Six

1.3K 241 64
                                    

Unicode
_________

"ကန်ဒူက ကုန်အဖွဲ့ရောက်ပါပြီ အရှင်"

အမှုထမ်းတစ်ဦး၏ လျှောက်တင်သံအဆုံးတွင် ခန်းမဆောင်၏ တံခါးနှစ်ချပ်ပွင့်သွားသည်။ ခန်းမထဲတွင် ကုန်သွယ်ရေးအဖွဲ့ဝင်တစ်ချို့က အသီးသီးနေရာယူထားကြသည်။ ထိုသူများသည် လူမျိုးစုတစ်ခုနှင့်တစ်ခု ၏ ကုန်သွယ်ရေး၊ ရောင်းဝယ်ရေးကို တာဝန်ယူထားကြသူများဖြစ်သည်။ အားလုံး၏ အလယ်တွင်ကား ရွှေရောင်မျက်နှာဖုံးကို တပ်ဆင်ပြီး မလှုပ်မယှက်ထိုင်နေသော ရှန်ဂရီလာ၏ အရှင်။ သို့သော် မျက်နှာဖုံးအောက်က မျက်လုံးများသည်ကား ဓားသွား၏ အရိပ်ကဲ့သို့ စူးရှကြည်လင်နေသည်။

"တွေ့ခွင့်ရလို့ ဝမ်းမြောက်မိပါတယ် အရှင်"

ကန်ဒူက ကုန်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက ဟေတန်မျိုးနွယ်စုတို့၏ ဓလေ့အတိုင်း ညာဘက် လက်တစ်ဖက်ကို ဘယ်ဘက်ရင်အုံပေါ်တင်ကာ ခါးကိုညွှတ်ပြီး အရိုအသေပေးသည်။

သူ့ရုပ်သွင်က ထူးခြားသည်။ ကန်ဒူတွေလို မုတ်ဆိတ်ကျင်စွယ်တွေ ရှိမနေ။ မေးရိုးက အနည်းငယ်ကားသောကြောင့် မျက်နှာကျက လေးထောင့်ဆန်ချင်သည်။ ဓားသွားနှစ်ဖက်လို တိကျသော မျက်ခုံးတန်းနှစ်ခု၏ အစွန်းနှစ်ဖက်သည် ေကာ့တက်နေကြသည်။မျက်လွှာချထားသောကြောင့် မျက်လုံးများ၏ အရောင်အဝါ တောက်ပမှုကိုတော့ အကဲခတ်လို့မရ။ကျောလယ်အထိ ရှည်နေသော ဆံပင်များကို အနီနှင့်အနက်ပါသော ကျစ်ဆံကြိုးတစ်ချောင်းနှင့် စုစည်းထားကာ နားတစ်ဖက်တွင်လည်း သတ္တုရောင်စုံကွင်းတစ်ချို့ကို တန်းလန်းဆွဲထားသည်။

"အသင့်နာမည်က ဘယ်သူလဲ"

"ကျွန်ုပ်က ကုန်အဖွဲ့ခေါင်းဆောင် 'အဲနာဟန်' ပါ"

မျက်လုံးချင်း ဆုံမိခိုက်တွင် သူက ကပျာကယာ မျက်လွှာချသွားသည်။ စူးရှနေသည့် သူ့ မျက်လုံးများထဲတွင် ထုတ်ဖော်ရန်ခက်ခဲသော အကြောင်းအရာတစ်ချို့ကို အလွှာပါးပါးလေးနှင့် ဖုံးကွယ်ထားသလိုမျိုး ဂျောင်ကုခံစားရသည်။ သို့သော်လည်း အဓိပ္ပါယ်ကို ဖော်ထုတ်ဖို့မလွယ်ကူလှ။ ဘယ်လိုပင်ဖြစ်ပါစေ 'အဲနာဟန်' ကို ဂျောင်ကု သိပ်​ေတာ့ သဘောမတွေ့လှပါ။

THE LEGEND OF SHANGRI-LA [ SEASON 2] JINKOOKWhere stories live. Discover now