Four

1.7K 278 113
                                    

Unicode
_________

ကြည်လင်သော နှင်းရည်ဥလေး များသည် နန်းဆောင်၏ တံစက်မြိတ်တွင် ခေတ္တတာမျှ ခိုတွဲပြီးနောက် မြေပြင်ပေါ်သို့ ဖျောက်ကနဲ စီးကျနေသည်။နန်းဆောင်ထဲရှိ ကျောက်မီးဖိုမှ မီးခိုးငွေ့တန်းများက အေးချမ်းလှသော ပတ်ဝန်းကျင်ကို ဖောက်ထွက်ကာ အထက်ကောင်းကင်ယံသို့ ဝေ့ပျံလျက်ရှိသည်။

ထိုမီးခိုးများကို ဖြစ်စေသူကတော့ နန်းဆောင်ထဲတွင် အလုပ်ရှုပ်လျက်ရှိသည်။သူ၏ သွယ်လျသော လက်ချောင်းများက ထိုမီးခိုးငွေ့များကြားတွင် သွက်လက်စွာ လှုပ်ရှားနေကြ၏။

ေရှးဦးစွာ မြေအိုးထဲမှ အခြောက်ခံထားသော ဆေးရွက်အချို့ကို ပန်းကန်လုံးထဲသို့ ဦးစွာထည့်သည်။ထို့နောက် ပွက်ပွက်ဆူလာသော ​ေရနွေးပူတို့ကို လောင်းချလိုက်သည်။ထိုအခါ ပန်းကန်ထဲက ဆေးရွက်ခြောက်များသည် ရေနွေး၏ အပူကြောင့် လိပ်နေသောအရွက်များက ပြန့်ကားသွား၏။

နဂိုမူလအတိုင်း စိမ်းစိုလာပြီးသည့်နောက်တွင် သင်းပျံ့သော ရနံ့က သူ့နှုတ်ခေါင်းဝသို့ ကလူကျီစယ်လာသည်။ နွေဦးအစကတည်းက ရှာဖွေသိမ်းဆည်းထားသော ပျားရည်အိုးအဖုံးကို ဖွင့်ပြီး ထိုဆေးရွက်ပန်းကန်လုံးထဲသို့ တစ်ဇွန်းထည့်လိုက်ကာ ကြေးဇွန်းတစ်ချောင်းဖြင့် မွှေလိုက်သည်။

"ပြည့် စုံ သွား ပြီ"

တစ်ကိုယ်တည်း ခပ်တိုးတိုးဆိုပြီးနောက် တစ်ဇွန်းခပ်ကာ အနံ့အရသာကို မြည်းစမ်းကြည့်သည်။ထို့နောက် ထိုဆေးပန်းကန်လုံးကို ကိုင်ကာ ကုတင်ဘေးနားသို့ ခြေသံဖွဖွဖြင့် လျှောက်လာပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။

"ဆော့ဂျင်..."

ကုတင်ပေါ်က သားမွှေးစောင်ပုံထဲတွင် အိပ်နေသူက နိုးမလာသေး။မျက်ခံွတွေက မို့အစ်နေကာ နှုတ်ခမ်းလေးတွေ ထူရဲနေသည်။လျှောကျနေသော အကျီအောက်က ပခုံးသားပေါ်တွင် အနီရောင် အကွက်တွေက ဆေးခြယ်ထားသည့် ပန်းချီကားတစ်ချပ်နှယ်။ထိုအရာအားလုံး၏ ပဲ့ကိုင်ရှင်သည် မိမိသာလျှင်ဖြစ်သည်။ကြည်လင်နေသော မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်တွေ စို့လာအောင်အထိ နင့်နဲသော ခံစားချက်များကို သူ ေပးအပ်ခဲ့မိသည်။

THE LEGEND OF SHANGRI-LA [ SEASON 2] JINKOOKWhere stories live. Discover now