*17* ငါ့ကိုတောင်းဆိုလိုက်

11.9K 1.9K 14
                                    

လေ့စိုင့် စိတ်လှုပ်ရှားစွာနဲ့ရှင်းပြလိုက်သည်။
"ဒီဓားရဲ့အဆင့်ကအတူတူဘဲ ဒါပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအား ၊ ခုခံရေးစွမ်းအားနဲ့ မာကျောမှုကတော့ နှစ်ဆမြင့်သွားပြီးတော့ အဆင့်၁ မှော်လက်နက်တွေထက်တောင် ပိုကောင်းသေးတယ်..."

"ဒါကပိုပြီး စွမ်းအားကြီးသွားတာလား!..." ရုန်စုနဲ့ ရုန်ဟွမ်တို့ နှစ်ယောက်လုံး အံ့သြသွား၏။

ဘာမှမရှိတဲ့ဓားပေါ်မှာ အင်းကွက်လေးနည်းနည်းရေးဆွဲလိုက်ရုံနဲ့ အဆင့်၁ မှော်လက်နက်တွေထက်တောင် စွမ်းအားကြီးသွားအောင် ရုန်ယိလုပ်ပြလိုက်တာက တစ်ကယ့်ကိုအံ့အားသင့်ဖွယ်ဘဲဖြစ်သည်။

"မင်း ဓားပေါ်မှာ အင်းကွက်တွေကို ဘယ်လိုရေးထွင်းလိုက်တာလဲ.." လေ့စိုင့် မေးလိုက်သည်။

သူ မှော်လက်နက်တွေပေါ်မှာ အင်းကွက်တွေကို ကိရိယာမျိုးစုံသုံးပြီး ရေးထွင်းဖို့ကြိုးစားခဲ့ပေမယ်ြ အကုန်ကျဆုံးခဲ့ရသည်။ လက်နင်ပေါ်မှာ အင်းကွက်မရေးထွင်းနိုင်ရုံသာမက လက်နက်တွေကိုကျိုးသွားအောင်လုပ်မိတာတွေ လက်နက်ရဲ့ အစွမ်းကိုလျော့သွားစေတာတွေပါဖြစ်သွားစေခဲ့သည်။ ထို့ကြောင့်သူ့မှာ အင်းစာရွက်တွေကိုသာလက်နက်ပေါ်မှာကပ်ပြီး လက်နက်အစွမ်းထက်အောင်လုပ်ရတော့သည်။ ဒါပေမဲ့ အင်းစာရွက်တွေဆိုတာက အကောင်းဆုံးရွေးချယ်မှုတော့မဟုတ်ပေ။ သူတို့တွေက ရေစိုပြီးပြဲနိုင်သလို မီးလည်းလောင်နိုင်သောကြောင့် အတော်ဒုက္ခများစေ၏။ ပြီးတော့လည်းတစ်ခါသာအသုံးပြုနိုင်သည်။ တိုက်ခိုက်နေစဥ် ဘယ်သူကမှ အင်းစာရွက်ကပ်နေဖို့အချိန်မရှိပေ။ ဒါ့အပြင် အင်းစာရွက်တွေက ကပ်ထားတဲ့အခါမှာ ရန်သူတွေက အလွယ်တကူ သတိပြုမိတာခံရနိုင်သည်။ နည်းလမ်းတွေအများကြီးထဲကမှ အင်းစာရွက်ကပ်ဖို့ဆိုတာက ကောင်းမွန်တဲ့နည်းတစ်ခုတော့မဟုတ်ပေ။

"မင်း သိချင်လို့လား.." ရုန်ယိ လေ့စိုင့်ကို ပြုံးပြလိုက်သည်။

သိချင်တာထက်ပိုပြီး လေ့စိုင့်တစ်ယောက် အခုချက်ချင်းကို အဲ့စွမ်းရည်ကိုကျွမ်းကျင်အောင် လေ့လာချင်နေတာဖြစ်၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now