ကျွန်တော့် crushရန်သူလေး အပိုင်း 5 Final

4 1 0
                                    

Unicode

ကျွန်တော့ဖုန်းလေးထဲက vaultကိုဖွင့်ပြီး
မောင့်ကို ပေးလိုက်တော့ မောင်ကကြောင်တောင်တောင်လေးမော့ကြည့်လာ
သည်။
စူးရှတဲ့မျက်လုံးမှာမျက်ရည်တို့ကစိုစွတ်နေဆဲ။ငိုထားခဲ့တဲ့ မျက်လုံးတွေကနီရဲနေပေမဲ့ ချောမောနေဆဲပင်။
ဘာလဲဆိုတဲ့သဘောနဲ့ကြည့်လာတဲ့မောင့်ကြောင့်
"passward ကငါအချစ်ရဆုံးသူရဲ့မွေးနေ့"
ပြောပြီးဖုန်းကိုပေးလိုက်တော့ယူလေသည်။ထို့နောက်သူထင်တဲ့သူတွေကဲ့မွေးနေ့တိာင်းကိုလိုက်နှိပ်နေခဲ့သည်။မောင်က သုထက်တွဲခဲ့တဲ့ကောင်မလေးတွေကဲ့ မွေးနေ့ကိုတောင်မှတ်မိခဲ့တာလား။သုထက်ခံစားနေရတာက အခုအချိန်မှာ၀မ်းနည်းမှုဆိုတာဘာလဲလို့ မေးမိလောက်တဲ့အထိ။

ဖွင့်မရလို့ထင်သည် မောင့် မျက်ခုံးတွေကျုံ့လာခဲ့သည်။အရူးလေး မောင် ကသူ့ကိုသူတော့ မထင်ခဲ့မိဘူးပဲ။
အဲ့လောက်ထိသုထက်သရုပ်ဆောင်ကောင်းခဲ့တာလားလို့တွေးမိတော့ နှုတ်ခမ်းတွေကကွေးတက်သွားခဲ့သည်။အဖြေမသိတဲ့မောင့်ကို သုထက်ကပဲ သဲလွန်စပေးရတော့မယ် မဟုတ်ရင်မောင် ဖွင့်မရတာနဲ့ စိတ်တိုတော့မယ်မဟုတ်လား။သုထက်သိပါသည် မောင် က သုထက်ချစ်တဲ့သူကို သူမသိခဲ့တာလားဆိုတဲ့အတွေးနဲ့၀မ်းနည်းနေတော့မဲ့သူကို။

"0.001%"
ကျွန်တော်ပြောတော့ မယုံနိုင်တဲ့မျက်၀န်းတွေနဲ့ မော့ကြည့်လာခဲ့သည်။မယုံနိုင်မှုတွေနဲ့ လက်တွေတောင်တုန်နေခဲ့တဲ့မောင်က
သူ့မွေးနေ့ကိုနှိပ်လိုက်တော့ ပွင့်သွားတဲ့vaultကိုကြည့်ရင်း မျက်ရည်တွေ ကျလာလေသည်။
"ဟေး မောင် မငိုရဘူးလေကွာ"
"သုငယ် မောင် .. မောင့်ကိုချစ်ခဲ့တာလားဟင်"
"သိချင်ရင်ကြည့်လိုက်လေ"
သုထက္ဖုန်းကိုမျက်ခုံးတစ်ချက်ပင့်ပြ လိုက်တော့ photoထဲကိုနှိပ်ကြည့်နေတဲ့မောင်ဟာ သူ့ပုံများစွာကိုတွေ့နေရသည့်တိုင် မယုံကြည်နိုင်သေးပုံပင်
"ဒါ ဒါတွေက..."
"ဟုတ်တယ် မောင် ငါ မောင့်ကိုချစ်လာတာ ကိုးတန်းထဲကပဲ မောင် မသိအောင်လျှို့ဝှက်ထားနိုင်ခဲ့တာ ငါတစ်ကယ်တော်တာပဲ နော် မောင်"
ပြုံးစစနဲ့ပြောလိုက်တော့သုထက်ကိုအတင်းဆွဲဖက်ပြီးငိုနေတာလည်းမရပ်ခဲ့ပါ။
"မောင်လေ မောင် အခုထိမယုံနိုင်သေးဘူး သုငယ်ရယ် မောင် ဒိုင်ယာရီကိုတွေ့တော့ သုငယ်ကိုဆုံးရှုံးလိုက်ရပြီလို့ပဲထင်ခဲ့မိတာ"
"အဟင်း မောင်ကလဲတစ်ကယ်ဟန်ဆောင်ကောင်းတယ်နော် ငါ့မှာတော့ မောင် ကောင်မလေးတစ်ယောက်နဲ့တွဲတိုင်းရင်နာနေရတာ"
"အဟင်း ဒါဆို ဒိုင်ယာရီထဲက ချစ်ဆိုတာကရော"
သူထက်ကိုဖက်ထားရင်းနဲ့ကိုယ်ချင်းခွာပြီး သုထက်ကိုကြည့်ကာမေးလာလေသည်။
"ငါ လည်းမောင့်လိုပဲလေ မဖြစ်သင့်ဘူးဆိုပြီး ငြိမ်နေခဲ့ပေမဲ့ ခံစားချက်တွေကိုထုတ်ဖော်ဖို့နေရာလိုအပ်ခဲ့တယ်လေ အဲ့တော့ဒိုင်ယာရီလေးကိုသက်သေထားပြီး မောင့်ကို ချစ်တဲ့အကြောင်းတွေရေးခဲ့ရတာပေါ့ ဒါပေမဲ့ ဒီကိစ္စကိုတစ်ယောက်ယောက်ကတွေ့သွားခဲ့မှာလည်းစိုးတယ် အဲ့တော့တွေ့သွားခဲ့ရင်တောင် ဘယ်သူမှမရိပ်မိအောင် ဆိုပြီး ချစ်ဆိုတဲ့နာမ်စားလေးထည့်ခဲ့တာပေါ့"

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Oct 15, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ကျွန်တော့် crush ရန်သူလေးTempat cerita menjadi hidup. Temukan sekarang