Five

1.4K 276 65
                                    

Unicode
_________

အဆောင်တော် အတွင်းတွင် လရောင်က မလင်းသာ လင်းသာဖြင့် လက်ကျန်ဖြစ်သော အရောင်အဝါတို့ကို အစွမ်းကုန်ထွန်းလင်းပေးလျက်ရှိသည်။ကတ္တီပါ ကန့်လန့်ကာစကို တစ်ဘက်စီ ချည်သိမ်းထားသောကြောင့် နှင်းရနံ့သင်းသော လေပြည်က အဆောင်အတွင်းသို့ တိုးဝင်နေသည်။

နွေးထွေးသော ညတာရှည်ကို ဖြတ်သန်းပြီးနောက် သူ့ မျက်လုံးတွေ ပွင့်လာသည်။ပထမဦးဆုံး မြင်ကွင်းထဲဝင်လာသည်က ကုတင်ပေါ်တွင် ဘေးတစ်စောင်း ထိုင်ပြီး ခြေအိတ်၊လက်အိတ်များ ဝတ်ဆင်နေသော သူပင်ဖြစ်သည်။

အရှင်သည် နန်းဆောင်မှာ ဝတ်ဆင်လေ့ ရှိသည့် အဆင်တန်ဆာတို့နှင့် ​ကွဲပြားစွာပင် လည်ထောင်အင်္ကျီရှည် အနက်ရောင်ပေါ်တွင် သားရေချပ်ဝတ်ကို ထပ်ထားသည်။ ပခုံး၊ လက်မောင်း၊ ခြေသလုံး စသည့်နေရာများကို သားရေချပ်ဝတ်အနက်ရောင်က ဖုံးအုပ်ထား၏။ ချပ်ဝတ်၏ အတွဲအဆက်နေရာများကိုမူ ရွှေရောင်သတ္တုကွင်းများဖြင့် တန်ဆာဆင်ထားသည်။ ခါးတွင်လည်း ဇာမဏီငှက်ပုံပါသောသားရေခါးပတ်က ကျနစွာ နေရာယူထားသည်။

ဆံပင်ကို နဖူးပေါ်သို့ အပြောင်သိမ်းတင်ထားကာနောက်ဘက်တွင် တစ်ဝက်စုပြီး စည်းနှောင်ထားသည်ဖြစ်ရာ မမှီသော ဆံပင်များက နားထင်ဘေးတွင် လူးလွန့်ကျလျက်ရှိသည်။ နက်မှောင်သော မျက်ခုံးတန်းသွယ်သွယ်၊ ဝိုင်း မယောင်ရှိသော်လည်း တိကျပြတ်သားသည့် ညှို့ဓာတ်ပါသော မျက်ဝန်းအစုံ၊ အဖျားတွင် အနည်းငယ်လုံးသွားဟန် နှာတံဖြောင့်စင်းစင်း၊ တံခါးရွက်ကဲ့သို့ စေ့ပိတ်ထားသည့် နှုတ်ခမ်းလွှာတို့ဖြင့် နုပျိုသော ရုပ်လွှာကို တင့်တယ်ခမ်းနားမှုက ရောစွက်ထားသည်။

"ကြည့်လို့ဝပြီလား...ဆော့ဂျင်"

ရယ်မြူးရိပ်စွက်နေသော အမေးစကားကြောင့် ဆော့ဂျင်၏ နှလုံးသွေးများ ဆူပွက်သွားရသည်။ ခြေအိတ်ဝတ်အပြီးတွင် သူရှိရာသို့ လျှောက်လာကာ မျက်နှာပေါ်သို့ ငုံ့မိုးလာသောကြောင့် နွေးထွေးသွားရသော ဝေဒနာ တစ်ရပ်သည်ကား ဆိုဖွယ်ရာပင်မရှိတော့။ သူ့ နဖူးပေါ်က ဆံပင်တို့ကို ကြင်နာစွာသပ်တင်ပေးရင်း မေးသည်။

THE LEGEND OF SHANGRI-LA [ SEASON 2] JINKOOKWhere stories live. Discover now