*14* သခင်လေးရုန် ဟုတ်တယ်မလား

12.3K 1.9K 19
                                    

ယင်ကျင်းရဲ့က သူ့ကိုတွေ့ချင်လို့ခေါ်ခိုင်းတယ်ဆိုတာကြားတာနဲ့ ရလည်းအစတည်းကတွေ့ချင်နေတဲ့ ရုန်ယိတစ်ယောက် သူ့အခန်းသူပြန်   ဆေးသောက်  အဝတ်အစားအသန့်တစ်စုံလဲလိုက်ပြီးနောက် ဗိုက်ဝသွားပြီဖြစ်တဲ့ကလေးလေးကိုပါခေါ်ပြီး ပိလော့ခြံဝန်းထဲကို ပြန်သွားတော့သည်။

သူတို့ခြံဝန်းထဲဝင်လာတဲ့အချိန်မှာတော့ ယင်ကျင်းရဲ့က အိပ်ယာပေါ်မှာ လှဲနေတာတွေ့လိုက်ရသည်။

သူ့ဒုတိယအစ်ကိုဖုန်းထဲပုံကအတိုင်း တစ်ထပ်တည်းဖြစ်နေတဲ့ တူညီတဲ့ပုံစံ  ၊  တူညီတဲ့ဝတ်စုံ  ၊ တူညီတဲ့ရှုထောင့်ကနေတွေ့လိုက်ရတဲ့အခါ ရုန်ယိ သတိလက်လွတ်ငေးကြည့်မိသွား၏။

"မင်းက ကောင်းချီးဆယ်ဖြာဆိုင်မှာတွေ့ခဲ့တဲ့ ကျင့်ကြံသူမလား..။ မင်း ဒီကို......." ရှင်းဟယ်တစ်ယောက် ရုန်ယိကိုတွေ့လိုက်တဲ့အခါ အံ့သြသွားသည်။

ဒါပေမဲ့ ရုန်ယိရဲ့ဗိုက်ကိုမြင်လိုက်တဲ့အခါမှာတော့ သူ့စကားကိုချက်ချင်းပြောင်းပြောလိုက်တော့သည်။
" မင်းက သခင်လေးရုန် ဟုတ်တယ်မလား.."

ရုန်ယိခေါင်းငြိမ့်ပြလိုက်ပြီးနောက် ယင်ကျင်းရဲ့က ဘာအမူအရာမှမပြတာ သတိပြုမိလိုက်သည်။ ကြည့်ရတာတော့ ယင်ကျင်းရဲ့က သူ့နာမည် ၊ သူ့ဗိုက်နဲ့ သူ့ရုပ်ရည်ကိုကြည့်ပြီး သူဘယ်သူမှန်း သိပြီးသားဖြစ်လိမ့်မည်။ ဒါကြောင့်သာ သူဒီလောက်တည်ငြိမ်နေတာဖြစ်မည်..။

ရှင်းဟယ်ကတော့ ရုန်ယိတစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည်ကို ကြည့်နေသည်။

ရုန်ဟွမ်က ယင်ကျင်းရဲ့ကို မိတ်ဆက်ပေးလိုက်၏။
"သခင် ဒါကသခင့်ရဲ့လက်တွဲဖော် သခင်လေးရုန် နဲ့ သခင့်ရဲ့သားငယ် ယင်ထောင် တို့ပါ"

သူကအောက်ကိုထိုင်ချလိုက်ပြီး ကလေးလေးကိုပြောလိုက်သည်။
"သခင်ငယ်လေး..အမြဲတမ်း သခင်ငယ်လေးရဲ့အဖေကိုတွေ့ချင်ခဲ့တာမလား..။ သူက သခင်ငယ်လေးရဲ့ အဖေလေ။ အဖေလို့ခေါ်လိုက်ပါဦး.."

ယင်ထောင် စကားပြောတတ်စအရွယ်ထဲက သူတို့က သူ့အရှေ့မှာ ယင်ကျင်းရဲ့ အကြောင်းကိုအမြဲတမ်းပြောခဲ့ကြသည်။ ဒါကြောင့် ကလေးက သူ့အဖေကိုတွေ့ချင်နေခဲ့တာဖြစ်၏။ သူက သုံးနှစ်ဘဲ ရှိသေးပေမဲ့ သူ့ရဲ့အဖေဖြစ်သူက သူ့ကို သိပ်ဂရုမစိုက်ဘူးဆိုတာ ခံစားနိုင်သေးသည်။ ဒါကြောင့် သူကမသိလိုက်ဘဲ ရုန်ယိဘေးကိုသာ ပိုတိုးကပ်လိုက်မိ၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now