*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား

12.3K 1.9K 28
                                    

ယင်ထောင်က စိမ်းပြာရောင်ဝတ်စုံနဲ့ကောင်လေးရဲ့ ဝတ်စုံကော်လံစကိုဆွဲပြီး အော်လိုက်သည်။
"ငါ့ဟာကပိုကောင်းတာ!!!...စွမ်းအားအကြီးဆုံးဘဲ.."

"မင်းရဲ့မှော်လက်နက်က စွမ်းအားမရှိတဲ့အပြင်ရုပ်ဆိုးသေးတယ်..မင်းငါတို့ကိုရှုံးသွားပြီ..."
ကောင်လေးနှစ်ယောက်က ငါးနှစ်လောက်ရှိပြီး ယင်ထောင်ထက်ခေါင်းတစ်ဝက်လောက်မြင့်ကြပေမဲ့ သူ့လောက်မသန်မာကြပေ။

ရုန်ဟွမ်က သူတို့သခင်ငယ်လေးကို ကောင်လေးနှစ်ယောက်ကနိုင်မယ်လို့မထင်တာကြောင့် ဝင်မစွက်ဖက်ပေ။ တစ်ခြားကောင်လေးနှစ်ယောက်ရဲ့ အစေခံတွေကလည်း သူတို့သခင်လေးတွေကကလေးငယ်လေးကို ဝိုင်းအနိုင်ကျင့်နေတယ်လို့တွေးထားတာကြောင့် ဝင်မတားဘဲ ဘေးကနေသာရပ်ကြည့်နေကြသည်။

ရုန်ယိက ရုန်ဟွမ့်ဘေးကိုသွားပြီးမေးလိုက်သည်။
"သူတို့ဘာလို့တိုက်ခိုက်နေကြတာလဲ..."

"မနေ့က သခင်ငယ်လေးက ကျောင်းတော်ကပေးလိုက်တဲ့တာဝန်ကြောင့် မှော်လက်နက်တစ်ခုသန့်စင်ထုလုပ်ဖို့ အချိန်လေးနာရီလောက်သုံးခဲ့ရတယ်...။ ဒီမနက်အစောပိုင်းမှာ သခင်ငယ်လေးရဲ့ဆရာတူအစ်ကိုနှစ်ယောက်က သူများတွေဆီက မှော်လက်နက်တွေကိုယူလာပြီး သူ့ဟာနဲ့ယှဥ်ကြည့်ကြပြီးတော့ သခင်ငယ်လေးဟာက ရုပ်ဆိုးပြီး အသုံးမဝင်ဘူးလို့ပြောနေကြတာ.."   ရုန်ဟွမ်က ရှင်းပြလိုက်သည်။

"ယင်ထောင်က ငါ့သခင်လေးကို သူများရဲ့မှော်လက်နက်ကိုယူထားတယ်လို့စွပ်စွဲနေတာ  ရှက်ဖို့ကောင်းလိုက်တာ..." ယင်ထောင်ရဲ့ ဆရာတူအစ်ကိုနှစ်ယောက်ထဲကတစ်ယောက်ရဲ့ အစေခံကပြောလာသည်။

ရုန်ဟွမ်က ယင်ထောင်ဆရာတူအစ်ကိုနှစ်ယောက်ရဲ့ အဆင့်၁ မှော်လက်နက်တွေကို အထင်သေးမှုအပြည့်နဲ့ လှမ်းကြည့်လိုက်သည်။  ရှက်စရာကောင်းတယ်!!! အဲ့စကားက အဲ့ကောင်လေးနှစ်ယောက်ကိုသွားပြောရမှာ.. ။
လက်နက်တွေက လူကြီးတစ်ယောက်ရဲ့လက်ရာဖြစ်သည်။ ဘာလို့ဆို ဘယ်ကလေးမှ ဒီလို ပုံသေချာပေါ်နေတဲ့ မှော်လက်နက်ကို မသန့်စင်ထုလုပ်နိုင်သေးပေ။

ယင်ထောင်က လက်နက်သန့်စင်တဲ့နေရာမှာအရမ်းတော်ပြီး ပါရမီရှင်လေးတွေထဲက ပါရမီရှင်တစ်ယောက်ဖြစ်ပေမဲ့လည်း သူက ကလေးတစ်ယောက်သာရှိသေးတာကြောင့် လူကြီးတွေလိုမျိုးတော့လက်နက်ကိုမသန့်စင်နိုင်သေးပေ။ စွမ်းအားကြီးတဲ့ အဆင့်မြင့် အဆင့်၁ မှော်လက်နက်တွေဆိုရင်တော့ပြောနေစရာကိုမလိုပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now