသည်။
သုထက်အနားမှာရှိတဲ့ခုံပေါ်သို့အားပျက်စွာထိုင်လိုက္မိသည်။
သုထက်စိတ်ထဲမှာတော့ပျော်ရွှင်ခြင်းနဲ့နာကျင်ခြင်းကအချိုးကျစွာဖြစ်တည်နေတာကြောင့်ဘာကိုမှမဆုံးဖြတ်နိုင်တော့ပေ။
သုထက်ရဲ့ဒိုင်ယာရီလေးတစ်အုပ်ကြောင့်မောင်ကသူ့ကိုခိုးပြေးလာခဲ့သည်တဲ့လား။
ဒါဟာပျော်ရွှင်ရမဲ့အချက်လေ။ဒါပေမဲ့ မောင်ကမှသူ့ကိုမချစ်တာ။ဒါကအရာအားလုံးထက်ပိုအရေးကြီးတဲ့အချက်။သုထက်အတွက်အရေးအကြီးဆုံးအချက်။
တွေအဆုံးမှာဖြူနုနေသောပါးပြင်ပေါ်သို့မျက်ရည်စက်လေးတစ်စက်စီးဆင်းသွားလေသည်။သေချာတာကဒီမျက်ရည်ဟာသုထက်အတွက်ပျော်လို့ကျတဲ့မျက်ရည်မဟုတ်တာပင်။သေချာတာကတော့သူထွက်ပြေးမှာမဟုတ်။

ကျွန်တော့် crush ရန်သူလေးWhere stories live. Discover now