ကျွန်တော့crush ရန်သူလေး အပိုင်း 4

3 1 0
                                    

Unicode

သုထက်ဦးခေါင်းလေးငုံ့ကာလက်သီးတင်းတင်းဆုပ်ထားခဲ့ပေမဲ့လက်ဖဝါးမှာတော့ချွေးပျံနေခဲ့သည်။မနက်က မောင် ထွက်သွားပြီးထဲကဘယ်ရောက်သွားမှန်းမသိပေမဲ့ပြန်လာပြီးပြောခဲ့တာက
"ငါ ဖေဖေတို့ကိုရော မင်းမိဘတွေကိုရောအကြောင်းကြားလိုက်ပြီ"တဲ့
ပြောပြီးနာရီပိုင်းကြာတော့သူတို့ဆီကိုနှစ်ဖက်မိဘတွေဒေါသတကြီးရောက်လာခဲ့ကြသည်။
မောင့် တွေကဘာမှမဖြစ်ပေမဲ့ဖေဖေကတော့ဒေါသအကြီးအကျယ်ထွက်ကာမျက်နှာကြီးနီရဲနေသည်အထိပင်။
"သုထက်ဦး မင်းယောက်ျားမဟုတ်ဘူးလား မင်းတို့ဘာသာဘာဖြစ်ဖြစ်ငါဂရုမစိုက်ဘူး ဒီလိုတွေဖြစ်လို့လဲမင်းဗိုက်ကြီးမသွားဘူး အဲ့တော့ဒီကိစ္စကိုမဖြစ်ခဲ့သလိုသဘောထားလိုက် ပြီးရင်ဖေဖေတို့နဲ့ပြန်လိုက်ပြီးကျောင်းဆက်တက် ဒါပဲ!"
"ဦးလေး ဒီလိုတစ်ဖက်သတ်မပြောပါနဲ့ ယောက်ျားလေးဖြစ်လို့ဗိုက္မကြီးတာနဲ့ပဲဒီကိစ္စကမဖြစ်ခဲ့တာမှမဟုတ်တာအဲ့တာကြောင့်သူ့ကိုကျွန်တော်တာ၀န်ယူမယ်"
"ဘာ!! မင်းဘာပြောလိုက်တယ် မင်းတို့ကယောက်ျားလေးတွေဆိုတာရောနားလည်ရဲ့လား"
"ကဲ စိတ်ကိုအေးအေးထားပါဦးရှင် ဘယ်လိုပဲယောက်ျားလေးဖြစ်နေပါစေ ဒီလိုကိစ္စဆိုတာကဖြစ်ပြီးတာနဲ့ပြီးသွားမဲ့ကိစ္စမှမဟုတ်တာ ပြီးတော့ သားတို့မယူဖြစ်ကြလို့တစ်ခြားသူ
တစ်‌ေယာက်နဲ့ယူရင်တောင်ဒီကိစ္စကြောင့်အပြစ်မကင်းဖြစ်နေမှာတော့အမှန်ပဲမဟုတ်လားရှင်"
ထက်ဦးမောင်မေမေရဲ့ဖြေရှင်းချက်ကြောင့်ဖေဖေတိတ်သွားခဲ့ပေမဲ့မကျေနပ်သေးတာတော့ပြောစရာမလိုပါပင်။
"ဟုတ်တာပဲ ထားရယ် တော့လေသားတို့ကိုလူသိရှင်ကြားကိုပေးစားဦးမှာ"
"ခင်!!"
သုထက္မေမေအပြောကြောင့်ဖေဖေကတော့မခံမရပ်နိုင်စွာပင်မေမေ့ကိုအော်လိုက်လေသည်။ဒါပေမဲ့ဒီလိုဖြစ်စရာလား မေမေဆိုတာဖေဖေ့ကိုငယ်နိုင်လိုပင်။ရန်သူနဲ့တောင်အိမ်ချင်းကပ်ရပ်နေနိုင်အောင်ပြောနိုင်ခဲ့တဲ့မေမေမဟုတ်လား။
"‌တော်ဝောာ့ကိုဦး ခင်တစ်ခါပဲပြောမယ်"
"ဟုတ်ပါတယ် ဒါနဲ့ထားသားလေးကတာ၀န်ယူမယ်ဆိုတော့ခင့်သားလေးသဘောကရော"
"အို ပြောစရာလိုလို့လားထားရယ် သားလေးသုထက်ကလိမ္မာပါတယ် သူ့မိဘတွေကိုတော့အရှက်ကွဲအောင်မလုပ်ပါဘူး ဟုတ်တယ်နော် သားသု"
