*16* မင်းကဘာသိလို့လဲ

11.7K 2K 12
                                    

လူတိုင်းက ရုန်ယိကိုအံ့အားသင့်စွာ ကြည့်လာ၏။

ယင်ထောင် မှော်လက်နက်သန့်စင်တာကိုစတင်သင်ယူတဲ့အချိန်တုန်းက သူကဂုဏ်ယူစွာနဲ့ ရုန်ယိကိုပြသဖို့ကြိုးစားခဲ့သည်။ ဒါပေမဲ့ရုန်ယိက အထင်မကြီးခဲ့ပေ။ သူကကြည့်တောင်မကြည့်ခဲ့တာကြောင့် ယင်ထောင် တော်တော်လေးမကျေမနပ်ဖြစ်ခဲ့ရ၏။  ဒါက ယင်ထောင်လုပ်တဲ့မှော်လက်နက်ကို ရုန်ယိစိတ်ဝင်စားတာပထမဆုံးအကြိမ်ဖြစ်ပြီးတော့ သူ့သားကိုရင်းနှီးစွာပြုမူလာတာလည်း ပထမဆုံးအကြိမ်ဘဲဖြစ်သည်။

ယင်ထောင်မျက်လုံးလေးတွေတောက်ပသွားရပြီး ရုန်ယိကို မျှော်လင့်တကြီးကြည့်လိုက်၏။ ရုန်ယိက အရင်ကသူ့ကိုအေးစက်စွာဆက်ဆံပြီး တစ်ခါတစ်ရံသူ့ကိုဒေါသထွက်လေ့ရှိပေမဲ့လည်း သူက သူ့ရဲ့အဖေဘဲဖြစ်သည်။ သူ့မိသားစုက သူ့ကိုရင်းနှီးလာစေဖို့ သူအရမ်းမျှော်လင့်နေခဲ့တာဖြစ်၏။

ရုန်ယိမှော်လက်နက်ကိုကောက်ကိုင်လိုက်ပြီးနောက်မေးလိုက်သည်။
"နာမည်ပေးပြီးသွားပြီလား.."

ယင်ထောင် ခေါင်းခါပြလိုက်သည်။
"ဟင့်အင်း.."

မှော်လက်နက်က ဓားနှင့်တူသည်။ ဒါပေမဲ့ ဓားသွားတွေကသပ်သပ်ရပ်ရပ်ညှိမထားသလို ဓားရိုးကလည်း ကြက်လက်သည်းလိုဖြစ်နေသည်။ အကယ်၍ သေသေချာချာသာမကြည့်ဘူးဆိုရင် ဒါကဘာမှန်း ပြောနိုင်မှာမဟုတ်ပေ။

ရုန်ယိ ဓားမျက်နှာပြင်ကိုပုတ်ပြီးပြောလိုက်သည်။
"ဒါကဓားတစ်ချောင်းဘဲ ဟုတ်တယ်မလား.."

ယင်ထောင် ခေါင်းငြိမ့်ပြလိုက်ပြီး ရုန်ယိနားကိုတိုးလာသည်။
"နျန်တဲ့ သား တော်တယ်မလား.."

"ဒါပေါ့.." ရုန်ယိ သူ့ဆံပင်တွေကိုဖွဖွလေးပွတ်ပေးလိုက်ပြီး စိတ်ထဲမှာပြောလိုက်မိ၏။
မင်းသာ ငါ့ကို နျန်တျဲ့လို့မခေါ်ရင် ဒီထက်တောင်ပိုတော်ဦးမယ်......

သူ့နျန်တျဲ့က သူ့ကိုပထမဆုံးအကြိမ် ချီးကျူးလိုက်တာကြောင့် ယင်ထောင် ပျော်ရွှင်စွာနဲ့ တခစ်ခစ်ရယ်လိုက်သည်။

လေ့စိုင့် သူကဆရာတစ်ယောက်ဖြစ်ပေမဲ့ အဖေတစ်ယောက်လောက် အရေးမပါတာကြောင့် မပျော်မရွှင်ဖြစ်သွားရသည်။ သူတပည့်ကသူဘယ်လောက်ဘဲချီးကျူးပါစေ သူ့အဖေဖြစ်သူဆီကချီးကျူးစကားလေးတစ်ခွန်းလောက်တောင် မပျော်သွားပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now