Ten

1K 152 82
                                    

Unicode
_________

အမှောင်မိုက်ဆုံးည သို့မဟုတ် လကွယ်ည။

မဟူရာရောင် အတိပြီးသော ကောင်းကင်ယံတွင် ကြယ်များသည်လည်း ပုန်းလျှိုးပျောက်ကွယ်နေကြသည်။ ကြယ်ရောင်ရေးရေးမျှပင် မထင်သော လကွယ်ညတွင် ကညင်ဆီမီးတိုင်၏ အလင်းရောင်ကို အားကိုးကာ တိတ်တဆိတ်စုဝေးနေသော လူသုံးဦး။

"ဒါက အရှင့် နန်းဆောင်ထဲက အပင်တွေ အကုန်ပါပဲ"

တန်းစီချထားသော ကျောက်ပန်းအိုးထဲမှ အပင်များကို ကြည့်ကာ လီယန်က ပြောလိုက်ခြင်း ဖြစ်သည်။ ဆော့ဂျင်လက်နှင့် ပြုစုပျိုးထောင်
ထားသော အပင်ကလေးများက ဘာအကြောင်းကြောင့် သံသယရှိစရာ ပစ်မှတ်များဖြစ်နေသည်ကို လီယန်ရော ဂျောင်ကုပါ ဘဝင်မကျလှ။

"သွေးတွေ လောင်းလိုက်တော့"

အဘိုးကြီး လော့ဆန်၏ စကားအတိုင်း ထိုအပင်များအပေါ်သို့ ခွက်ထဲက သွေးတစ်ချို့ကို လီယန် လောင်းချလိုက်သည်။

အကြောင်းတစ်စုံတစ်ရာကို မသိရသေးသော်လည်း ဆော့ဂျင်စိုက်ပျိုးထားသည့် အပင်များဖြစ်နေသည်မို့ ယခုလို စမ်းသပ်ခြင်းအပေါ် ဂျောင်ကု သဘောမကျ။

အတန်ကြာသည်အထိ မည်သို့မျှ ထူးခြားမလာခြင်းအပေါ် ဂျောင်ကု အလိုမကျစွာမျက်မှောင်ကြုတ်မိသည်။

"အဘိုး...ဒီအပင်တွေက ကြင်ယာတော် စိုက်ထားတဲ့ အပင်တွေပါ..ဘာလို့များ.."

သူ့စကား မဆုံးခင်မှာပင် ဆိုးရွားစွာ ထွက်ပေါ်လာသည့် ညှီစို့စို့အပုပ်နံ့ဆိုးကြီးကြောင့် ပျို့အန်မတတ်ဖြစ်သွားသည်။

ထိုအညှီအပုပ်နံ့များက သုံးအိုးမြောက် ကျောက်ပန်းအိုးမှ သုံးထောင့်ပုံ အရွက်ချွန်ချွန်များ ရှိသည့် အပင်မှဖြစ်သည်။ အဘိုးကြီးလော့ဆန်က ထိုအပင်နားသို့ တိုးကပ်သွားကာ ကြွေခွက်ထဲက သွေးအားလုံးကို လောင်းချလိုက်တော့သည်။

ထိုအခါ လောင်းချလိုက်သော သွေးများသည်ထူးဆန်းစွာပင် တစ်စက်ပင်မကျန်အောင် ကွယ်ပျောက်သွားသည်။ အမှန်စင်စစ်မူ ထိုအပင်၏ ပင်စည်များ အရွက်များက သွေးများကို စုပ်ယူသွားခြင်းဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Feb 20, 2023 ⏰

Add this story to your Library to get notified about new parts!

THE LEGEND OF SHANGRI-LA [ SEASON 2] JINKOOKWhere stories live. Discover now