"ဗျာ ဟုတ် ဟုတ်ပါတယ်"
မေကြောင့်သုတက်အယောင်ယောင်အမှားမှားဖြစ်သွားရသည်။တစ်ကယ်ဆိုသူနဲ့မောင်ကဘာမှဖြစ်ခဲ့တာမှမဟုတ်တာ။ထူးဆန်းနေတာကမောင်။ ဘာလို့သုထက်ကိုယူမယ်ဆိုတဲ့စကားထွက်လာလည်းစဉ်းစားမရ။ဒါမှမဟုတ် မောင်တစ်ကယ်ပဲအမြင်ကတ်လို့လုပ်နေတာလား။သုထက္မိန်းကလေးတစ်ယောက်နဲ့ယူမှာကိုတားဆီးဖို့များသူ့ဘ၀ကိုအဆုံးရှုံးခံပြီးလုပ်နေစရာလိုလို့လား။သုထက္မတွေးတတ်တော့။
"မေမေ ဒါဆိုမေမေတို့ပြန်ပြီးလက်ထပ်ဖို့အရင်လုပ်ထားနှင့် သားဒီမှာနှစ်ရက်လောက်နေပြီးရင် ပြန်ခဲ့မယ်"
"အေးအေး သား မေမေတို့ပြင်ထားလိုက်မယ်ငါ့သားစိတ်ချ"
နှစ်ဖက်အမေများကအဆင်ပြေနေပြီမို့ဒီကိစ္စကသေချာပေါက်ဖြစ်လာတော့မှာအမှန်ပင်။သုထက်ပျော်ရတော့မှာလား?
ဒါပေမဲ့ သုထက္မောင်နဲ့ရှင်းရဦးမှာတွေအများကြီးရှိသေးတာမို့စိတ်ချလက်ချမပျော်နိုင်သေး။ထိုအချိန်တွင်တစ်ချိန်လုံးငြိမ်နေတဲ့
မောင့်ဖေဖေက..
"ထက်ဦးမောင် မင်းဒီကိစ္စကသေချာပါတယ်နော်မင်း ပေါ့ပျက်ပျက်လုပ်လို့မရဘူးဆိုတာသိတယ်မဟုတ်လား ပြီးတော့သားသုထက်ကမင်းအရင်တွဲခဲ့တဲ့ကောင်မလေးတွေလိုပျင်းတာနဲ့ထားခဲ့လို့ရမဲ့သူမဟုတ်ဘူးနော်"
"ကျွန်တော် သေချာပါတယ်ဖေဖေ အဲ့လိုဘယ်တော့မှဖြစ်မလာစေရပါဘူး"
တွေအဆုံးကျွန်တော့်နှလုံးသားလေးအရည်ပျော်သွားပြန်ပါပြီ။မောင်ဟာစကားလေးတစ်ခွန်းနဲ့တင်ကျွန်တော့်ကိုညှို့ယူနိုင်စွမ်းရှိတဲ့သူပါ။အခုအချိန်မှာကျွန်တော်တစ်ခြားဘာကိုမှမတွေးမိဘူး။မောင် ပြောခဲ့တဲ့ကျွန်တော်ချစ်တဲ့သူနဲ့အတူမနေရအောင်ဆိုတဲ့စကားတွေ။ကျွန်တော့်ရှေ့မှာတွဲပြခဲ့တဲ့ရည်းစားတွေ။ဘာဆိုဘာမှသုထက္မစဉ်းစားနိုင်ခဲ့ပါဘူး။အခုကတိစကားနဲ့တင်ကျွန်တော့်အပေါ်ပြောခဲ့သမျှကအမှုန်အမွှားသာရှိ‌တော့သည်။မမြင်ရပေမဲ့ရှိနေခဲ့သေးတာပေါ့။
---------------------------------------------------------
‌နှစ်ဖက္မိဘတွေပြန်သွားချိန်မှာသုထက်ကပင်တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်လေသည်။

ကျွန်တော့် crush ရန်သူလေးWhere stories live. Discover now